ပြင်သစ်မှာ ကျောင်းကားနဲ့ ရထားတိုက်မိပြီး လူ (၄)ဦးသေဆုံး

ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ ရထားလမ်းတစ်ခုမှာ ကျောင်းကားတစ်စီးနဲ့ ရထားတိုက်မှုဖြစ်ပွားခဲ့ပြီး ကျောင်းသား အနည်းဆုံး (၄) ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ၄င်းမတော်တဆမှုဟာ စပိန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံ ထိစပ်နေတဲ့ Milas ဆိုတဲ့ မြို့လေးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ (၁၉) ဦး ဒဏ်ရာရခဲ့သည့်အနက် (၇) ဦးမှာ အရေးပေါ်အခြေအနေဖြစ်ကြောင်း သိရပါတယ်။

ကျောင်းကားဟာ ရထားလမ်းဖြတ်အကူးမှာ ရထားလမ်းအတားနဲ့ ညပ်မိပြီး ၄င်းမတော်တဆမှုဖြစ်ခဲ့ရတာဖြစ်ပါတယ်။ ရထားပေါ်မှာ စီးနင်းလာတဲ့ ခရီးသည် (၂၅) ဦးလုံး ထိခိုက်ဒဏ်ရာ မရခဲ့ပေမယ့် ကျောင်းကားပေါ်မှ ထိခိုက်မှုဖြစ်ခဲ့သူများမှာ အသက် (၁၁) နှစ်မှ (၁၅) နှစ်အရွယ် ကျောင်းသားများဖြစ်ကြောင်း သိရပါတယ်။ ရထားဟာ တစ်နာရီ မိုင် (၆၀) နှုန်းနဲ့ မောင်းနှင်လာပြီး ကျောင်းကားနဲ့ အရှိန်ပြင်းစွာ တိုက်မိတာကြောင့်  ယခုလိုသေကြေပျက်စီးမှုတွေ ဖြစ်ခဲ့ရခြင်းဖြစ်ပါတယ်။

သမ္မတ Emmanuel Macron ဟာ ဒီမတော်တဆမှုရဲ့ နစ်နာသူတွေနဲ့ မိသားစုတွေအတွက် ဝမ်းနည်းကြောင်းနဲ့ နိုင်ငံဘက်မှ တတ်နိုင်သမျှ ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း သူ့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး Elizabeth Borne ဟာ အခင်းဖြစ်ရာကို သွားရောက်ခဲ့ပြီး အရေးပေါ်ကယ်ဆယ်မှုများ အပြည့်အဝလှုပ်ရှားနေကြောင်းနဲ့ အလွန်ဆိုးရွားသော မတော်တဆမှုဖြစ်ကြောင်း ပြောခဲ့ပါတယ်။

READ
ပြည်သူပိုင်နေရာ ကျူးကျော်မှုနဲ့ ရဲကဖမ်းဆီးတာကိုခံလိုက်ရတဲ့ ပင်လယ်ဖျံလေး

White (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE