ကမ္ဘာ့ရင်ဖိုစရာအကောင်းဆုံး Roller Coasterကြီးပေါ်မှာ စီးနင်းသူ(၈)ဦးမတော်တဆပိတ်မိခဲ့

The Saw ride လို့ခေါ်တဲ့ ကမ္ဘာ့ကြောက်စရာအကောင်းဆုံး Roller Coaster ကြီး တည်ရှိတဲ့ Thorpe Park ပန်းခြံထဲမှာ
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ခရီးသည်(၈)ဦးဟာ မတော်တဆမှုတစ်ခု ကြုံခဲ့ရပါတယ်။ Thorpe Park ကစားကွင်းဟာ အင်္ဂ
လန်နိုင်ငံ Surrey ပြည်နယ်မှာရှိတဲ့  Chertsey နဲ့ Staines မြို့ကြားမှာတည်ရှိတဲ့ ကမ္ဘာကျော်ကစားကွင်းကြီးဖြစ်ပါတယ်။

ဒါပေမယ့် The Saw Ride လို့ခေါ်တဲ့ Roller Coaster ကြီးကို စီးနင်းခဲ့ကြတဲ့ ဒုတိယတွဲစိုင်းထဲမှာ ခရီးသည်ရှစ်ဦးဟာ ပေ 100 အမြင့် ကုန်းဆင်းကြီးကနေ ဆင်းလာအပြီး မြေပြင်နဲ့ပေ (30) အမြင့်တစ်နေရာမှာ ပိတ်မိနေခဲ့ပြီး ကယ်ဆယ်ရေးအတွက် ပန်းခြံလုပ်သားတွေဟာ (45)မိနစ်ခန့် အသုံးပြုခဲ့ရပါတယ်။

READ
ဖခင်များနေ့မှာ သမီးလေးကို ရက်ရက်စက်စက်သတ်ပစ်ခဲ့တဲ့ ဖခင်တစ်ဦး

ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ လိုက်ပါစီးနင်းသူ Victoria Pertusa က ” မိနစ်လေးဆယ်လောက် ကြောက်စရာကောင်းစွာ
ပိတ်မိခဲ့ပါတယ် … လျှော်ကြေးဆိုတာတော့ မရခဲ့ပါဘူး ” လို့ ပြောခဲ့ပါတယ်။ အခြားတစ်ယောက်ကတော့ သူရဲ့ DnoHall အမည်ရတဲ့ လူမှုကွန်ယက်မှာ ” ကြောက်စိတ်ကို အနိုင်နိုင်ထိန်းချုပ်ခဲ့ရပါတယ် … Roller Coaster ရဲ့ လမ်းတစ်ဝက်မှာ ဇောက်ထိုးအနေအထားနဲ့ တစ်နာရီလောက် ပိတ်မိနေခဲ့တာပါ “လို့ ရေးသားခဲ့ပါတယ်။

အခုအချိန်မှာတော့ Thorpe Park ထဲမှာရှိတဲ့ The Saw ride ကို လုံခြုံရေးအားနည်းချက်တွေကြောင့် တာဝန်ရှိသူတွေက ပိတ်ထားခဲ့ပြီး အခြား Roller Coaster တွေကိုလည်း လောလောဆယ် ပိတ်ထားတယ်လို့ သိရပါတယ်။ The Saw Ride ကို နာမည်ကျော် ထိတ်လန့်ဖွယ်ရာဇာတ်ကားကြီးရဲ့ အမည်ကို ယူထားတာ ဖြစ်ပါတယ်။

READ
ဖိလစ်ပိုင်ရဲ့ စိတ်ပျက်စရာဆီးဂိမ်းပြင်ဆင်မှုတွေ ဝေဖန်မှုများစွာနဲ့ရင်ဆိုင်နေရ

The Saw Ride ဟာ ပေ 100 အမြင့် ကုန်းဆင်းကြီးတွေနဲ့အတူ၊ စီးနင်းလိုက်ပါသူတွေကို ကျွမ်းထိုးမှောက်ခုံ ထိတ်လန့်
ဖွယ် ခံစားမှုတွေနဲ့ ပြောင်းပြန်အနေအထားဖြစ် သုံးကြိမ်အထိ အသည်းယားဖွယ် ခံစားမှုတွေကို ပေးစွမ်းတဲ့ Roller Coaster  ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်ထိတော့ ပန်းခြံတာဝန်ရှိသူတွေက အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရသူတွေအတွက် နစ်နာကြေးပေးဖို့ စကားဦးပင် စတာမျိုးမရှိသေးဘဲ၊ ဘယ်အချိန်မှာ Roller Coaster ကို ပြန်ပြီးဖွင့်မယ်ဆိုတာကိုလည်း အတိအကျ ပြောကြာ
ခြင်း မရှိသေးပါဘူး။

လင်းဇော်ကို (Shwemom)

source : thesun.co.uk

SHARE