တစ်ပတ်အတွင်း ကြည့်ရှုသူ (၂၇)သန်း ကျော်သွားခဲ့တဲ့ Tiktok က အမိုက်စား ဗီဒီယိုတစ်ခု

Tiktok- Angel Aanadia

Tiktok မှာ အောင်မြင်ဖို့ဆိုတာ ပြောသလောက် သိပ်တော့ လွယ်ကူလှတယ်မဟုတ်ပါဘူး။ ၁ မိနစ်စာဗီဒီယိုလေးတွေကို လူကြည့်များအောင်လို့ creative ကောင်းကောင်း စိတ်ကူးကောင်းကောင်းနဲ့ ဖန်တီးဖို့လိုသလိုပဲ တင်ဖို့အတွက်ကိုလည်း edit skills တွေလည်း အများကြီးလိုအပ်ပါသေးတယ်။

ဟိုနေ့က Tiktok ကြည့်ရင်းနဲ့ ဗီဒီယိုတစ်ခုသွားမြင်လိုက်ပါတယ်။ ရုပ်ချောမှ အောင်မြင်မယ်ဆိုတဲ့ အစဉ်အလာကြီးကို ဖျက်လိုက်ပြီး တကယ်မိုက်တဲ့ ဗီဒီယိုတစ်ခုပေါ့။ ပညာပေးတွေ ဘာတွေမဟုတ်ပေမယ့်လည်း ကြည့်ရတာကိုက မိုက်နေပြီး entertain ဖြစ်နေတာမျိုး။

Tiktok account ကတော့ Angel Anadia ပါတဲ့။ ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်သူလေးပါ။ ဇန်န၀ါရီ လဆန်းလောက်တုန်းက ဗီဒီယိုတစ်ခုတင်ခဲ့တယ်ပေါ့လေ။ Angel Anadia အပါအဝင် တခြားသော သူငယ်ချင်းတွေနဲ့ အတူတူ ရိုက်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။

READ
တိရစ္ဆာန်မျိုးစုံခြံရံပြီး လမ်းလျှောက်ထွက်လာတဲ့ အမျိုးသမီးရဲ့ဗွီဒီယိုဖိုင် ရေပန်းစားနေ

Nicki Minaj ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Anacoda ကို သုံးထားပြီးတော့ ကထားတာပါ။ ဒါပေမဲ့ ရိုးရိုးတန်းတန်းမဟုတ်ဘဲနဲ့ သေချာလေး ပြင်ဆင်ပြီးမှ ရိုက်ကူးထားတာကို မြင်ရမှာဖြစ်ပါတယ်။ အကပုံစံကတော့ အခု Tiktok မှာ ခေတ်စားနေတဲ့ slow motion အကွက်ကို သုံးပြီးကသွားတာပါ။ တစ်ယောက်တည်းမဟုတ်ဘဲနဲ့ ရှိသမျှသူငယ်ချင်းတွေအကုန်လုံး အားလုံး ညီညီညာညာနဲ့ slow motion ကို ပုံဖော်သွားတာ ချီးကျူးစရာပါပဲ။

ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ဒီဗီဒီယိုဟာ ကြည့်ရှုသူပေါင်း ၂၇.၆ သန်းတောင်ရှိလို့နေပါပြီ။ Angel Anadia ကတော့ follower ပေါင်း ၃၃၆,၃၀၀၀ တောင်ဖြစ်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဗီဒီယိုလေးကို ကြည့်လိုက်ကြရအောင်လား။

 

@angelanadia21part 2 medyo di perfect sorry HAHA!##angelanadia21 ##foryou ##fyp ##viral♬ original sound – James Quines

penny

SHARE