ဖခင်က အပျိုစစ်သေးလား စစ်ဆေးခြင်းခံရတဲ့ ခံစားချက်ကို ပြောပြခဲ့တဲ့ ရက်ပ်ပါ T.I. ရဲ့သမီး

Instagram- @princess_of_da_south

ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်တုန်းက ရက်ပ်အဆိုတော် T.I အနေနဲ့ သူ့သမီးတွေကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်လဲဆိုတဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။ ပြောပြလာရင်းနဲ့ အသက် ၁၈ နှစ်ပြည့်သွားခဲ့တဲ့ သမီးအကြီးအကြောင်းကိုပါတစ်ဆက်တည်း အင်တာဗျူးမှာဖြေခဲ့တာပါ။ သမီးဖြစ်သူကို အပျိုဖော်ဝင်ခါစကတည်းကိုက မွေးနေ့ရောက်တိုင်း သားဖွားမီးရပ်ဆီကိုခေါ်သွားပြီးတော့ အပျိုစစ်၊ မစစ်ဆိုတာ စစ်ကြည့်တယ်ဆိုတဲ့ အကြောင်းပါ။

Instagam- @princess_of_da_south

ဒီအကြောင်းအရာဟာ အဲဒီအချိန်တုန်းကတော့ သတင်းခေါင်းကြီးပိုင်းတွေမှာ တော်တော်လေး နေရာယူခဲ့တဲ့အတွက် Shwemom မှလည်း ဖော်ပြခဲ့ပြီးပါပြီ။

READ
လက်ထိပ်တန်းလန်းနဲ့ အဖမ်းခံရချိန်မှာ ချစ်သူကို လက်ထပ်ခွင့် တောင်းခံတဲ့အမျိုးသား

အခုဆိုရင်တော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး T.I ရဲ့ သမီးဖြစ်သူ ကာယကံရှင်ကောင်မလေးက သူမရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောကြားခာခဲ့ပါတယ်တဲ့။ ဖခင်တစ်ယောက်အနေနဲ့ အခုလိုလုပ်တယ်ဆိုတာ သမီးကို စိုးရိမ်လို့မှန်း သိပေမယ့်လို့ အရာရာပွင့်လင်းမြင်သာမှုရှိနေတဲ့ အနောက်တိုင်း ရပ်ဝန်းမှာတော့ ဒီကိစ္စဟာ ထုံးဆန်းအံ့ဖွယ်တစ်ခုလို ဖြစ်နေခဲ့တာပါ။

Instagam- @princess_of_da_south

https://www.instagram.com/p/ByLX95ohpHm/

ဒီအပြင် သူမအနေနဲ့ မိသားစုတွင်းမှာပဲ သိသင့်တဲ့ ကိစ္စတွေကို တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး ကြည့်နိုင်တဲ့ အင်တာဗျူးလိုမျိုးမှာ ထုတ်ပြောခဲ့တာဆိုတော့ အရမ်းကိုတုန်းလှုပ်သွားခဲ့ရပါတယ်တဲ့။ သူ့ရဲ့ Twitter account ကိုလည်း သတင်းမီဒီယာတွေက tag ပြီး ပြောကြတဲ့အတွက် စိတ်အနှောက်အယှက်ဖြစ်ရသလို ဝမ်းလည်းနည်း၊ ဒေါသလည်းထွက်ပြီး တုန်လှုပ်ခြောက်ခြားခဲ့ရပါတယ်တဲ့လေ။ ဒီကိစ္စကြောင့်ပဲ ဖခင်နဲ့ စကားတောင် ကောင်းကောင်းမပြောတော့ဘဲနဲ့ မျက်နှာချင်းတောင် မဆိုင်ဖြစ်ခဲ့တာ အတော်ကြာပြီလို့ Insider ကိုပြောပြလာခဲ့ပါတယ်။

Instagam- @princess_of_da_south

Penny

SHARE