အာဖရိကမှာ ကျားသစ်ကခေါင်းပေါ်တက်လာတဲ့ အသည်းယားဖွယ်ဗီဒီယို

Twitter/Amelia Wynne

တောရိုင်းတိရိစ္ဆာန်နဲ့အာဖရိကဆိုတာ ခွဲခြားလို့မရနေပါဘူး။ အနောက်နိုင်ငံသားတော်တော်များများကတော့ ဒီလိုတောရိုင်းသဘဝကိုလေ့လာဖို့အတွက် အာဖရိကကို စွန့်စားခရီးတွေ ထွက်လေ့ရှိတတ်ပါတယ်။ လူကြိုက်များတဲ့ လှုပ်ရှားမှုအစီစဉ်တွေကတော့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ခြေလျင်ခရီးထွက်တာတွေ၊ တိရိစ္ဆာန်လေးတွေနဲ့ တရင်းတနှီးကိုင်ကြည့်လို့ရမယ့်အစီဉ်တွေ၊ ဒါမှမဟုတ် ကားနဲ့လျှောက်သွားပြီးကြည့်ရတဲတာမျိုးစတာတွေပေါ့။

တလောက Daily Mail မှာ ဗီဒီယိုတစ်ခုကြည့်လိုက်ရပါတယ်။ အမျိုးသမီးတစ်ယောက် တောရိုင်းတောထဲကားနဲ့လှည့်ပတ်ကြည့်နေရာမှ ရုတ်တရက်ကျားသစ်တစ်ကောင်ခေါင်းပေါ်ရောက်လာတဲ့ဗီဒီယိုပါ။ ဗီဒီယိုကြည့်ပြီး အသည်းယားလွန်းလို့။ ဖြစ်ပုံကတော့ ဒီလို။

အာဖရိကမှာ တောရိုင်းတောထဲကားနဲ့လေ့လာရေးထွက်ကြဖို့ ဟိုတယ်တွေ၊ အပြင်အေဂျင်စီတွေကနေ safari jeep ကားတွေနဲ့ ဝန်ဆောင်မှုတွေပေးတတ်ကြပါတယ်။ ဗီဒီယိုထဲက အမျိုးသမီးနဲ့သူငယ်ချင်းတွေဟာလည်း ဂျစ်ကားနဲ့လည်ပတ်ကြည့်ကြတာပေါ့။ တစ်နေရာအရောက် ဂျစ်ကားလည်းရပ်ရော သစ်ပင်ပေါ်မှာ ဘယ်အချိန်ကတည်းကရှိနေမှန်းမသိတဲ့ ကျားသစ်တစ်ကောင်ဟာ ရုတ်တရက်ခုန်ချလာခဲ့ပါတယ်။ ဂျစ်ကားခေါင်မိုးကလည်း ပွင့်နေခဲ့တဲ့အချိန်ဆိုတော့ အမျိုးသမီးရဲ့ခေါင်းနဲ့ကွက်တိပဲ။

Twitter/Amelia Wynne
Twitter/Amelia Wynne

နောက်ကျားသစ်က သူမရဲ့ခေါင်းကို နမ်းကြည့်လိုက် ရှုံ့ကြည့်လိုက်နဲ့လုပ်နေခဲ့ပါတော့တယ်။ သားရဲတစ်ကောင်က ကိုယ့်ခေါင်းကြီးနားမှာ ရှိနေတယ်ဆိုတာ တော်တော်လေး ကြောက်ဖို့ကောင်းပြီး အသည်းယားစရာ အခိုက်အတန့်တစ်ခုပါပဲ။

READ
လူဝီစီယားနားရေးဘေးသင့်ပြည်သူတွေကို ဒေါ်လာတစ်သန်းလှူမယ့်တေလာဆွစ်ဖ်

အမျိုးသမီးကလည်း ဗီဒီယိုရိုက်မိလျက်သားဖြစ်နေတဲ့အခါမှာတော့ အချိန်ကိုက်ပဲ ကျားသစ်တက်လာတာကိုလည်း အမိအရပဲအရရိုက်ယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်းခဏလောက်အကြာမှာတော့ ကျားသစ်ကခေါင်မိုးဆီကို ပြန်တက်သွားခဲ့ပြီး ငြိမ်ငြိမ်လေး ထိုင်နေပါတော့တယ်။ အသည်းယားစရာ ဗီဒီယိုလေးကို ကြည့်ရှု ခံစားလိုက်ပါဦး။

Penny

 

SHARE