ဗိုင်းရပ်စ်ရန်ကို မမှုပဲ ထောင်နဲ့ချီတဲ့စုံတွဲတွေ စုပေါင်းပြီး ကျင်းပခဲ့တဲ့ လက်ထပ်ပွဲ

Twitter/ABS_CBN

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအပေါ် စိုးရိမ်ပူပန်မှုတွေရှိနေပေမယ့်လည်း ထောင်နဲ့ချီတဲ့စုံတွဲတွေ ကတော့ ဖေဖော်ဝါရီလ(၇)ရက်နေ့က ဘုရားကျောင်းမှာ အစုလိုက်အပြုံလိုက်လက်ထပ်ထိမ်းမြားမှုတွေပြုလုပ်ခဲ့ကြ ပါတယ်။လက်ထပ်ထိမ်းမြားမှုပြုလုပ်ခဲ့တဲ့ စုံတွဲအချို့ကတော့ သူတို့ရဲ့မျက်နှာတွေမှာ ဗိုင်းရပ်စ်ကိုကာကွယ်တဲ့အနေနဲ့ မျက်နှာဖုံးတွေတပ်ဆင်ခဲ့ကြတာကိုတွေ့ရပါတယ်။

မင်္ဂလာပွဲမှာရှိတဲ့စုံတွဲတွေတပ်ဆင်ဖို့မျက်နှာဖုံးတွေဝေခဲ့ပေမယ့် အချို့ကတော့ သူတို့ရဲ့အလှပျက်မှာစိုးတာကြောင့် မတပ်ဆင်ခဲ့ကြဘူးလို့ ဘုရားကျောင်းကိုတည်ထောင်သူ Sun Myung Moon ကပြောကြားခဲ့ပါတယ်။

ဒီနေ့လက်ထပ်မှုအတွက် အရမ်းကိုဝမ်းသာပါတယ်လို့ ဒီလက်ထပ်ပွဲကြီးမှာပါဝင်ခဲ့တဲ့ သတို့သမီးတစ်ဦးဖြစ်တဲ့ Choi Ji-young ကပြောပါတယ်။

 

ရောဂါကူးစက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုမရှိဘူးလို့ဖြေခဲ့ရင် ကျွန်မလိမ်ရာကျပါလိမ့်မယ်၊ ဒါပေမယ့် ဒီနေ့တော့ ဒီဗိုင်းရပ်စ်ပိုးအန္တရာယ်ကနေကာကွယ်နိုင်လိမ့်မယ်လို့ ခံစားရကြောင်းကို အသက်(၂၁)နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ သတို့သမီးလေးတစ်ဦးကပြောပြခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ(၂၄)ဦးရှိနေပြီး ဒီကူးစက်ရောဂါစတင်ဖြစ်ပွားတဲ့ ၀ူဟန်မြို့က လာတဲ့နိုင်ငံခြားသားခရီးသည်ဝင်ရောက်ခွင့်ကိုလည်း မကြာခင်ကပိတ်ထားလိုက်ပြီဖြစ်ပါတယ်။

ဗိုင်းရပ်ကူးစက်မှုကိုထိန်းသိမ်းတဲ့အနေနဲ့ ပွဲလမ်းသဘင်တွေ၊ ဘွဲ့နှင်းသဘင်အခမ်းအနားနဲ့ K-pop ဖျော်ဖြေပွဲတွေကို အာဏာပိုင်တွေကဖျက်သိမ်းခိုင်းခဲ့ပါတယ်။

နိုင်ငံပေါင်း(၆၄)နိုင်ငံမှာ စုံတွဲပေါင်း(၆၀၀၀)နီးပါးလောက်ဟာ မကြာသေးခင်ရက်သတ္တပတ်တွေက ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး Gapyeong ဒေသမှာလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ ပွဲကိုတက်ရောက်လာကြတဲ့ မင်္ဂလာမောင်နှံ တွေရဲ့ မိတ်ဆွေသူငယ်ချင်းတွေက ဓာတ်ပုံတွေ အတူတကွရိုက်ကူးခဲ့ကြပြီး ချီးကျူးဂုဏ်ပြုစကားပြောပေးခဲ့ကြပါ တယ်။

အခုလို အစုလိုက်အပြုံလိုက်စုပေါင်းလက်ထပ်ပွဲကြီးကို (၁၉၆၀)ခုနှစ်ကစတင်ခဲ့တာဖြစ်ပြီး စတင်ခဲ့တဲ့နှစ်မှာပဲ စုံတွဲပေါင်း ဒါဇင်အနည်းငယ်သာရှိခဲ့တယ်လို့သိရပါတယ်။

(၁၉၉၇)ခုနှစ် ၀ါရှင်တန်မှာပြုလုပ်တဲ့မင်္ဂလာပွဲမှာတော့ စုံတွဲပေါင်း(၃)သောင်းရှိခဲ့ပြီး (၂)နှစ်အကြာ ဆိုးလ်မြို့ရှိ အိုလံပစ်အားကစားကွင်းမှာတော့ စုံတွဲပေါင်း(၂၁,၀၀၀)အထိ ရှိခဲ့ပါတယ်။

Thae Su

SHARE