ညသန်းခေါင်မှာ သိုးတွေရဲ့ ကျူးကျော်ခြင်းကို ခံခဲ့ရတဲ့ တူရကီနိုင်ငံရဲ့မြို့တစ်မြို့

[email protected]

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြီးကြောင့် ကမ္ဘာပေါ်ရှိ လူသားအားလုံးကြောက်လန့်နေရပါပြီ။ စတင်ဖြစ်ပွားခဲ့တဲ့အချိန်ကစလို့ ဒီနေ့အထိဆိုရင် ၅လကျော်၊ ၆ လနီးပါးရှိလာပြီဖြစ်ပေမယ့် ရောဂါကာကွယ်ဆေးမပေါ်သေးတာကြောင့် လူတွေတွေဟာ အပြင်မထွက်တော့ပဲ ကိုယ့်အိမ်မှာပဲ ကိုယ်မိသားစုနဲ့ကိုယ် နေနေကြရပါတယ်။

wikipedia.com

ဒီလို COVID 19 ကူးစက်မှုာ မြင့်မားတဲ့ နိုင်ငံတွေထဲမှာ တူရကီနိုင်ငံလဲ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ တူရကီနိုင်ငံမှာ ရောဂါဖြစ်ပွားသူ (၁)သိန်း(၂)aသာင်းကျော် ရှိနေပြီး သေဆုံးသူအရေအတွက်ကတော့ ၃ထောင်ကျော် ရှိနေပြီဖြစ်ပါတယ်။ ပြန်လည်ပျောက်ကင်းသွားသူတွေကတော့ (၇)သောင်းနီးပါးရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ ဒီလို တူရကီနိုင်ငံမှာ ရောဂါဖြစ်ပွားသူတွေများလာတာနဲ့အမျှ လူတွေဟာ အိမ်အပြင်ကို လုံးဝမထွက်ကြတော့သလို တောထဲက တိရစ္ဆာန်တော်တော်များများကလည်း လူသူကင်းမဲ့တဲ့ မြို့တွေထဲကို ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

READ
ကြောက်စရာလား ချစ်စရာလားဆိုတာ အွန်လိုင်းပေါ် အငြင်းပွားနေကြတဲ့ X-ray

 

တူရကီနိုင်ငံထဲက Samsun  မြို့ဆိုရင် အခုအချိန်ကစပြီး သိုးမြို့တော်ကြီးလို့တောင် ခေါ်ဝေါ်ရမယ့် အနေအထားပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ထောင်သောင်းများစွာသော သိုးအုပ်ကြီးတစ်အုပ်ဟာ ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိပဲ အခုဆိုရင် တစ်မြို့လုံးရှိ နေရာတော်တော်များများမှာ သိုးတွေကို ဟိုတစ်အုပ်သည်တစ်အုပ်နဲ့ တွေ့မြင်နေရပါတယ်။ မြို့ခံလူတွေကတော့ အိမ်အပြင်မထွက်ချင်ကြတာကြောင့် ဒီသိုးအုပ်ကြီးကို မောင်းထုတ်သူမရှိလို့ သိုးတွေကတော့ မြို့ထဲမှာ အပီအပြင်ကို သောင်းကျန်းနေကြကြောင်း သိရပါတယ်။

READ
မြေပေါ်မှာ ဒန်းစီးနေတဲ့ကလေးကို တိုက်လေးထပ်ပေါ်ကနေ ဒန်းလွှဲပေးနေတဲ့မိခင်
[email protected]

“မနက်ပိုင်းအိပ်ရာက နိုးနိုးချင်း လမ်းပေါ်ကနေ အသံကြားနေရလို့ ထကြည့်လိုက်တော့ သိုးအုပ်တွေ ဖြစ်နေတယ်။ နည်းတာမဟုတ်ဘူးဗျာ။ ဘယ်နေရာကြည့်ကြည့် ဖြူဖြူတွေချည်းပဲ။ ဘယ်ကနေဘယ်လို ပြောင်းလာမှန်းကို မသိတာ။ သူတို့ပုံကြည့်ရတာ တော်ရုံနဲ့ မြို့ကို ပြန်ခွာမယ့်ပုံ မဟုတ်ဘူး။ တော်တော်မာင်းထုတ်ယူရမယ်” လို့ Samsun မြို့ခံလူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE