ပရိသတ်တွေဆီက အချစ်တွေ တောင်းခံလိုက်တဲ့ သွန်းဆက်

ချစ်စရာကောင်းတဲ့ မျက်နာသွင်ပြင်လေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တဲ့ သွန်းဆက်ကတော့ ဖေ့စ်ဘုတ်ပေါ်မှာ သူမရဲ့ ချစ်စရာကောင်းတဲ့ ဓါတ်ပုံလေးတွေကို ဝေမျှပေးတတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒီနေ့မှာလည်း သူမရဲ့ ချစ်စရာ ကောင်းလွန်းတဲ့ ဓါတ်ပုံလေးတွေကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားပါတယ်။

ကိုရီးယားမလေးလို့ အထင်မှားရလောက်အောင် ကိုရီးယား ရိုးရာဝတ်စုံလေးနဲ့ လိုက်ဖက်လွန်းတဲ့ သွန်းဆက်ကတော့ ပရိသတ်တွေဆီက အသည်းလေးတွေ တောင်းပြီး ပရိသတ်တွေရဲ့ အချစ်တွေကို တောင်းခံလိုက်တာ ဖြစ်ပါတယ်။ သွန်းဆက်ရဲ့ ဓါတ်ပုံလေးတွေကလည်း အရမ်းကို ကြည့်မဝအောင် လှလွန်းလို့ ပရိသတ်တွေကြားမှာလည်း တော်တော်လေး ပျံ့နှံ့နေပါတယ်။

သွန်းဆက်ကို ချစ်တဲ့ ပရိသတ်တွေလည်း သွန်းဆက်ရဲ့ ဓါတ်ပုံလေးတွေကို အသည်းလေးတွေပေးလိုက်ကြပါဦးနော်။ သွန်းဆက်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ကြပါဦး။

Source: Thun Sett

SHARE