ကိုဗစ်ကာလအတွင်း ခရီးသွားခဲ့မိတဲ့ Tiktok ဆယ်လီတစ်ယောက်ရဲ့ အဖြစ်ဆိုး

[email protected] charlyjordan

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတဲ့ အချိန်ဖြစ်တာကြောင့် လူတိုင်းနီးပါး အိမ်မှာပဲနေပြိး အတက်နိုင်ဆုံး အပြင်ကို လုံးဝမထွက်သင့်တဲ့ အခြေအနေပါ။ COVID 19 ကပ်ရောဂါဟာ စဖြစ်ခါစ အချိန်ကလောက် လူအသေအပျောက် မများတော့ပေမယ့် ရောဂါကာကွယ်ဆေးဟာ အခုအချိန်အထိ မပေါ်သေတာကြောင့် လူတိုင်း သတိထားရမယ့် အခြေအနေပါပဲ။ အခုလည်း နာမည်ကြီး Tiktok ဆယ်လီတစ်ယောက်ဟာ COVID 19 ကပ်ရောဂါကာလအတွင်းမှာ ခရီးသွားခဲ့တာကြောင့် နောင်တရစရာဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့ခဲ့ကြောင်း The Wrap သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ Tiktok ဆယ်လီကတော့ Charly Jordan လို့ အမည်ရတဲ့ အမေရိကန်နိုင်ငံသူလေးပဲ ဖြစ်ပါတယ်။ Charly ဟာ Tiktok မှာ Follower ပေါင်း ၂ သန်းနီးပါးရှိပြီး Instagram မှာ ဆိုရင်လည်း Followers ၃ သန်းကျော်ရှိတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ Charly ဟာ လွန်ခဲ့တဲ့ သြဂုတ်လကုန်ပိုင်းလောက်မှာ အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ Rwanda နိုင်ငံကို အလည်အပတ်သွားရောက်ခဲ့ပါသေးတယ်။ Rwanda နိုင်ငံကတော့ လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံသားတွေကို အထူးသီးသန့်ခွင့်ပြုချက်တွေနဲ့ လာရောက်လည်ပတ်ခွင့် ပြုပေးခဲ့တဲ့ အာဖရိကနိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

 

View this post on Instagram

 

Silverback gorillas were put on the endangered species list in 2018 by the IUCN, these gorillas share 98% of our DNA! Watching these beautiful creatures coddle their babies and protect their own, I never thought I’d be able to experience this in my lifetime. We are so far removed from the real world, it’s important to remember we need to care for every living creature. It’s very rare to see a silverback gorilla, as the silver is a sign of maturity, not the species. And they were put on the endangered species list due to the damage of their habitat. @gorillatrekkinginbwindi gives back to helping support their habitat and the communities around Rwanda, Uganda, and the Congo helping with education and water supply! Thank you so much for the amazing experience and if you guys ever come out here make sure to check them out! It’s so rare to be this close to these beautiful animals and see so many of them! Check out the clip of the leader of the pack “Agashya” which means special. HUGE SILVERBACK

A post shared by ❀ CHARLY JORDAN ❀ (@charlyjordan) on

Charly ဟာ Rwanda နိုင်ငံကို ရောက်ရောက်ချင်းမှာ အမေရိကန်နိုင်ငံက မထွက်လာခင် ဆေးစစ်ဆေးခဲ့တဲ့ မှတ်တမ်းကို ပြသပြီး Rwanda နိုင်ငံအတွင်း လည်ပတ်ခွင့်ကို ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း Rwanda နိုင်ငံကို ရောက်တာနဲ့ နောက်တစ်ကြိမ် COVID 19 ရောဂါရှိမရှိ ထပ်မံစစ်ဆေးခဲ့ရပါတယ်။ ဒီလိုနဲ့ ဆေးစစ်ချက်အဖြေ မထွက်ခင်မှာ Charly တစ်ယောက် Rwanda နိုင်ငံအတွင်းမှာ လည်ပတ်ခဲ့ပြီး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို သူမရဲ့ Instagram အကောင့်မှာ တင်ခဲ့ပါသေးတယ်။ ဒီလိုနဲ့ သိပ်မကြာခင်အချိန် Rwanda နိုင်ငံက စစ်ဆေးခဲ့တဲ့ ဆေးစစ်ချက်မှာတော့ Charly မှာ COVID 19 ကပ်ရောဂါရှိနေတယ်ဆိုတဲ့ အဖြေထွက်ခဲ့တာကြောင့် Rwanda နိုင်ငံကရဲတွေဟာ Charly ကို ချက်ချင်းဖမ်းဆီးခဲ့ပါတယ်။

READ
"နင့်အသည်းနှလုံးငါ့ကိုပေး" ဆိုပြီး ချစ်သူရဲ့ ရင်ဘတ်ကို ဓားနဲ့ထိုးခဲ့တဲ့ ကောင်မလေး

 

“ကျွန်မအနေနဲ့ တော်တော်လေးကို ထိတ်လန့်ခဲ့ရပါတယ်။ ကျွန်မမှာ COVID 19 ရောဂါရှိနေတယ်ဆိုပြီး ဖမ်းခေါ်သွားပြီး အခန်းတစ်ခုထဲမှာ ၄ ရက်ကြာအောင် ပိတ်ထားခဲ့ပြီး နောက်တစ်ကြိမ်ထပ်စစ်တာ မပေါ်မချင်း ဒီထဲမှာပဲ quarantine နေဖို့ ပြောခဲ့ပါတယ်။ ၄ ရက်အကြာမှာတော့ ဆေးစစ်ချက်အဖြေကမှားနေတာကြောင့် ကျွန်မကို ပြန်လွှတ်ပေးခဲ့ပါတယ်။ တစ်ကယ်ကို အထိတ်တလန့်ဖြစ်ခဲ့ရတဲ့ အခြေအနေပါ။ ဒါ့ကြောင့် ကျွန်မအနေနဲ့ ပြောချင်တာက ဒီလိုအချိန်မျိုးမှာ ခရီးသွားတာ လုံးဝကို မကောင်းပါဘူး။ ကျွန်မအနေနဲ့လည်း ခရီးမသွားခဲ့သင့်ပါဘူး။ ကျွန်မကြောင့် ပရိသတ်တွေ အထိတ်တလန့်ဖြစ်ခဲ့ရတယ်ဆိုရင် ကျွန်မတစ်ကယ်ကို တောင်းပန်ပါတယ်။ အကောင်းဆုံးကတော့ ဒီ COVID 19 ကပ်ရောဂါကြီးကနေ တစ်ကမ္ဘာလုံး လွတ်မြောက်သွားမှ ခရီးသွားတာ အကောင်းဆုံးပါပဲ” လို့ Charly က ပြောကြားခဲ့ပါတယ်။

READ
အဆော့လွန်ပြီး အိမ်ရှေ့သံတံခါးမှာ ခေါင်းညပ်နေခဲ့တဲ့ ကလေးရဲ့အဖြစ်

 

Pyi Hein Kyaw

SHARE