ကြော်ငြာတွေ ထည့်သွင်းဖို့ စမ်းသပ်မှုတွေ လုပ်နေတဲ့ TikTok app

ကမ္ဘာတဝှမ်း စမတ်ဖုန်းအသုံးပြုသူတွေကြား ရေပန်းစားလှတဲ့ ဖျော်ဖြေရေး app တစ်ခုဖြစ်တဲ့ TikTok ကတော့ ခုနောက်ပိုင်းမှာ ကြော်ငြာရှင်တွေရဲ့ အာရုံစိုက်ခြင်းကို ပိုမိုရရှိလာနေပါတယ်။ လတ်တလောမှာလည်း TikTok app ထဲမှာ ကြော်ငြာပုံစံသစ်တစ်မျိုးကို စမ်းသပ်လျက်ရှိပါတယ်။

အမေရိကန်က TikTok မှာ စမ်းသပ်နေတာဖြစ်ပြီး ကြော်ငြာပုံကတော့ အသုံးပြုသူတွေဆီကို စပွန်ဆာ ဗီဒီယိုတစ်ခု ပေါ်လာမှာ ဖြစ်ပါတယ်။ ထိုဗီဒီယိုကို နှိပ်လိုက်တာနဲ့ ကြော်ငြာတဲ့ ကုန်ပစ္စည်းရဲ့ ပေ့ခ်ျကို တန်းရောက်သွားမှာလည်း ဖြစ်ပါတယ်။ အလားတူ ကြော်ငြာပေ့ခ်ျတွေဟာ နောက်ဆို ကုန်ပစ္စည်းများစွာအတွက် ထွက်ပေါ်လာမှာ ဖြစ်ပေမယ့် ယခုက စမ်းသပ်ဆဲကာလဖြစ်တဲ့အတွက် Specialized Bikes (@specializedbikes) ဆိုတဲ့ ကြော်ငြာပေ့ခ်ျတစ်မျိုးသာ တက်လာနေသေးပါတယ်။

Variety

ထိုထုတ်ကုန်ကြော်ငြာတဲ့ ပေ့ခ်ျဟာ ကြည့်လိုက်ရင် Instagram အကောင့်တစ်ခုနဲ့တောင် ဆင်တူပါတယ်။ ပေ့ခ်ျနာမည်ရဲ့ ဘေးမှာလည်း အပြာရောင် အမှန်ခြစ် အမှတ်အသားပါဝင်ပြီး ဒါဟာ အခြားလူမှုကွန်ရက်တွေမှာဆိုရင် အတည်ပြုမှု အဆင့်များစွာကို ကျော်ဖြတ်ပြီးမှ အသုံးပြုသူရဲ့ အကောင့်မှာ ရရှိတတ်တဲ့ အမှတ်အသားလိုမျိုးပါ။ TikTok အသုံးပြုသူတွေရဲ့ ပရိုဖိုင်တွေကလည်း အဲဒီ့လိုပုံမျိုးတွေ မဟုတ်ကြပါဘူး။

READ
အိမ်နီးနားချင်းရဲ့ရေချိုးခန်းနဲ့အိပ်ခန်းတွေကို ဒရုန်းနဲ့ခိုးကြည့်တဲ့စုံတွဲ အဖမ်းခံရ
techcrunch

Digiday ကနေ ဖော်ပြထားချက်အရတော့ TikTok မှာ ကြော်ငြာပုံစံ ၄ မျိုး ရှိလာမှာ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ ကိုယ်ပိုင်ပေ့ခ်ျနဲ့ ထုတ်ကုန်ကြော်ငြာမျိုးတွေ၊ ဒုတိယတစ်မျိုးက တွေ့နေကျဖြစ်တဲ့ ကိုယ်ကြည့်နေတဲ့ စာမျက်နှာပေါ်မှာ ကြော်ငြာဗီဒီယိုတွေပါ ပေါ်နေတာမျိုးတွေ၊ တတိယတစ်ခုက hashtag (#) challenge ဖြစ်ပြီး နောက်တစ်မျိုးကတော့ Snapchat စတိုင် 2D ဓာတ်ပုံ filter တွေကို အသုံးပြုစေမယ့် နည်းဖြစ်ပါတယ်။

Sensor Tower က စစ်တမ်းအရ တရုတ်က အသုံးပြုသူတွေကို ထည့်မတွက်ရင်တောင် ကမ္ဘာတဝှမ်းမှာ TikTok ကို ဒေါင်းလုတ်ဆွဲ အသုံးပြုတဲ့ အရေအတွက်က သန်း ၈၀၀ အထိ ရှိပါတယ်။ တရုတ်က အရေအတွက်နဲ့ ပေါင်းလိုက်မယ်ဆိုရင် ဒေါင်းလုတ်အကြိမ်ရေ ၁ ဘီလီယံ ပြည့်သွားပြီဖြစ်တဲ့ app တစ်ခုလည်း ဖြစ်ပါတယ်။ အခုလို အသုံးပြုသူ အုံလိုက်ကျင်းလိုက် ရှိနေတဲ့ app ကို ကြော်ငြာရှင်တွေ စိတ်ဝင်စားမှု မြင့်တက်လာတာလည်း မဆန်းပါဘူး။ လက်ရှိမှာတော့ TikTok ကနေ ကြော်ငြာတွေနဲ့ ပတ်သက်လို့ တရားဝင် ကြေညာခြင်း မရှိသေးကြောင်း သိရပါတယ်။

READ
ဓာတ်ပုံတွေမှာ LIKE ဘယ်လောက်ရလဲ ကြည့်လို့မရအောင် လုပ်လိုက်တဲ့ Instagram

Ref: Tech Crunch

SHARE