မြောက်ကိုရီးယားစစ်သမီးတို့ကြုံတွေ့နေရတဲ့ ငရဲစခန်းအကြောင်းကို ပြန်ပြောပြခဲ့တဲ့အမျိုးသမီး

shutterstock/By Astrelok

ကမ္ဘာပေါ်မှာ စတုတ္ထမြောက် စစ်အင်အားအကြီးဆုံး နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေတဲ့ မြောက်ကိုရီးယားနိုင်ငံမှာတော့ စစ်ရေးအရ အရေးပေါ်လိုအပ်ပါက အရွယ်ရောက်သည်ဖြစ်စေ မရောက်သေးသည်ဖြစ်စေ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရဖို့ရှိနေတယ်လို့ ထွက်ပြေးတိမ်းရှောင်လာသူ Lee So Yeon က ဆိုပါတယ်။

shutterstock/By Chintung Lee

Yeon ဟာ မြောက်ကိုရီးယားစစ်တပ်မှာ (၁၀)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ရပြီး၊ တပ်အတွင်းမှာ အဓမ္မကျင့်ခြင်း၊ အနိုင်ကျင့်ခြင်းတွေကြောင့် ကြီးမားလှတဲ့ စိတ်ဖိအားတွေ ခံစားကြရပြီး၊ တစ်ချို့ဆို ငယ်ငယ်ရွယ်ရွယ်နဲ့ပင် ဓမ္မတာလာခြင်း ပြီးဆုံးကြတယ်လို့ Yeon က ဆိုပါတယ်။

ဒီလို ဓမ္မတာရပ်သည်အထိ ဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ တပ်တွင်းအနိုင်ကျင့် နှိပ်စက်မှုတွေကြောင့် ရလာတဲ့ စိတ်ဖိအားတင်သာ မကဘဲ၊ ဆိုးဆိုးဝါးဝါ အာဟာရချို့တဲ့ခြင်းကလည်း အခုလို ဖြစ်စေခဲ့တာပါ။ Yeon ဟာ အခုဆို အသက် (၄၁)နှစ် ရှိပြီဖြစ်ပြီး၊ အသက်(၁၇)နှစ်အရွယ်ကတည်းက စေတနာ့ဝန်ထမ်းတပ်သားအဖြစ် စုဆောင်းခံခဲ့ရပါတယ်။

READ
အကသမားကြောင့် အထိတ်တလန့်ဖြစ်ခဲ့တဲ့ အမျိုးသမီးကြီးရဲ့ဗီဒီယို ကြည့်ရှုသူ သန်းချီရှိခဲ့

တပ်အတွင်းမှာ အသုံးအဆောင်ပရိဘောဂလည်း အလွန်ရှားပါပြီး နှင်းတွေစိုရွှဲနေတဲ့ ကောက်ရိုးအိပ်ယာတွေကိုသာ ဆက်တိုက်အသုံးပြုရသလို၊ ရေနွေးနွေးလေးနဲ့ ရေချိုးခွင့်ကို ဘယ်တုန်းကမှ မရခဲ့ဘူးလို့ ဆိုပါတယ်။ အစားအစာသာ ပုံမှန်မစားရပေမယ့်၊ ပြင်းထန်တဲ့စစ်ရေးလေ့ကျင့်မှုတွေကတော့ ပုံမှန်မလုပ်မဖြစ် လုပ်ရတဲ့အရာတွေဖြစ်ပြီး၊ အလွန်ကြောက်စရာကောင်းတယ်လို့ ဆိုပါတယ်။

ကောက်ရိုးအိပ်ယာကိုသာ ထပ်တလဲလဲ အိပ်ရလွန်းလို့ ချွေးနဲ့ရောနေတဲ့ အနံ့အသက်တွေက ဘယ်လိုမှ မကောင်းဘဲ၊ ပုံမှန်မဟုတ်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေခဲ့ပါတယ်။ သူမ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၁၉၉၂ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အတောအတွင်းမှာတော့ အဓမ္မကျင့်တာ မခံခဲ့ရပေမယ့်၊ တစ်ခြားအဖော်တွေကတော့ ခဏခဏ အဓမ္မကျင့်တာကို ခံရတယ်လို့ ဆိုပါတယ်။

shutterstock/By Maxim Tupikov

မြွေနဲ့ ဖားတွေမျောလာလေ့ရှိတဲ့ စမ်းချောင်းရေမှာသာ ချိုးကြရပြီး၊ တပ်ကိုအုပ်ချုပ်တဲ့ အရာရှိကြီးငယ်တွေဟာ တပ်တွင်းကိုရောက်လာတဲ့ စစ်သမီးတွေကို သူတို့နေထိုင်ရာအဆောင်ကိုခေါ်ပြီး အဓမ္မကျင့်လေ့ရှိတဲ့ကိစ္စဟာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတွေဖြစ်ပြီး၊ ဘယ်သူမှလည်းထူးပြီး တွန်းလှန်ဖို့ မကြိုးစားကြဘူးလို့ ဆိုပါတယ်။

Yeon ဟာ တပ်ကြပ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ တောင်ကိုရီးယား-တရုတ်နယ်စပ်မှာ တာဝန်ထမ်းဆောင်နေစဉ် တရုတ်နိုင်ငံအတွင်းကို တူမင်မြစ်ကို ဖြတ်ကူးပြီး ဝင်ရောက်ခိုလှုံခဲ့ပါတယ်။ ယင်းနောက် တောင်ကိုရီးယားကို ပြောင်းရွှေ့ခိုလှုံခွင့်ရရှိခဲ့ပြီး အခုဆို ငြိမ်းချမ်းရာဘဝတစ်ခုကို စတင်နေပါပြီ။

READ
ကားရှေ့ကို အတင်းခုန်ပျံဝင်ပြီး ကားတိုက်ခံရဟန် ဆောင်တဲ့ အရက်သမား

နတ်စည်တော် (Shwemmom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE