မိန်းမကိုယ်ထဲမှာ မူးယစ်ဆေးတွေ ထည့်သယ်လာတဲ့ အမျိုးသမီးရဲ့ ဟာသဆန်ဆန် ငြင်းဆိုမှု

Ashley Beth Rolland Facebook / West Monroe Police Facebook

အမေရိကန်၊ Louisiana ဇာတိဖွားအမျိုးသမီးငယ်တစ်ယောက်ကို Ouachita Parish Sheriff’s Office က ခိုးမှုနဲ့ပတ်သက်လို့ မသင်္ကာလို့ စစ်ဆေးရာမှာ၊ မိန်းမကိုယ်ထဲမှာ ထည့်သယ်လာတဲ့ မူးယစ်ဆေးနဲ့၊ ငွေကြေးတွေကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသမီးအမည်မှာ Ashley Beth Rolland ဖြစ်ပြီး အသက်(၂၃)နှစ်ပါ။

သူမဟာ တစ်ပတ်လောက် အတူနေခဲ့တဲ့ အမျိုးသားတစ်ယောက်ဆီကနေ ဒေါ်လာ (၅၀၀၀)ကျော် ခိုးယူခဲ့ပြီး၊ အဲဒီကနေ ထွက်ပြေးခဲ့ပါတယ်။ ကာယကံရှင်အမျိုးသားက ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြားခဲ့တာကြောင့် ခိုးမှုကျူးလွန်တဲ့ ဇူလိုင်(၃၁)ရက်နေ့မှာပဲ ဖမ်းဆီးနိုင်ခဲ့တာပါ။ ကာယကံရှင်အမျိုးသားက West Monroe Police ကို ပထမဆုံး သတင်းပေး တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

 

Rolland ကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက် အမျိုးသမီးရဲအရာရှိက အတွင်းကျကျ စစ်ဆေးခဲ့ရာ၊ သူမရဲ့ မိန်းမကိုယ်ထဲကို ဝှက်ပြီး ယူဆောင်လာတဲ့ ငွေသားနဲ့ အခဲပြုလုပ်ထားတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Rolland  က ပိုက်ဆံတွေခိုးတာကို ဝန်ခံခဲ့သော်လည်း၊ မိန်းမကိုယ်ထဲက မူးယစ်ဆေးတွေက သူမရဲ့ဟာတွေ မဟုတ်ဘူး ပြောပါတယ်။

READ
ရှားပါးရောဂါကြောင့် ဦးခေါင်းတစ်ခုလုံး (၉၀)ဒီဂရီအထိစောင်းနေတဲ့ ကောင်မလေး

Rolland  က ဒီအထဲကို မူးယစ်ဆေးတွေ ဘယ်လိုကဘယ်လို ရောက်နေတယ်ဆိုတာ မသိရကြောင်း၊ ပိုက်ဆံကိုတော့ သူမ ခိုးယူခဲ့တာ မှန်ကန်ကြောင်း ပြောခဲ့တာပါ။ တွေ့ရှိခဲ့တဲ့ ငွေသားတွေကတော့ ဒေါ်လာ (၆၂၃၃)ဒေါ်လာ ဖြစ်ပါတယ်။ သူမကို ဒေါ်လာ (၈၀၀၀)နဲ့ အာမခံခွင့်ပြုထားတယ်လို့ သိရပါတယ်။

လင်းသုတ

SHARE