မနက်စာရှောင်ပြီး ရေသောက်နည်းလို့ သည်းခြေမှာ ဒုက္ခဖြစ်ခဲ့တဲ့ အမျိုးသမီး

တစ်နေ့တာလုံး အာဟာရပြည့်ဝစွာ လှုပ်ရှားသွားလာနိုင်ဖို့ မနက်စာက အရေးကြီးတယ်ဆိုတာ အားလုံးသိကြပါတယ်။ တရုတ်နိုင်ငံက ၀မ်အမည်ရတဲ့ အမျိုးသမီးတစ်ဦးကတော့ မနက်စာမစားပဲ ရက်ရှည်လများ နေခဲ့တာကြောင့် နောက်ဆုံးမှာ ပြင်းပြင်းထန်ထန် ဗိုက်နာပြီး ဆေးရုံရောက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ အဆိုပါအမျိုးသမီးဟာ ကွေ့ကျိုးပြည်နယ်မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး အသက်(၃၉) နှစ် ရှိပါပြီ။ ဒီဖြစ်ရပ် (၂၁၀၉)ခုနှစ် ဇန်န၀ါရီလအတွင်းမှာ ဖြစ်ပွားခဲ့တာပါ။

Two Eggz

ဝမ်ဟာ လွန်ခဲ့တဲ့ (၆) နှစ်ကတည်းက အစာအိမ်နာရှိခဲ့ပြီး အနာသက်သာဖို့ ဆေးသောက်နေရသူလည်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ မခံမရပ်နိုင်လောက်အောင် ဗိုက်နာလာတဲ့အတွက် ဆေးရုံကို ပြေးလာခဲ့ပါတယ်။ ဆေးစစ်အပြီး သိလိုက်ရတာက ၀မ့်ဆီမှာ သည်းခြေကျောက်တွေ ရှိနေတာကိုပါ။ ခန္ဓာကိုယ်ထဲမှာ ကျောက်တည်တာက မထူးဆန်းပေမယ့် သည်းခြေထဲမှာ ရှိနေတဲ့ ကျောက်အရေအတွက်ကို ဆရာဝန်တွေ တွေ့ရတဲ့အခါမှာတော့ အလွန်အံ့သြသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆို ၀မ်ရဲ့ သည်းခြေအိတ်ထဲမှာ သည်းခြေကျောက် အလုံး(၂,၀၀၀) ကျော် ရှိနေတာကြောင့်ပါ။

Banned Book

အကြီးဆုံး သည်းခြေကျောက်ကြီးက အချင်း(၁) စင်တီမီတာလောက်ရှိပြီး အသေးဆုံးက (၀.၂) စင်တီမီတာလောက် ရှိပါတယ်။ သည်းခြေကျောက်တည်တဲ့ အကြောင်းရင်းက များစွာရှိပေမယ့် ဆရာဝန်တွေရဲ့ လေ့လာကောက်နှုတ်ချက်အရတော့ အခုလို သိရပါတယ်။ လူနာအမျိုးသမီးဝမ်မှာ သမမျှတတဲ့ နေထိုင်စားသောက်ပုံစနစ် မရှိဘူးလို့ ဆရာဝန်တွေက ဆိုပါတယ်။ ၀မ်ဟာ အလုပ်မရှိသူတစ်ဦး ဖြစ်တဲ့အတွက် အိပ်ရာကနေ နောက်ကျမှ ထလေ့ရှိပြီး အမြဲတမ်း မနက်စာကို ရှောင်လေ့ရှိပါတယ်။

READ
လျစ်လျူမရှုထားသင့်တဲ့ လေဖြတ်ခြင်းရဲ့ ရှေ့ပြေး လက္ခဏာများ
ET Today

သူမက အဆီအဆိမ့်များတဲ့ အစားအသောက်တွေနဲ့ ငရုတ်သီးစပ်တဲ့ အစားအသောက်တွေကို နှစ်ခြိုက်သူပါ။ တိရစ္ဆာန်တွေရဲ့ ၀မ်းတွင်းကလီစာတွေကို နှစ်သက်ခုံမင်သူဖြစ်ပါတယ်။ ဒါပေမယ့် သူမက ရေများများသောက်ရတာ မကြိုက်ပါဘူးလို့ ၀မ်က ပြောပြပါတယ်။ ၀မ်ရဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ အင်တာနက်ပေါ်မှာတော့ တအံ့တသြဖြစ်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက မနက်စာလည်း မစား၊ ရေလည်း မသောက်ပဲနေရင် ကြာလာတဲ့အခါ သည်းခြေမှာ ကျောက်တည်နိုင်တယ်ဆိုတာကို လူသိနည်းကြလို့ ဖြစ်ပါတယ်။ ဒါကြောင့် သည်းခြေမှာ ကျောက်တည်နိုင်ခြေကို လျော့နည်းစေဖို့အတွက် ရေများများသောက်ဖို့ လိုတဲ့အပြင် စနစ်ကျတဲ့ စားသောက်နေထိုင်မှုပုံစံကို ကျင့်သုံးသင့်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

Ref: worldofbuzz

SHARE