သီရိလင်္ကာရဲ့ပေါက်ကွဲမှုမှာပါသွားခဲ့တဲ့ ဒိန်းမတ်သူဌေးကြီးရဲ့ ရင်သွေးလေးသုံးယောက်

EPA

၂၀၁၉ မတ်လ ၂၁ ရက်နေ့တုန်းက မနက် ၈ နာရီနဲ့ ၄၅ မိနစ်အချိန်မှာပဲ သီိလင်္ကာနိုင်ငံရဲ့ အထင်ကရနရာ ၈ ခုမှာ တပြိုင်နက်တည်းလိုပင် အကြမ်းဖက်အုပ်စုတစ်ခုမှ လူ၇ဦးနဲ့အသေခံဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ Colombo နဲ့ Negombo ဒေသအတွင်းမှာရှိတဲ့ ဘုရားကျောင်း ၃ ကျောင်း၊ ဟိုတယ် ၄ လုံးနဲ့ Colombo ရဲ့ လူနေများတဲ့တိုက်ခန်းတွေကို ပစ်မှတ်ထားပြီး ဗုံးဖောက်ခွဲခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် လူ ၂၄၀ ဦးသေဆုံးကာ အယောက် ၅၀၀ နီးပါးဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ကြပြီး ဒေသခံတွေအပြင် နိုင်ငံတကာမှ ၃၁ ယောက်တို့လည်းပါဝင်နေခဲ့ပါတယ်။ ဗြိတိသျှလူမျိုး ၈ ယောက်၊ ဒတ်ခ်ျလူမျိုး၊ တရုတ်လူမျိုး၊ ပေါ်တူကီလူမျိုးတို့ တစ်ယောက်ဆီ၊ တူရကီနိုင်ငံသားတစ်ယောက်၊ ဒိန်းမတ်နိုင်ငံသားသုံးယောက်တို့နဲ့ ကျန်အရေအတွက်ကတော့ အမေရိကန်တွေပဲဖြစ်ပါတယ်။

CNN
AP

အသေခံဗုံးဖောက်ခွဲမှုမှာ ဓားစားခံဖြစ်သွားရှာတဲ့ နိုင်ငံခြားလူမျိုးများလည်း ကလေးသူငယ်တွေလည်း ပါဝင်လျက်ရှိနေပါတယ်။ အဲဒီအထဲမှ ဒိန်းမတ်နိုင်ငံသားသုံးယောက်ဟာ အသက် ၁၀ နှစ်ပတ်ဝန်းကျင်သာရှိသေးတဲ့ မောင်နှမသုံးယောက်ပဲဖြစ်ပါတယ်။

EPA

ဖခင်ဖြစ်သူဟာ အသက် ၄၀ နှစ်အရွယ် စကော့တလန်ရဲ့အထင်ကရသူဌေးစာရင်းထဲပါဝင်နေသူတစ်ဦးပါ။ Wildland Ltd. နာမည်နဲ့ ဒိန်းမတ်တစ်ဝိုက်မှာမြေဧကပေါင်း ၂၂၀,၀၀ ကျော်ပိုင်ဆိုင်ထားပြီး ငှားရမ်းမှုပြုလုပ်နေတဲ့ စကော့တလန်ရဲ့မြေပိုင်ဆိုင်မှုအများဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အပြင် ဥရောပတိုက်ရဲ့ အဝတ်အစားဈေးကွက်မှာထိပ်တန်းရောက်ရှိနေတဲ့ ASOS ရဲ့ ပိုင်ရှင်တစ်ဦးလည်းဖြစ်တဲ့ Anders Holch Povlsen ဟာ အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့စဉ်တုန်းက မိသားစုနွဲှ့တူတူသီရိလင်္ကာမှာရှိနေခဲ့တာပါ။ ကလေးတွေလည်းကျောင်းပိတ်တုန်း၊ စီးပွားရေးလုပ်ငန်းတွေလည်း တိုးချဲ့စရာရှိနေတာကြောင့်ပဲ သားသမီးလေးယောက်ထဲက တစ်ယောက်သာ ချန်ထားခဲ့ပြီး မိသားစုလိုက်ကြီး သီရိလင်္ကာကို အပန်းဖြေအလုပ်ခရီးထွက်လာခဲ့ကြတာပါ။ မကြာသေးခင်ကမှပဲ Anders Holch Povlsen နဲ့ ဇနီးသည် Anne Storm Pedersen တို့နှစ်ယောက်ဟာ သူတို့မရှိတော့မယ့်အချိန်ကို ရှေးရှုပြီး ကလေးတွေအတွက် အမွေကိစ္စတွေအကုန်လုံးကို စီစဉ်ခဲ့ကြပါသေးတယ်။

