ချစ်သူများနေ့မှာ စေ့စပ်လိုက်ကြတဲ့ ဆုအိမ့်စံနဲ့ သူရိယ

ပရိသတ်တွေရဲ့ အချစ်တော် ဆယ်လီစုံတွဲတစ်တွဲဖြစ်တဲ့ ဆုအိမ့်စံနဲ့ သူရိယတို့ကတော့ ဒီကနေ့ (ဖေဖော်ဝါရီ ၁၄) ချစ်သူ များနေ့မှာ စေ့စပ်လိုက်ကြပါပြီ။နှစ်ဖက်သောမိဘအသိုင်းအ၀ိုင်းတွေ၊မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ ရှေ့မှော က် မှာ စေ့စပ်ခဲ့ကြတာပါ။စေ့စပ်ပွဲအကြောင်းကိုတော့ သူရိယက သူ့ရဲ့ fb မှာ အခုလို တင်ထားပါတယ်။

“Happy Our Valentine’s Day❤️

မင်းမဟုတ်​တဲ့ အခြားအရာတွေနဲ့တော့
ဘဝ ကိုအိုမင်းမသွားချင်​ဘူး..❤️

ဒီနေ့ ကျွန်တော်တို့ ၂ ယောက်
စေ့စပ်လိုက်ပါပြီ..❤️……………………..” ဆိုပြီး တင်ထားတာပါ။

သူရိယနဲ့ ဆုအိမ့်စံကတော့ ဇာတ်ကားရိုက်ရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာမျှခဲ့ကြတဲ့ ဆယ်လီစုံတွဲလေးပါ။ ဇန်န၀ါရီ (၂၇)ရက်နေ့လေးကတော့ သူတို့ရဲ့ ချစ်သူသက်တမ်းနှစ်နှစ်ပြည့်ပါ။အဲ့ဒီတုန်းကလည်း သူတို့ကို ချစ်တဲ့ ပရိသတ် တွေနဲ့ အတူ အလှူအတန်းတွေ လုပ်ခဲ့ပါသေးတယ်။

READ
စက္ကူစလေးတွေနဲ့ 3D ရုပ်လုံးကြွအရုပ်ကလေးတွေကို ဖန်တီးနိုင်တဲ့အမျိုးသမီး

Source သူရိယ၊ဆုအိမ့်စံ

SHARE