Tiktok ဟာ လက်ရှိအချိန်မှာ တော်တော်လေးကို လူသုံးများနေတဲ့ social platform တစ်ခုဖြစ်ပါတယ်။ အဲဒီမှာဆိုရင် အလှအပတွေရော၊ ဟာသတွေ၊ ပညာပေးတွေ၊ နည်းပညာနဲ့သက်ဆိုင်တာတွေအပြင်ကိုမှ အိမ်မှုကိစ္စနဲ့ပတ်သက်တဲ့ ဗီဒီယိုတွေပါရှိနေပါတယ်။ Cooking show တွေလိုမျိုးပေါ့။
အခုလည်း Tiktok မှာ နာမည်ကြီးနေတဲ့ အိမ်ရှင်ထီးတစ်ယောက်ရှိနေပါတယ်။ သူ့နာမည်ကတော့ Nathan Lyons ပါတဲ့။ သြဇီအနောက်ပိုင်းကရှိနေပြီးတော့ သြဇီမှာ မိသားစုတစ်စုလုံးစာအတွက် ဈေးသက်သက်သာသာနဲ့ ဘယ်လိုမျိုး ဗိုက်ဝအောင် ချက်ပြုတ်ပေးလို့ရမလဲဆိုတဲ့ ပုံစံလေးတွေနဲ့ ဟင်းလေးတွေ ချက်ပြလျက်ရှိနေပါတယ်။
@kookingwithakooriHappy Naidoc week. 🖤💛❤️ @andrewfyplopez @koorikrystal @koorimark @meissa.com.au @shakiki94 @krystallyons06 ##alwayswasalwayswillbe♬ original sound – Kooking with a koori
@kookingwithakooriKooking with a koori 🖤💛❤️ omelet ##aboriginal ##madfeedz ##koori ##indignous ##australia ##deadly ##fyp ##breakfast ##eggs♬ Bacon, Egg, and Cheese – Brock Berrigan
အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Nathan ဟာ သူ့ရဲ့မိသားစုမှာ သူရယ်၊ သူ့ဇနီးသည်ရယ်၊ ကလေး (၆) ယောက်ရယ်ရှိနေပါတယ်။ ကပ်ရောဂါဘေးကြောင့် ဝင်ငွေလည်း မကောင်းနေတာကြောင့် အခုလိုအချိန်ဟာ လူ (၇) ယောက်ကို တင်ကျွေးထားဖို့အတွက် အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ တော်တော်လေးကို ဝန်လေးစေတဲ့အခြေအနေဖြစ်နေပါတယ်။ ဒီအတွက်ကြောင့် Nathan အနေနဲ့ အခုနောက်ပိုင်းမှာ ဈေးကအစ ကိုယ်တိုင်စီစစ်ပြီးဝယ်ကာ မီးဖိုချောင်ထဲကိုလည်း ကိုယ်တိုင်ဝင်ပြီးတော့ မိသားစုရဲ့ စားရေးသောက်ရေးအတွက် ကိုယ်တိုင်စီမံနေခဲ့တာပါ။
@kookingwithakooriEgg section Drug deals! ##mcspicymoves ##SkateLife ##indiginous ##koori ##madfeedz ##australia ##eggs ##scrambled ##fyp ##keens ##curry♬ original sound – Kooking with a koori
တစ်လက်စတည်းနဲ့ Nathan ဟာ @kookingwithakoori ဆိုတဲ့ နာမည်နဲ့ Tiktok account ကို ဖန်တီးခဲ့ပြီးတော့ နေ့တိုင်း မရိုးနိုင်တဲ့ အမယ်စုံဟင်းလျာတွေကို ချက်ပြုတ်ပြင်ဆင်ပြနေခဲ့ပါတယ်။ ဈေးအသက်သာဆုံးနဲ့ လူ (၈) ယောက်စာ အစားအသောက်တွေကို ချက်ပြုတ်ပြင်ဆင်ပေးနေရင်းနဲ့မှ အခုဆိုရင် Tiktok မှာ follower ပေါင်း ၆၂၂၀၀၀ တောင်ရှိလို့နေပါပြီ။
@kookingwithakooriKooking with a koori 🖤💛❤️ Mi Goreng noodles ##aboriginal ##koori ##indignous ##wiradjuri ##madfeedz ##australia ##migoreng ##noodles ##yum ##deadly ##fyp♬ Jammin’ – Bob Marley And The Wailers
သူ့ရဲ့ ဗီဒီယိုတွေထဲ အလေအလွင့်မရှိအောင် ဈေးဝယ်နည်းတွေ၊ ပစ္စည်းအများကြီးဝယ်တဲ့အခါ အသုံးပြုနိုင်မယ့် tips လေးတွေနဲ့ ဟင်းချက်တဲ့ အမယ်တွေ၊ ဟင်းချက်နည်းတွေ စတာတွေကို ကြည့်နိုင်မှာပါ။ ကုန်ကျစရိတ်လည်းနည်း၊ လူအများကြီးလည်း ဝဝလင်လင်စားရပြီး အရသာလည်း ကောင်းတဲ့ အစားအစာတွေပေါ့။
@kookingwithakooriKooking with a koori 🖤💛❤️ chicken curry ##indigenous ##koori ##madfeedz ##australia ##fyp ##keens ##curry ##yum ##dinner♬ Emerging – Morego & Various Artists
@kookingwithakooriKooking with a koori 🖤💛❤️ quick easy tuna noodles ##aboriginal ##madfeedz ##koori ##indignous ##australia ##deadly ##fyp ##lunch ##food♬ Somebody New – Telykast
penny