Spider Man ဖြစ်ချင်လို့ ပင့်ကူအကိုက်ခံခဲ့တဲ့ ကောင်လေး(၃)ယောက် ဆေးရုံတင်လိုက်ရ

Pixabay-WikiImages Pixabay-congerdesign

Spider Man ဖြစ်ချင်တာကတော့ ယောက်ျားတော်တော်များများရဲ့ ငယ်ငယ်လေးကတည်းက စိတ်ကူးပါ။ ကျွန်တော်တို့ငယ်ငယ်တုန်းက လူကြီးတွေက သားလေးကြီးလာရင်ဘာလုပ်မလဲလို့မေးရင် Batman လုပ်မယ်၊ Spiderman လုပ်မယ်၊ ပါဝါရိန်းဂျားလုပ်မယ် အစရှိသဖြင့် ဖြေတတ်ကြပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ကျွန်တော်တို့ ပင့်ကူအကိုက်ခံပြီး Spiderman ဖြစ်အောင် မကြိုးစားခဲ့မိကြပါဘူး။ အခုတော့ ကောင်လေးသုံးယောက်ဟာ Spiderman ဖြစ်ချင်လို့ ပင့်ကူတစ်ကောင်ဖမ်းပြီး ကိုက်ခိုင်းရာ သုံးယောက်စလုံးအရေးပေါ်အခြေအနေနဲ့ ဆေးရုံတင်ခဲ့ရကြောင်း NYpost သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/tBf8vpCcQn/

Bolivian နိုင်ငံ၊ Chayanta ဒေသက အမည်ဖော်ပြထားခြင်းမရှိတဲ့ အသက် (၁၀) နှစ်အရွယ် ကောင်လေးသုံးယောက်ဟာ Spiderman ရဲ့ အမာခံပရိသတ်တွေ ဖြစ်ကြပါတယ်။ တစ်ရက်မှာတော့ သူတို့သုံးယောက်ဟာ ဆိတ်ကျောင်းထွက်နေတုန်း သစ်ပင်တစ်ပင်နားမှာ ထိုင်နေရင်း ပင်စည်မှာ သူ့ဟာသူနေနေတဲ့ ပင့်ကူတစ်ကောင်ကို တွေ့ခဲ့ကြပါတယ်။ ဒီလိုနဲပ သူတို့သုံးယောက်ဟာ ပင့်ကူဖို့ ဖမ်းဖို့တိုင်ပင်ပြီး သူတို့လက်မောင်းကို ကိုက်ခိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ကလေးတွေမသိတာတစ်ချက်ကတော့ သူတို့ဖမ်းလိုက်တဲ့ ပင့်ကူဟာ အဆိပ်အရမ်းပြင်းတဲ့ Black widow ပင့်ကူအမျိုးအစား ဖြစ်နေတယ်ဆိုတာပါပဲ။

READ
လူနာကို အသက်စွန့်ကုသခဲ့တဲ့ ဆရာဝန်၊ သူ သေဆုံးပြီးနောက် မျက်ကြည်လွှာပါလှူခဲ့
Pixabay-272447

အဲဒီပင့်ကူအကိုက်ခံရပြီးနောက်ပိုင်းမှာတော့ သူတို့သုံးယောက်စလုံးဟာ တစ်ကိုယ်လုံးထူပူပြီး နာကျင်တဲ့ ဝေဒနာကို ခအလူးအလဲခံစားခဲ့ရပါတယ်။ အဲဒီနောက်မှာ ချက်ချင်းအိမ်ပြန်ပြေးပြီး ငိုယိုကာ လူကြီးတွေကို ဖွင့်ပြောခဲ့ပါတယ်။ အဲဒီနောက်မှာ လူကြီးတွေလည်း Peter Parkers ပေါက်စသုံးကောင်ကို ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ပါတယ်။ ကံကောင်းတာကတော့ ဆေးရုံအရောက်မြန်သွားလို့ အသက်မဆုံးခဲ့ကြောင်း သိရပါတယ်။ တကယ်ကို ကံကောင်းတဲ့ ကလေးတွေပါပဲ။ ဘာကြောင့်လဲဆိုတော့  Black widow ပင့်ကူအကိုက်ခံရရင် များသောအားဖြင့် ဆေးမမှီရင် အသက်သေဆုံးတဲ့အထိ ဒုက္ခရောက်နိုင်လို့ပါပဲ။

 

Pyi Hein Kyaw

SHARE