အမေရိကန်မှာ အဓိကရုဏ်းတွေဖြစ်မယ့်အကြောင်း ကြိုခန့်မှန်းခဲ့တဲ့ ဗေဒင်ဆရာမလေး

tiktok/marenaltman

Tiktok က ဗေဒင်ဆရာမလေးတစ်ဦးဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို မဖြစ်ပွားခင်ကတည်းက တော်တော်လေးတိကျစွာ ခန့်မှန်းနိုင်ခဲ့တယ်လို့ Ladbible အရ သိရပါတယ်။ ထရမ့်ပ်ထောက်ခံသူတွေဟာ ၂၀၂၀ နိုဝင်ဘာ၃ရက်နေ့တုန်းက ကျင်းပခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲရလဒ်ကို မကျေနပ်တဲ့အတွက် လတ်တလောမှာ Capitol အဆောက်အဦးကို စီးနင်းပြီး အစိုးရနေရာကို ဖျက်ဆီးခဲ့တာပါ။ ထရမ့်ပ်ကို ထောက်ခံသူတွေက ရွေးကောက်ပွဲရလဒ်ကြောင့် သူတို့ယုံကြည်ချက်တွေအခိုးခံလိုက်ရပြီလို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် TikTok က ဗေဒင်ဆရာမလေး Maren Altman ကတော့ ဒါတွေဖြစ်လာမှာ ကြိုသိနေပုံပါပဲ။ Maren ရဲ့ ဇန်နဝါရီ ၂၀၂၁ ခုနှစ်အတွက် ခန့်မှန်းချက်တွေအရတော့ ၆ရက်နေ့မှာတော့ ထရမ့်ပ်ကိုလိုလားသူတွေဘက်က တော်တော်များများအားကောင်းနေပြီး ထရမ့်ပ်ဟာ မီဒီယာတွေရဲ့စိတ်ဝင်စားမှုကို သိသာထင်ရှားစွာရလာနိုင်ကြောင်း၊ ဆန္ဒပြပွဲပဲဖြစ်ဖြစ်၊ သတင်းမီဒီယာကုမ္ပဏီကြီးတစ်ခုရဲ့ကြေညာချက်ပဲဖြစ်ဖြစ် ပေါ်လာနိုင်ကြောင်း ခန့်မှန်းခဲ့တာပါ။

READ
တစ်နေ့ကို ဒေါ်လာ(၉၀၀)ကျော်ဝင်ငွေရှိတယ်ဆိုတဲ့ ဂျပန်နိုင်ငံရဲ့ နံပါတ်(၁)ဧည့်ကြိုမယ်လေး
tiktok/marenaltman

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ရက်နေ့တုန်းကတော့ ထရမ့်ပ်ကိုအားပေးထောက်ခံသူတွေက Capitol ကိုဝင်စီးနင်းပြီး ထရမ့်ပ်ရဲ့ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် Maren ရဲ့ခန့်မှန်းချက်တွေဟာ တော်တော်လေးမှန်နေတာကို တွေ့ရပါတယ်။ Maren ဟာ တစ်လလုံးစာအတွက်လည်း ဟောကိန်းတွေထုတ်ခဲ့ပါသေးတယ်။

သူမက အခြေအနေကောင်းလာမယ့် သတင်းအချို့နဲ့အတူ နောင်နှစ်အနည်းလောက်အတွင်း ခေါင်းဆောင်ပိုင်းနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေပေါ်ပေါက်လာနိုင်ကြောင်း၊ အာဏာရှိလူတစ်ယောက်ဟာ လူတွေရဲ့ကောင်းကျိုးအတွက် ၄င်းအာဏာကိုအသုံးချမှာဖြစ်ကြောင်း ဆိုထားပါသေးတယ်။ ဇန်နဝါရီလဟာ နောက်ထပ်သုံးနှစ်အတွက် အရေးကြီးတဲ့လဖြစ်ကာ တိုးတက်ရေးဝါဒီတွေနဲ့ ရှေးရိုးစွဲဝါဒီတွေကြား အမြင့်ဆုံးအားပြိုင်မှုဖြစ်လိမ့်မယ်လို့ Maren က ခန့်မှန်းခဲ့တာဖြစ်ပါတယ်။ ဒါကတော့ Maren ခန့်မှန်းပြောဆိုထားတဲ့ ဇန်နဝါရီလအတွင်း ဖြစ်ပွားမယ့် အမေရိကန်နိုင်ငံရေးအခြေအနေပဲဖြစ်ပါတယ်။

@marenaltmanjanuary 2021 astrology – how do you all like this high quality setup #astrology #Welcome2021 #RareAesthetic #fyp♬ Intro – The xx

ShweMom

SHARE