နည်းပညာလောကမှာ နယ်မြေသစ်ချဲ့ထွင်တော့မယ့် TikTok ရဲ့ မိခင်ကုမ္ပဏီ, ByteDance

ကမ္ဘာတဝန်း လူသုံးအများဆုံး app တွေထဲက တစ်ခုဖြစ်တဲ့ TikTok ကို တရုတ်အခြေစိုက် ByteDance ကုမ္ပဏီကနေ ဖန်တီးထားတာ ဖြစ်ပါတယ်။ ByteDance အနေနဲ့ အောင်မြင်တဲ့ app ကို တီထွင်ပြီးနောက်မှာတော့ နည်းပညာလောကရဲ့ အခြားဘက်ကို ဦးတည်လာပြန်ပြီဖြစ်ပါတယ်။

Shutterstock

ByteDance ကနေ စမတ်ဖုန်းတွေ ထုတ်လုပ်ဖို့ စီစဉ်နေတာဖြစ်တဲ့ အကြောင်း The Verge နည်းပညာမဂ္ဂဇင်းမှာ ဖော်ပြထားတာပါ။ ByteDance က ထွက်တဲ့ TikTok ကဲ့သို့ app တွေကို ဖုန်းထဲမှာ တစ်ပါတည်း ထည့်သွင်း ထုတ်လုပ်ဖို့ စီစဉ်ထားပြီး music streaming service အသစ်စက်စက်တစ်ခုပါ ပါဝင်မယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

Shutterstock

ByteDance ကုမ္ပဏီရဲ့ စီအီးအို ကျန်ယီမင်ကတော့ ယခုလို ကုမ္ပဏီပိုင် app တွေ အသင့်ထည့်ထားတဲ့ စမတ်ဖုန်းမျိုး ထုတ်လုပ်တာက သူ့ရဲ့ ရည်မှန်းချက် တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ ယခု ၂၀၁၉ နှစ်ဆန်းပိုင်းတုန်းကတည်းက ByteDance ဟာ စမတ်ဖုန်းကုမ္ပဏီ Smartisan နဲ့ ပူးပေါင်းထားပြီဖြစ်ပြီး စမတ်ဖုန်းနည်းပညာရှင်တွေကို ခေါ်ယူထားပြီဖြစ်ပါတယ်။

READ
ကောလဟာလတွေ ထွက်နေတဲ့အတိုင်း Huawei ရဲ့ OS အသစ် တကယ်ဖြစ်လာခဲ့ပြီ
Shutterstock

ဒါပေမယ့် လတ်တလောမှာတော့ တရုတ်အမေရိကန် နှစ်နိုင်ငံကုန်သွယ်ရေး ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကာလဖြစ်တဲ့အလျောက် ဒီနှစ်ပိုင်းမှာ ဖုန်းထုတ်လိုက်မယ်ဆိုရင်တော့ ByteDance အနေနဲ့ အမေရိကန်ဘက်ကို ခြေဆန့်ခွင့်က အခက်အခဲတွေ ကြုံရနိုင်ဖွယ်တော့ ရှိနေပါတယ်။ စမတ်ဖုန်းလောကမှာတော့ ByteDance ရဲ့ ဖုန်းတွေ ဘယ်လိုပေါ်ပေါက်လာဦးမလဲ ဆက်လက်စောင့်ကြည့်ရဦးမှာလည်း ဖြစ်ပါတယ်။

Shwemom

SHARE