လူတွေသင်ခန်းစာယူနိုင်ဖို့ မုဒိမ်းရာဇ၀တ်သားတွေကို မြို့လယ်ခေါင်မှာ စီရင်ခဲ့တဲ့ ယီမန်

ငယ်ရွယ်နုနယ်ပြီး အသိဥာဏ်မပြည့်စုံသေးတဲ့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာထိခိုက်အောင် စော်ကားပြီး လက်စတုံးပစ်တဲ့လုပ်ရပ်ဟာ လူမဆန်တဲ့လုပ်ရပ်ပါ။ ခွန်အားဥာဏ်အားနည်းပါးသေးတဲ့ ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာအပြင် အသက်သေတဲ့အထိပါ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ မုဒိမ်းလူသတ်သမားတွေကို ပြင်းပြင်းထန်ထန် အရေးယူတာကလည်း လုပ်သင့်တဲ့လုပ်ရပ်ပဲဖြစ်ပါတယ်။

EPA

ယီမန်ရဲ့ အကြီးဆုံးမြို့ကြီးဖြစ်တဲ့ ဆာနာမှာတော့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့တုန်းက (၁၀)နှစ်အရွယ် ကောင်လေးတစ်ယောက်ကို မတရားကျင့်, သတ်ပစ်ခဲ့တဲ့ မုဒိမ်းသမား(၃)ဦးကို လူမြင်ကွင်းမှာပဲ သေနတ်နဲ့ပစ်သတ်ပြီး သေဒဏ်စီရင်ခဲ့ပါတယ်။ ဓာတ်ပုံထဲမှာတော့ တစ်ကိုယ်လုံးအပြာရောင်ဝတ်စုံတွေ ၀တ်ဆင်ထားတဲ့ လူသုံးဦးကို လူအများမြင်သာရာ တိုင်ထိပ်မှာ ကြိုးတန်းလန်းနဲ့ ချိတ်ဆွဲထားတာကို တွေ့ရမှာပါ။

EPA

တာဝန်ရှိသူတွေဟာ ရာဇ၀တ်သား(၃)ဦးကို လက်ထိပ်ခတ်ပြီး မြေပြင်ပေါ်မှာ မှောက်လျက်လှဲခိုင်းလိုက်ပါတယ်။ ပြီးတဲ့အခါ အနောက်ဘက်နေ အသဲနှလုံးဆီကို သေနတ်နဲ့ချိန်ပြီး (၅)ချက်တိတိ အသေပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ စီရင်ပြီးနောက်မှာတော့ လူတွေကို အလားတူပြစ်မှုမျိုး နောက်ထပ်မကျုးလွန်နိုင်ဖို့ သံဝေဂယူနိုင်အောင် အလောင်းကောင်တွေကို မြို့လယ်ခေါင်မှာပဲ ချိတ်ဆွဲပြသထားပါတယ်။

READ
ဖုန်းအားသွင်းထားစဉ် အသုံးပြုလို့ ဓာတ်လိုက်ပြီးသေဆုံးခဲ့တဲ့ ကောင်မလေး
EPA

ဆော်ဒီအာရေဗျတောင်ပိုင်းဖြစ်တဲ့ ယီမင်နိုင်ငံဟာ လူသတ်မှု၊ မုဒိမ်းမှုနဲ့ အကြမ်းဖက်မှုလို ရာဇ၀တ်မှုကြီးတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်ပေးတဲ့ နေရာမှာ နာမည်ကြီးတဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ကျောက်တုံးနဲ့ပစ်ပေါက်သတ်တာ၊ ကြိုးမိန့်နဲ့ ခေါင်းဖြတ်မိန့်တွေဟာ ယီမန်ပြစ်မှုဆိုင်ရာဥပဒေထဲမှာကို ထည့်သွင်းဖော်ပြထားတဲ့ တရားဝင်ပြစ်ဒဏ်တွေဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ယနေ့အထိ သေဒဏ်ကျင့်သုံးနေကြဆဲ နိုင်ငံပေါင်း(၅၀)လောက်ရှိပါတယ်။ အနောက်တိုင်းမှာတော့ အမေရိကန်နိုင်ငံဟာ ယနေ့အထိ သေဒဏ်ကျင့်သုံးဆဲဖြစ်တဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။

EPA

လင်းလင်း (ShweMom)

Ref: Dailymail

SHARE