ရေလွှမ်းဒေသထဲကတိရိစ္ဆာန်တွေကို မွန်မြတ်စွာကယ်တင်ခဲ့ကြတဲ့ကောင်းဘွိုင်များ

Sawyer Buccy/YouTube

ဒေသတစ်ခုရေလွှမ်းပြီဆိုရင် လူတွေကတောာ့ လွတ်လွတ်လပ်လပ်ရယ်မလို့ ကြိုတင်ထွက်ပြေးတိမ်းရှောင်လို့ ရပေမယ့် အိမ်မွေးတိရိစ္ဆာန်လေးတွေ၊ မွေးမြူရေးတိရိစ္ဆာန်လေးတွေခင်ဗျာတော့ သိပ်ကိုအခက်တွေ့ကြရပါတယ်။ အထူးသဖြင့် သူတို့တွေကို ကြိုးချည်ထားတာ၊ လှောင်ထားတာမျိုးတွေဆို ထွက်ပြေးဖို့ဆိုတာ မဖြစ်နိုင်ဘဲ လွတ်လွတ်လပ်လပ်ရှိနေသည့်တိုင်အောင် ဘယ်လိုနေရာကို ထွက်ပြေးရမလဲဆိုတာ မသေချာဘဲယောင်လည်လည်ဖြစ်နေရတတ်ကြပါတယ်။

ဒီလိုအခြေအနေမျိုးနဲ့ ဥက္ကလာဟိုးမားပြည်နယ် အရှေ့မြောက်ပိုင်းရေကြီးမှုမှာတော့ မွေးမြူရေးခြံက တိရိစ္ဆာန်လေးတွေကတော့ အလူးအလဲခံနေခဲ့ကြရပါတယ်။ ကျွဲ၊ နွားတို့လို အကောင်ကြီးတွေဖြစ်ပြီး ရေထဲရောက်နေတဲ့ အရေအတွက်ချည်းပဲ ရာဂဏန်းရှိနေတာကြောင့် ခြံပိုင်ရှင်တွေခင်ဗျာ တော်တော်လေးကို သောကရောက်ရရှာမှာပါ။

Ropin cattle in big open flood water off of the verdigris river up towards Claremore Oklahoma… #oklahomafloods #yeahboycowboy #cattlelivesmattertoo #livestockrescue

Posted by Casey Thomas on Sunday, May 26, 2019

ဒီအကြောင်းကိုသိသွားကြတဲ့ ကောင်းဘွိုင်တစ်စုကတော့ ဒီအတိုင်း ထိုင်မကြည့်နိုင်ကြတော့ဘဲ သူတို့စရိတ်သူတို့စိုက်ကာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့ကြပါတယ်။ လေတွေကားတွေ မလုံလောက်တဲ့အခါ အိတ်စိုက်ငှားရမ်းပေးပြီး ယာဉ်တွေအတွက် လိုအပ်တဲ့ လောင်စာဆီတွေကိုလည်း ဘယ်သူ့ဆီကမှ အလှူမခံခဲ့ကြပါဘူး။ ဒီအပြင် ကယ်ဆယ်ရေးကိရိယာတွေကိုလည်း လိုအပ်ရင်လိုအပ်သလို ဝယ်ယူပြီး ငွေအား၊ လူအားစိုက်ထုတ်ကာ အချိန်အကုန်ခံ ကယ်ဆယ်ခဲ့ကြတာပါ။

The ones that survived damn sure had the will power to live she was standing on a small limb under water in order to barely keep her head out far enough to breath! Luckily we found her an got her to higher ground when we did! #oklahomaflood #flood2019 #everycowmatters

Posted by Casey Thomas on Tuesday, May 28, 2019

၃ ယောက်လောက်နဲ့ စတင်ခဲ့တဲ့ ကယ်ဆယ်ရေးလုပ်ငန်းလေးဟာ ရက်အနည်းငယ်အကြာမှာပဲ ကယ်ဖို့လိုနေတဲ့နေရာတွေကို မေတ္တာနဲ့ကယ်ပေးမယ်ဆိုတဲ့ သူတို့ရဲ့ Facebook post ကြောင့် ဆယ်နဲ့ချီတဲ့ ကောင်းဘွိုင်တွေဟာ လုပ်အားပေးအတွက် မူရင်းလူတွေကို ဆက်သွယ်ခဲ့ကြပါတယ်။ ဒီလိုမျိုး လူအင်အားလောက်လောက်ငှငှနဲ့ လုပ်ခဲ့တာကြောင့်ပဲ ခက်ခဲပေမယ့် ကယ်ဆယ်တဲ့နေရာမှာ အချိန်တော်တော်လေး သွက်ခဲ့တာပါ။

READ
(၉.၃.၁၉) မှ (၁၅.၃.၁၉)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်
Sawyer Buccy/YouTube

ဥက္ကလာဟိုးမားပြည်နယ်ရဲ့ ၈၀% သောမြေတို့က မွေးမြူရေးနဲ့စိုက်ပျိုးရေးခြံတွေဖြစ်တာကြောင့် အခုလိုရေကြီးတဲ့အခါ ထောင်ချီတဲ့ မွေးမြူရေးတိရိစ္ဆာန်တွေပါ ရေကြီးမှုဒဏ်ကို ခံခဲ့ရပါတယ်။ အခုအချိန်မှာတော့ ကောင်းဘွိုင်တွေကောင်းမှုကြောင့်ပဲ တိရိစ္ဆာန်တွေအားလုံး ဘေးလွတ်ရာကို ပြောင်းရွှေ့နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

Penny

SHARE