ရန်စွာလွန်းတဲ့ခွေးကိုကြောက်ပြီး နောက်ပြန်ဆုတ်သွားခဲ့တဲ့ ကျားသစ်ရဲ့အဖြစ်

Youtube

လူတစ်ယောက်ဟာ ဘ၀မှာ အန္တရာယ်တွေနဲ့ ကြုံလာပြီဆို မသိစိတ်ရဲ့ စေ့ဆော်မှုတွေအရ လုပ်မိလုပ်ရာတွေ လုပ်လိုက်နိုင်သလို၊ မမျှော်လင့်ထားတွေ၊ မမြင်ရတဲ့ အစွမ်းတွေ ထွက်လာတတ်ကြပါတယ်။ တိရိစ္ဆာန်တွေရဲ့ ဘ၀မှာလည်း ထိုနည်းလည်းကောင်းပါပဲ။

အိန္ဒိယနိုင်ငံ Rasjasthan ပြည်နယ် Jaipur မြို့အနီးက Jhalana ဆာဖာရီဥယျာဉ်မှာတော့ လမ်းပေါ်မှာ အိပ်နေတဲ့ ခွေးလေခွေးလွင့်တစ်ကောင်ကို ကျားသစ်ပျိုတစ်ကောင်က ခုန်အုပ်ဖို့ ကြိုးစားခဲ့ပြီး ခွေးရဲ့ ရင်ဆိုင်မှုကြောင့် နောက်ပြန်ဆုတ်သွားခဲ့ရတဲ့အဖြစ်ကို ဗီဒီယိုနဲ့တကွ တွေ့ရပါတယ်။

Youtube

လမ်းပေါ်မှာ ဘာကိုမှ ဂရုမပြုဘဲ အိပ်နေတဲ့ ခွေးကို ချောင်းနေတဲ့ ကျားသစ်ကို အဲ့ဒီရောက်နေတဲ့ ခရီးသွားတွေက တွေ့ခဲ့ကြတာပါ။ ဒီလို ရင်ဆိုင်မှုမျိုးအတွက် အားလုံးသော ခရီးသွားတွေက မိုဘိုင်းဖုန်းတွေ ကိုယ်စီထုတ်ပြီး အသင့်ပြင်ထားနှင့်ပြီးနေပါပြီ။ ကျားသစ်ဟာ ခွေးကို တိုက်ခိုက်မယ်ဆိုတာက သိပ်ကို ထင်ရှားနေခဲ့ပေမယ့် တကယ်တမ်း ဖြစ်လည်းဖြစ်ရော မျှော်လင့်ထားသလို ဟုတ်မနေခဲ့ပါဘူး။

READ
လူနာတစ်ဦးကိုခွဲစိတ်စဉ် သည်းခြေကျောက် (၈၃၈)လုံးအထိ တွေ့ခဲ့ရလို့ ဆရာဝန်များ အံ့သြနေ
Youtube

ကျားသစ် ခုန်အုပ်တာနဲ့ ချက်ချင်းဆိုသလို ခွေးက နိုးလာပြီး စတင် အဆက်မပြတ် အားနဲ့ မာန်နဲ့ ဟောင်ပါတော့တယ်။ ဘယ်လောက်တောင် ဟောင်ပစ်လဲဆိုရင် ကျားသစ်ခမျာ စိတ်ညစ်သွားပုံပါရတယ်။ ခွေးက လိုက်မတိုက်ဘဲနဲ့တောင် သူဟာသူ ပြန်လှည့်ထွက်သွားခဲ့ပါတယ်။

ကျားသစ်ရဲ့ နာမည်က Julie ဆိုတာကို တောရဲ့ အရာရှိတွေနဲ့ ကျွမ်းကျင်သူတွေက ပြောပြပါတယ်။ ကျားသစ်မလေးအနေနဲ့ ခွေးကိုလည်း တကယ်တမ်းမှာ မတိုက်ခိုက်ခဲ့ပါဘူး။ ကျးစယ်ချင်ရုံလောက်ပဲနေမယ်လို့ အဲ့ဒီက အရာရှိတွေက ပြောပြပါတယ်။ ဘာပဲဖြစ်ဖြစ် ဗီဒီယိုထဲကအတိုင်းဆို ခွေးကို ကျားသစ်က ကြောက်လန့်သွားတာမျိုးလည်း ဖြစ်နိုင်တာပါပဲ။ ဒီဗီဒီယိုလေးကိုကြည့်ပြီး သင့်ဘ၀ကြုံတွေလာသမျှတွေကို ဘာမှ ကြောက်ရွံမနေဘဲ မာန်နဲ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်တယ်ဆိုတာကို သဘောပေါက်မယ်လို့ ထင်ပါတယ်။

Source: RVCJ

READ
ငွေကြေးချမ်းသာပေမဲ့ သေခြင်းတရားကို လာဘ်မထိုးနိုင်ခဲ့တဲ့ ခွဲစိတ်ဆရာဝန် သူဌေးတစ်ဦး
Matthew (ShweMOM)
SHARE