မိဘတွေနဲ့တူ လယ်ယာလုပ်ငန်းခွင်မှာ ဘွဲ့ဓာတ်ပုံတွေ တကူးတကရိုက်ခဲ့တဲ့ ကောင်မလေး

ကျောင်းသူမလေးတစ်ယောက်ဟာ အသက်(၁၅)နှစ်အရွယ်မှာ ထင်မှတ်မထားဘဲ ကလေးမိခင်ဘဝကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒီအချိန်မှာ သာမန်အားဖြင့် ပညာရေးထက်၊ အနီးစပ်ဆုံးကိုရောက်လာတဲ့ ဘဝရှေ့ရေးကိုသာ ဦးစားပေးရတော့မှာမို့ အများစုဟာ ကျောင်းထွက်ပြီး အလုပ်လုပ်ကြရပါတယ်။

ဒါပေမယ့် Erica Alfaro အတွက်ကတော့ မိဘတွေရဲ့ ဝန်းရံမှုတွေကြောင့် ကျောင်းမထွက်ခဲ့ရဘဲ ပညာရေးဆုံးခန်းတိုင်သည်အထိ ဆက်လက် သင်ယူခွင့်ရရှိခဲ့ပါတယ်။ သူမရဲ့မိဘတွေဟာ ပြေလည်သူတွေ မဟုတ်ကြပါဘူး။ တောင်သူလယ်သမားတွေပါ။

Erica Elfaro/Facebook

Erica ဟာ မိဘတွေရဲ့ထောက်ပံမှုကြောင့် ကောလိပ်ကနေ ဘွဲ့ယူနိုင်ခဲ့သလို၊ မဟာတန်းအထိပါ တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ သူမဟာ မိဘတွေကတောင် အားပေးမပြတ်ဘဲ ထောက်ပံ့နေတာဖြစ်တဲ့အတွက် အကောင်းဆုံးကြိုးစားခဲ့လို့ အခုလို ဂုဏ်သရေရှိတဲ့ ဘွဲ့တွေ ရယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

Erica Elfaro/Facebook
Erica Elfaro/Facebook

Erica ဟာ အခုဆိုရင် အသက်(၂၉)နှစ် ရှိပြီဖြစ်ပြီး၊ မဟာဘွဲ့ကိုတော့ San Diego State University ကနေ ရယူနိုင်ခဲ့တာပါ။ ဒီတက္ကသိုလ်ကတော့ အမေရိကန် ကယ်လီဖိုးနီးယားက အထင်ကရတက္ကသိုလ်ဖြစ်ပါတယ်။ သူမဟာ ဝင့်ကြွားလှတဲ့ဘွဲ့ဝတ်စုံကြီးဝတ်ပြီး မိဘတွေနဲ့အတူ ဓာတ်ပုံတွေ ရိုက်ခဲ့တာပါ။

နောက်မှာက မိဘတွေရဲ့လက်ငုပ်စတော်ဘယ်ရီခင်းကြီးကလည်း စိမ်းလမ်းစိုပြေလို့ နေပါတယ်။ ဒီစတော်ဘယ်ရီခင်းကြီးမှာ မိဘတွေဟာ တစ်ရက်ကို (၁၀)နာရီ အလုပ်ပိတ်ရက်မရှိ နဖူးကချွေး ခြေမကျသည်အထိ ပေးဆပ်လုပ်ကိုင်ခဲ့ရပြီး သမီးဘွဲ့ရဖြစ်ဖို့ ကြိုးစားခဲ့ရတာပါ။

Con mucho cariño le dedico mi Maestría a mis papas. Sus sacrificios de venir a este país para darnos un mejor futuro si…

Posted by Erica A Alfaro on Monday, May 13, 2019

မိဘနှစ်ဦးစလုံးဟာ အခြေခံပညာရေးလောက်သာ သင်ခဲ့ဖူးသူတွေဖြစ်တာကြောင့် Erica ကို ထွန်းပေါက်စေချင်ခဲ့ပါတယ်။ နှစ်ယောက်စလုံးဟာ မက္ကဆီကို၊ Oaxaca ကနေ ပြောင်းရွှေ့လာခဲ့ကြသူတွေဖြစ်ပြီး၊ သမီးကိုတော့ Fresno မှာ မွေးခဲ့တာပါ။

ဒါပေမယ့် မိသားစုလိုက် မက္ကဆီကို Tijuna ကို ပြန်ပြောင်းခဲ့တာကြောင့် နေ့စဉ် နယ်စပ်ဖြတ်ကျော်ပြီး ကျောင်းတက်ခဲ့ရပါတယ်။ Erica ဟာ ငယ်ရွယ်သူတို့ထုံးစံအတိုင်း နှလုံးသားရေးရာကို ဦးစားပေးမိလို့ ချစ်သူအမျိုးသားနဲ့ ကိုယ်ဝန်ရခဲ့ပါတယ်။ ဒါပေမယ့် ကလေးလည်းမွေးပြီးရော ချစ်သူက ပစ်ပြေးပါတော့တယ်။ အဲဒါကလည်း တစ်မျိုးကျေးဇူးတင်စရာ ကောင်းပါတယ်။ အခုဆို သူ့မိဘတွေကို လွတ်လွတ်ကျွတ်ကျွတ် လုပ်ကျွေးနိုင်တော့မှာပါ။

လင်းဇော်ကို (Shwemom)

SHARE