ကားပျက်ပြီး ဒုက္ခတွေ့နေသူကို အိမ်တိုင်ယာရောက် ကားတွန်းပို့ပေးခဲ့တဲ့ လူငယ်လေးများ

facebook/Dan Morrison

ယနေ့ခေတ်လူငယ်တွေဟာ ပတ်ဝန်းကျင်ကို အလေးထားမှု အားနည်းလာတယ်၊ သူတစ်ပါးကို အကူအညီပေးဖို့ ၀န်လေးလာကြတယ်လို့ တချို့သော လူကြီးသူမတွေက ဆိုပါတယ်။ ဒါပေမယ့်လည်း လူငယ်တွေအားလုံးဟာ ဒီလိုပုံစံမျိုးချည်းပဲလို့ ခြုံပြောလို့ မဖြစ်နိုင်ပါဘူး။ လက်တွေ့လောကမှာ လူတစ်ယောက် အခက်အခဲဖြစ်တဲ့အခါ ကိုယ်ကျိုးစွန့်ပြီး စေတနာဖြူစင်စွာ ကူညီပေးတတ်တဲ့ လူငယ်လေးတွေလည်း ရှိသေးတယ်ဆိုတာ အခုဖြစ်ရပ်လေးက သက်သေခံနေပါတယ်။

facebook/Dan Morrison

အသက်(၁၈) နှစ်အရွယ် အေရွန်မက်ကောလင်း၊ အသက်(၁၇) နှစ်အရွယ် ဘေလီကမ့်ပ်ဘဲလ် နဲ့ အသက်(၁၅) နှစ်အရွယ် ဘီလီတာဘက်တို့ဟာ တစ်ညမှာတော့ ဒိုးနပ်သွားဝယ်ဖို့ ဆိုပြီး အပြင်ထွက်လာခဲ့ပါတယ်။ ဒိုးနပ်ဆိုင်ကိုအသွား သူတို့တွေ့လိုက်ရတာက လမ်းဘေးမှာ မီးခိုးတွေအူထွက်နေတဲ့ ကားတစ်စီးကိုပါ။ ကားပိုင်ရှင်အမျိုးသမီးက မိုးကလဲချုပ်နေ၊ သူမကားကို အိမ်ဆီဆွဲခေါ်လို့ရမယ့် ယာဉ်သယ်ထရပ်ကားငှားဖို့လည်း ပိုက်ဆံမရှိနဲ့ ဒုက္ခတွေ့နေတာပါ။

READ
မပြောင်းလဲတဲ့ အချစ်စစ်ဆိုတာရှိကြောင်း သက်သေပြနေတဲ့ ဓာတ်ပုံများ

ဒါကို လူငယ်(၃) ဦးက သိရှိပြီးနောက်မှာတော့ ကားကို တွန်းပြီး အိမ်အထိ ပို့ပေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ သွားရမယ့် ခရီးကတော့ နည်းနည်းနောနောမဟုတ်ပါဘူး။ (၅) မိုင်ကျော်ကျော်လောက် ရှိပါတယ်။ ကားတွန်းပြီးသွားရတာကတော့ လူငယ်လေးတွေအတွက် သိပ်ပြီးမလွယ်လှပါဘူး။ စစချင်းမှာတင်ပဲ ကိုက်သုံးရာရှိတဲ့ တောင်ကုန်းကြီးပေါ်ကို ကားကို တွန်းတင်ရပါတယ်။ လမ်းတစ်ဝက်လောက်ရောက်တော့ သူတို့ခမျာ အားကုန်လို့ ရေသောက်ပြီး ခဏနားနေကြရပါသေးတယ်။ ဒီလိုနဲ့ အချိန်(၂) နာရီခွဲလောက်ကြာတဲ့ အခါမှ ကားပိုင်ရှင်အမျိုးသမီးရဲ့ အိမ်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပါတော့တယ်။

facebook/Dan Morrison

ဒီအဖြစ်အပျက်လေးကိုတော့ အဆိုပါ လူငယ်လေးတွေလိုပဲ ကားပိုင်ရှင်အမျိုးသမီးကို ကူညီဖို့ပြင်ဆင်ခဲ့တဲ့ ဒန်မောရစ်ဆင်ဆိုသူက ပြောပြခဲ့တာပါ။ ဒန်ဟာလည်း လမ်းတစ်လျှောက်လုံး ၄င်းလူငယ်(၃) ဦးရဲ့ လုံခြုံရေးအတွက် နောက်ကနေ ကားမီးထိုးပြီး လိုက်ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ တော်တန်ရုံလူ တတ်နိုင်ဖို့ခဲယဉ်းပြီး ကိုယ်တိုင်အပင်ပန်းခံကာ သူတစ်ပါးကို ကူညီတတ်တဲ့ လူငယ်တွေရဲ့ စိတ်ထားကို လေးစားတဲ့အနေနဲ့ ဒန်က သူတို့ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာပေါ် တင်ခဲ့တာပဲ ဖြစ်ပါတယ်။

Last night I am driving home from work when I see someone stranded in the middle of an intersection with their car…

Posted by Dan Morrison on Wednesday, July 10, 2019

လင်းလင်း (ShweMom)

SHARE