ဂါရ၀တရားပျောက်ဆုံးနေတဲ့ ခေတ်လူငယ်အချို့ရဲ့ ရထားပေါ်က မြင်ကွင်း

အမျိုးသမီးကြီးတစ်ဦးဟာ အိုကြီးအိုမနဲ့ ဆစ်ဒနီရထားတစ်စင်းပေါ်မှာ မတ်တပ်ရပ်လိုက်ပါလာပါတယ်။ ဒါပေမယ့် သူမရှေ့က ရထားစီးခရီးသည်သုံးဦးက အဖွားအိုကို နေရာမဖယ်ပေးပဲ မသိချင်ယောင်ဆောင်နေခဲ့ပါတယ်။ ၄င်းအကျည်းတန်မြင်ကွင်းကို ဓာတ်ပုံရိုက်ကူးခဲ့ရာမှာ အခုအခါမှာတော့ ဖေ့စ်ဘုတ်ပေါ် ပြန့်နှံ့လျက်ရှိနေပါတယ်။ ဒီဓာတ်ပုံကို တွေ့ပြီးကြတဲ့နောက် အွန်လိုင်းအသုံးပြုသူတွေဟာ အဖွားအိုနဲ့ မလှမ်းမကမ်းမှာ ထိုင်နေတဲ့ လူသုံးဦးကို မကျေမချမ်းဖြစ်လျက် ရှိနေပါတယ်။

Facebook

၎င်းခရီးသည်သုံးဦးစလုံးဟာ အဖွားအိုထက် အများကြီးငယ်ရွယ်ပုံရပါတယ်။ အသက်အရွယ်လည်းကြီး၊ ချိချိနဲ့နဲ့ နဲ့ မတ်တပ်ရပ်နေတဲ့ အဖွားအိုတစ်ဦးကို မြင်နေပေမယ့် မသိချင်ယောင်ဆောင်ကာ ထိုင်မြဲတိုင်း ဆက်ထိုင်နေ၀ံ့တဲ့ ထိုခရီးသည်တွေဟာ အသဲနှလုံးမရှိတဲ့သူတွေလို့ အွန်လိုင်းပေါ်က လူတွေက ဝေဖန်ခဲ့ကြပါတယ်။ ဒါ့အပြင် လူကြီးကို လူကြီးမှန်းမသိ၊ နေရာဖယ်လို့ ဖယ်ပေးရကောင်းမှန်းတောင် မသိတဲ့ လူ့ကျင့်ဝတ်မသိတဲ့ လူတွေလို့လည်း ဝေဖန်ခဲ့ကြပါတယ်။

အချို့ကလည်း တစ်စုံတစ်ယောက်က အဖွားအိုကို ထိုင်ခုံပေးကောင်း ပေးနိုင်ပါတယ်။ ဒါပေမယ့် သူမကိုယ်တိုင်က မလိုဘူး၊ နောက်တစ်မှတ်တိုင်ကျရင် ဆင်းမယ်လို့ ပြောတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။ ၄င်းဓာတ်ပုံနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာပေါ်မှာတော့ ဝေဖန်မှုအမျိုးမျိုးရယ်ပါ။ “ဒီဓာတ်ပုံတစ်ပုံပဲ ရိုက် ဖေ့စ်ဘုတ်ပေါ်တင်ပြီး like တွေ တောင်းနေတယ်။ အပြင်မှာ တကယ်တမ်း အဖွားကို နေရာပေးဖို့ ပြောလိုက်ပါလား။ သွေးမရှိဘူးလား…” စသဖြင့် ဓာတ်ပုံဆရာကို ပြန်လည်ဝေဖန်သူတွေရှိသလို “အဖွားက ထိုင်ရထရတာ ခက်လို့ မထိုင်ပဲ ရပ်နေတာဖြစ်မယ်..” လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

READ
ဗယ်လင်တိုင်းဒေးအထိ ရည်းစားမရသေးတဲ့ ယူရို သန်းထီ ဆုရှင်
dailymail
dailymail
dailymail
dailymail

သြစတေးလျ ဆစ်ဒနီမီးရထားက ထုတ်ပြန်ချက်ထဲမှာတော့ “ဆစ်ဒနီရထားတွေဟာ ခရီးသည်တွေအကုန်လုံးကို ရထားပေါ်မှာ လူသားပီသတဲ့ သင့်တော်လျော်ညီတဲ့ အပြုအမူတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သူတွေ၊ ကိုယ်အင်္ဂါမသန်စွမ်းသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေကို လေးစားသဖြင့် ထိုင်ခုံနေရာတွေ ပေးကြဖို့ နှိုးဆော်ထားပါတယ်…” လို့ တွေ့ရပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE