လှုပ်နေတဲ့စာပို့ သေတ္တာထဲမှာ ကျားပေါက်လေးတစ်ကောင်ကို တွေ့ရှိခဲ့

လူတွေက စာတိုက်ကနေ ပစ္စည်းမျိုးစုံကို ပို့တတ်ကြတာသိပေမယ့် ဒီတစ်ခုကတော့ အတော်ထူးဆန်းပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၇)ရက်နေ့တုန်းက မက္ကဆီကိုရဲသားတွေဟာ တိပ်နဲ့ပိတ်ထားတဲ့ စာပို့ပုံးတစ်ခုထဲမှာ ကျားပေါက်ကလေးကို ရှာတွေ့ခဲ့ကြပုံကို Facebook မှာ တင်ခဲ့ပါတယ်။

စစ်ဆေးရေးအရာရှိတွေရဲ့ အနံခံခွေးက စာပို့ပုံးတွေကို အနံ့လိုက်ခံခဲ့ရာ ကျားပေါက်လေးကို တွေ့ခဲ့ပြီး သတင်းများအရ ကျားလေးဟာ အပြာရောင်ပုံးထဲမှာ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေခဲ့ပါတယ်။ ကျားလေးကို မက္ကဆီကိုအနောက်ပိုင်း Jalisco ကနေ မက္ကဆီကိုအလယ်ပိုင်းရှိ လိပ်စာတစ်ခုသို့ ပို့ခဲ့တာဖြစ်ပြီး (၂)လသားအရွယ်လေးဟာ သတင်းစာအစတွေ ကြားထဲမှာ ရှိနေခဲ့ပါတယ်။

ကျားလေးကို စာတိုက်ကတစ်ဆင့် ပို့ခဲ့တဲ့ လူဟာ ကျားလေးအသက်ရှူလို့ရအောင် ပုံးကိုတော့ အပေါက်တွေ ဖောက်ပေးလိုက်ပေမယ့် အစာရေစာတွေကိုတော့ မထည့်ပေးလိုက်ပါဘူး။ သတင်းများအရ ကျားပေါက်လေးဟာ ရေဓာတ်ခမ်းခြောက်နေခဲ့တာကလွဲလို့ အခြားပြဿနာမရှိခဲ့ကြောင်း သိရပါတယ်။

အခုဆိုရင် သူ့ကို သဘာဝရင်းမြစ်ဌာနက စောင့်ရှောက်ထားပြီး ကျားလေးကို စာတိုက်ကနေ ပို့ခဲ့တဲ့အမှုကိုတော့ ရဲဘက်က စုံစမ်းဆဲရှိကြောင်း သိရပါတယ်။

READ
ကျောင်းမှာအနိုင်ကျင့်ခံရလွန်းလို့ ကိုယ့်ကိုယ်ကိုသတ်သေခဲ့တဲ့ကျောင်းသားလေး

 

White (Shwemom)

Ref: LittleThings

SHARE