ဝတ်ထားတဲ့ အဝတ်အစားက မလုံခြုံဘူးဆိုပြီး လေယာဉ်ပေါ်က မောင်းချခံခဲ့ရတဲ့ အမျိုးသမီး

Birmingham မှ အသက် ၂၁ နှစ်အရွယ်ရှိ ဗြိတိန်အမျိုးသမီးတစ်ဦးဟာ အခုခေတ်စားနေတဲ့ အင်္ကျီခါးလွတ်လေးကို ဘောင်းဘီရှည်နဲ့ ဝတ်ဆင်ကာ လေယာဉ်ပေါ်တက်ခဲ့တဲ့အတွက် လေကြောင်းလိုင်းမှ ရိုင်းပြစွာဆက်ဆံကာ နှင်ချခံခဲ့ရပါတယ်။

Emily O’connor ဟာ မတ်လ ၂ ရက်နေ့တုန်းက Canary ကျွန်းသို့ အပန်းဖြေခရီးထွက်ဖို့ လေယာဉ်စီးခဲ့ပါတယ်။ သို့ပေမယ့် လေယာဉ်ပေါ်ရောက်တဲ့အချိန်မှာတော့ လေယာဉ်ဝန်ထမ်းတွေမှ သူမရဲ့ဝတ်စားဆင်ယင်ပုံမှာ အခြားခရီးသည်တွေအတွက် စိတ်အနှော်က်အယှက်ဖြစ်စရာတစ်ခုဖြစ်နိုင်ပြီး မသင့်လော်ျဘူးလို့စပြောခဲ့ပါတယ်။ အဲဒီအချိန်မှာ သူမအနား လေယာဉ်ဝန်ထမ်း ၄၊ ၅ ယောက်လောက်ဝိုင်းကာ သူမသယ်လာတဲ့ အိတ်တွေကိုလည်း လေယာဉ်ပေါ်ကနေ ချဖို့အတွက် ကိုင်ထားကြပြီးပါပြီ။

Twitter/ Emily O’Conner

ကောင်းကောင်းမွန်မွန်မပြောဘဲ အပြစ်လုပ်ထားသူသဖွယ် သူမကိုဝန်ထမ်းတွေဝိုင်းထားပြီး မချေမငံဆက်ဆံကာ ရုတ်ရုတ်သဲသဲအခြေအနေကို သူမအားဦးတည်နေခဲ့တဲ့အတွက် လူတွေကြားထဲ အရှက်ကွဲခဲ့ရပါတယ်။ ဒါတွေကြောင့် အသားတွေတုန်တဲအထိ ဒေါသတွေလည်း ထွက်ခဲ့ပါတယ်။

Twitter/ Emily O’Conner

ဒါကြောင့် သူမနဲ့အတူပါလာတဲ့ ညီအစ်မတွေထဲကတစ်ယောက်က ဝတ်ထားတဲ့ ဂျာကင်အင်္ကျီကို ချွတ်ပေးခဲ့ပါတယ်။ ဒါတောင်ဝန်ထမ်းတွေက Emily ဂျာကင်ဝတ်ပြီး ဇစ်မဆွဲမချင်း ရစ်သီရစ်သီလုပ်နေကြပါသေးတယ်။

READ
ကွာရှင်းပြီးနောက် အကြားမြင်ဆေးဆရာနဲ့ချစ်သူဖြစ်နေတဲ့ နော်ဝေတော်ဝင်မင်းသမီး
Twitter/ Emily O’Conner

အပြန်ခရီးစဉ်မှာလည်း Thomas Cook လေကြောင်းလိုင်းနဲ့ပဲ booking ယူပြီးသားမို့ ပြန်စီးခဲ့ပေမယ့် အလာတုန်းကလို ပြဿနာရှာဦးမလားဆိုပြီး အဲဒီအင်္ကျီနဲ့ ဘောင်းဘီကိုပဲ ပြန်ဝတ်သွားပြီး စမ်သပ်ခဲ့ပါတယ်။ အပြန်လေယာဉ်ပေါ်က ဝန်ထမ်းတွေကတော့ ပုံမှန်အတိုင်း အဆင်ပြေပြေ ဖော်ရွေစွာနဲ့ပဲ ဆက်ဆံပြီး ဘယ်သူမှ သူမအင်္ကျီကို သတိတောင်မထားမိကြပါဘူးတဲ့။

Twitter

Emily ဟာ ဖြစ်စဉ်အကြောင်းစုံကိုတော့ ခရီးကပြန်ရောက်တဲ့အခါကျမှပဲ သူမရဲ့ Twitter မှာ တင်ထားခဲ့ပါတယ်။ Twitter မှာ တင်လိုက်တာတောင်မှ Thomas Cook လေကြောင်းလိုင်းမှ ဘာတုန့်ပြန်မှုမှမပြုခဲ့ပါဘူး။ သို့ပေမယ့် Emily ကို ထောက်ခံသူတွေ များလာတဲ့အချိန်ကျမှ သူတို့လေကြောင်းလိုင်း မဂ္ဂဇင်းမှာ ခရီးသည်တွေမလုပ်ရမယ့် အချက်ထဲ မတော်တရော်အဝတ်တွေဝတ်ခြင်းမပြုရဆိုတာ ပါရှိကြောင်းပြောခဲ့ပါတယ်။

Twitter/ Emily O’Conner

သို့သော်လည်း Emily ဝတ်ထားတဲ့ အင်္ကျီမှာ နာမည်ကြီးတံဆိပ်ဖြစ်တဲ့ Zara မှ နွေရာသီအတွက် မနှစ်ကအထူးထုတ်ထားတဲ့ အင်္ကျီဖြစ်ပါတယ်။ နောက်ပြီး မြင်မကောင်းလောက်အောင် ပေါ်ရော်နေတာမျိုးလည်းမဟုတ်ဘဲ အအောက်မှာလည်း ဘောင်းဘီအရှည်အပွကြီးနဲ့ တွဲဝတ်ထားတာကြောင့် အမြင်မရိုင်းလှပါဘူး။

READ
ရှားပါးရောဂါကြောင့် တစ်သက်လုံးကလေးအရွယ်ကနေ တက်မလာခဲ့တဲ့ကောင်မလေး

Emily ရဲ့ အဖြစ်အပျက်ကြောင့် လူတော်တော်များများကတော့ Thomas Cook ကို နောက်နောင် ဘယ်တော့မှ မစိးတော့ဘူးလို့ ဝေဖန်ထားကြပါတယ်။

Twitter/ Emily O’Conner

Source: Daily Mail, Lad Bible

Penny

SHARE