စေ့စပ်ကြောင်းလမ်းချိန်မှာ ရင်ခုန်ခဲ့ရတဲ့အကြောင်းလေးတွေကို ဆုအိမ့်စံဝေမျှ

ပရိသတ်တွေရဲ့ အချစ်တော် ဆယ်လီစုံတွဲတစ်တွဲဖြစ်တဲ့ ဆုအိမ့်စံနဲ့ သူရိယတို့ကတော့ ဖေဖော်ဝါရီ (၁၄)ရက်နေ့ ချစ်သူ များနေ့မှာ စေ့စပ်ခဲ့ပါတယ်။နှစ်ဖက်သောမိဘအသိုင်းအ၀ိုင်းတွေ၊မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ ရှေ့မှောက် မှာ စေ့စပ်ခဲ့ကြတာပါ။တွဲလာတဲ့ ချစ်သူသက်တမ်း(၂)နှစ်ကျော်မှာပဲ နှစ်ယောက်တစ်ဘ၀ထူထောင်ဖို့ ခြေလှမ်း စခဲ့တာပါ။ချစ်သူများနေ့မတိုင်ခင် စေ့စပ်ပွဲမကျင်းပခင်က လူကြီးမိဘစုံရာနဲ့ သူမရဲ့ မိဘတွေဆီကို သူရိယတို့ မိဘတွေက လာပြီးတောင်းရမ်းစေ့စပ်ကြောင်းလမ်းခဲ့တဲ့ အချိန်ကအကြောင်းလေးတွေကို ဆုအိမ့်စံက သူမရဲ့ fb မှာ ဝေမျှထား ပါတယ်။

Thu Riya & Hsu Eaint San’s fb
Thu Riya & Hsu Eaint San’s fb
Thu Riya & Hsu Eaint San’s fb

“ချစ်သူများနေ့မတိုင်ခင်က ဖြစ်ခဲ့တာလေးပေါ့
အစဉ်အလာအရ
သားရှင်ဘက်က သမီးရှင်ဘက်ကို
သွားရောက် စေ့စပ်ကြောင်းလမ်းကြတယ်
ဆုဆုအိမ် ရောက်တဲ့အချိန်မှာတော့
ဧည့်ခန်းမှာ ဆုဆု မိဘတွေနဲ့
မိတ်ဆွေတွေရှိနေကြတယ်.
ဆုဆုကတော့ အခန်းထဲကထွက်မလာသေးဘူး.
သူရိယကတော့ နှစ်ဘက်မိဘများ နှင့်
ဆွေမျိုး လူကြီးတွေကို မိတ်ဆက်ပေးပြီး
သူရိယရဲ့ဖေဖေနဲ့ ဆုဆုဖေဖေတို့
စကားစမြည်တွေပြောကြပြီး
မိတ်ဆွေတွေ လူကြီးတွေပါ
ရင်းရင်းနီးနီးဖြစ်သွားကြတယ်
နောက်မှ ဆုဆု က သူ့အခန်းထဲကနေ
ထွက်လာတယ် ( ပြုံးပြုံးလေးပေါ့ )

Thu Riya & Hsu Eaint San’s fb
Thu Riya & Hsu Eaint San’s fb
Thu Riya & Hsu Eaint San’s fb


ဆုဆုရောက်တော့မှ
ချစ်သူလေးမျက်နှာ မြင်ရပြီဆိုတော့
စေ့စပ်ပွဲလေးလုပ်မယ့်နေရာတွေ
အစီအစဉ်လေးတွေပြောပြကြတယ်.
နှစ်ဘက်မိဘတွေနဲ့ လူကြီးတွေကို
ကန်တော့ပြီး ဆုံးမ သြဝါဒကိုခံယူကြတယ်.
ပရိသတ်တွေကိုပြောပြချင်တာက…………

Thu Riya & Hsu Eaint San’s fb
Thu Riya & Hsu Eaint San’s fb


သွားတောင်းတဲ့အချိန်လေးမှာ
သူရိယ နဲ့ ဆုဆုတို့မှာ ပျော်ရွှင်ရသလို
ရင်ခုန်မူလေးတွေ ကြည်နူးမူလေးတွေ
အများကြီးပေါ့..
ပရိသတ်တွေထဲမှာလဲ
အဲ့လိုခံစားမူမျိုးလေးတွေ ခံစားဖူးမှာပါ.
မရှိသေးတဲ့ ပရိသတ်တွေလဲ
တချိန်ချိန်မှာ ခံစားမိမှာပါ..❤️……………..” ဆိုပြီး ဝေမျှထားပါတယ်။

Thu Riya & Hsu Eaint San’s fb
Thu Riya & Hsu Eaint San’s fb

Source Thu Riya & Hsu Eaint San

SHARE