READ
အိုဘားမားအိပ်ခဲ့တဲ့အိပ်ယာကို ဇိမ်မယ်များအား ကျင်ငယ်နဲ့ပန်းခိုင်းခဲ့သည်ဆိုသည့် ဒေါ်နယ်ထရမ့်
Twitter

သားသမီး ၄ ယောက်ရှိတဲ့အနက် သုံးယောက်ဟာတော့ စိတ်မကောင်းစွာနဲ့ပဲ အသေခံဗုံးခွဲတဲ့အထဲ ပါသွားခဲ့ကြပါတယ်။ ရင်နင့်ဖွယ်အဖြစ်အပျက်ကြီးမဖြစ်ပွားခင်မှာပဲ ကလေးလေးယောက်အနက် သေဆုံးသွားခဲ့တဲ့ကလေးလေးသုံးယောက်တည်း ရိုက်ထားတဲ့ဓာတ်ပုံကို သေဆုံးသွားတဲ့အထဲကကလေးမလေး Alma ကိုယ်တိုင်ပဲ တင်ခဲ့ပါသေးတယ်။

Instagram

ဒီသတင်းမှန်ကြောင်းကိုတော့ ဒိန်းမတ်ရဲ့ဝန်ကြီးဖြစ်သူ  Lars Lokke Rasmussen ကိုယ်တိုင်အတည်ပြုခဲ့တာဖြစ်ပြီး ဝမ်းနည်းကြောင်းမိန့်ခွန်းလည်း ပြောသွားခဲ့ပါသေးတယ်။ ဒီအပြင် ဗြိတိသျှလူမျိုး ရှေ့နေအမျိုးသမီးဖြစ်တဲ့ အသက် ၄၂ နှစ်အရွယ် Anita Nicholson နဲ့အတူ အသက် ၁၁ အရွယ်သာရှိသေးတဲ့ သားလေး Alex တို့ဟာလည်း ဟိုတယ်တစ်ခုရဲ့ပေါက်ကွဲမှုမှာ ပါသွားခဲ့ပါတယ်။ သတင်းအတိအကျမရခင်တုန်းကတော့ Anita Nicholson ရဲ့ ခင်ပွန်းဖြစ်သူ Ben ဟာ ဇနီးနဲ့သားလေးတို့ပျောက်ဆုံးနေတယ်ဆိုပြီး အပျက်အစီးတွေကြားထဲ အရူးတစ်ယောက်လိုလိုက်ရှာနေခဲ့ပါတယ်။

Facebook

ဖောက်ကွဲမှုနဲကဆက်စပ်နေတယ်လို့ယူဆရတဲ့ တရားခံ ၂၄ ယောက်တို့ကို ဖမ်းဆီးမိခဲ့တယ်လို့ သီရိလင်္ကာရဲ့ကာကွယ်ရေးဝန်ကြီး Ruwan Wijewardene က ကြေငြာခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့ဟာ Mational Thowheeth Jama’ath ဆိုတဲ့ ဒေသခံဘာသာတစ်ခုရဲ့အစွန်းရောက်အဖွဲ့အစည်းရဲ့လက်ချက်လို့လည်း သီရိလင်္ကာအစိုးရက ထုတ်ပြောခဲ့ပါတယ်။ ဒီအပြင် အဲဒီအဖွဲ့အစည်းဟာ နိုင်ငံတကာက အမျိုးအစားတူတဲ့ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းတွေနဲ့ အချိန်အဆက်တွေရှိနေပြီး ISIS အဖွဲ့အစည်းရဲ့လမ်းစဉ်ကို လိုက်နေတာဖြစ်တယ်လို့ အမေရိကန်ဘက်မှ CNN ကိုပြောထားပါသေးတယ်။ ဒီဖြစ်ရပ်မတိုင်ခင် လွန်ခဲ့တဲ့ ဆယ်ရက်တုန်းကလည်း သီရိလင်္ကာအစိုးရက နိုင်ငံတကာမှာဖြစ်ပျက်နေတဲ့ အသေခံဗုံးခွဲမှုဖြစ်စဉ်တွေနဲ့ဆက်စပ်ပြီး နိုင်ငံတွင်းမှာလည်း အလားတူဖြစ်ရပ်မျိုးဖြစ်ပွားနိုင်ကြောင်း ပြည်သူတွေကိုသတိပေးချက်ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒီရက်တွေအတွင်းမှာပဲ Colombo အပြည်ပြည်ဆိုင်ရာလေဆိပ်မှာလည်း အလျား ၆ ပေရှိတဲ့ ဗုံးတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

READ
မိမိကြောင့်ကျောင်းနားခဲ့ရတဲ့မိခင်ကို အကောင်းဆုံးလက်ဆောင်ပြန်ပေးခဲ့တဲ့ ဆယ်ကျော်သက်
EPA

Source: The Sun

Penny

SHARE