နာမည်ကြီး Tik Tok app ကတော့ အိန္ဒိယမှာ အပိတ်ခံလိုက်ရပါပြီ

အိန္ဒိယနိုင်ငံရဲ့ မက်ဒရက်စ် တရားရုံးကနေ ထုတ်ပြန်လိုက်တဲ့ အမိန့်တစ်ရပ်အရ Apple နဲ့ Google ကုမ္ပဏီတို့ဟာ ၎င်းတို့ရဲ့ app store တွေကနေ Tik Tok app ကို ဖယ်ရှားလိုက်ရပြီဖြစ်ပါတယ်။

တရားရုံးကနေ အထက်ပါ app ဟာ ညစ်ညမ်းရုပ်ပုံတွေကို အားပေးတဲ့ app ဖြစ်တယ်ဆိုတဲ့ စွဲချက်ကို ထုတ်ခဲ့တာဖြစ်ပြီး app ရဲ့ မိခင်ကုမ္ပဏီ တရုတ်အခြေစိုက် ByteDance ကုမ္ပဏီကနေ အယူခံဝင်ခဲ့ပေမယ့် ပယ်ချခြင်း ခံခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံမှာ Tik Tok ကို အသုံးပြုသူဦးရေ စုစုပေါင်း သန်း ၁၂၀ ကျော်ရှိတဲ့အတွက် အခုလို အပိတ်ခံလိုက်ရတာဟာ ByteDance အတွက် ကြီးမားတဲ့ နစ်နာမှုကြီးလည်း ဖြစ်လာခဲ့ပါတယ်။

AFP

Tik Tok ဟာ ဆယ်ကျော်သက်တွေကြား ပိုရေပန်းစားပြီး သီချင်းတွေ လိုက်ဆို၊ လိုက်ကတဲ့ ဗီဒီယိုအတိုတွေကို ရှဲကြရတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုလည်း ဖြစ်ပါတယ်။

READ
မြန်မာနိုင်ငံအတွက်အသင့်တော်ဆုံးဖြစ်တဲ့ Samsung Galaxy S7

ထို app ကို အိန္ဒိယမှာသာမက ဘင်္ဂလားဒေ့ရှ်မှာလည်း ပိတ်ထားပြီး အမေရိကန်မှာလည်း ကလေးသူငယ်များရဲ့ အချက်အလက်တွေကို တရားမဝင်စုဆောင်းတယ်ဆိုတဲ့ စွဲချက်နဲ့ ဒဏ်ရိုက်ခြင်းခံခဲ့ရပါသေးတယ်။ မက်ဒရက်စ်တရားရုံးမှာတော့ ထို app ဟာ အသုံးပြုသူဆယ်ကျော်သက်တွေကို လိင်ပိုင်းဆိုင်ရာ ပစ်မှတ်ထားသူတွေရဲ့ စက်ကွင်းထဲကို ရောက်သွားစေနိုင်တယ်ဆိုတဲ့ အမိန့်ထုတ်ပြန်ချက်ကို ဧပြီလ ၂၂ ရက်နေ့က နာကြားခဲ့ကြရပါတယ်။

CNN

မက်ဒရက်စ်တရားရုံးရဲ့ ထုတ်ပြန်ကြေညာချက် ထွက်လာပြီးနောက်မှာတော့ Apple နဲ့ Google တို့ကနေ အိန္ဒိယမှာ Tik Tok ကို ဒေါင်းလုတ်လုပ်မရတော့အောင် ပိတ်သိမ်းလိုက်ခဲ့ရပါတယ်။ Tik Tok ကုမ္ပဏီကတော့ အသုံးပြုသူစည်းမျဉ်းကို ချိုးဖောက်ထားတဲ့ အိန္ဒိယနိုင်ငံက Tik Tok ဗီဒီယိုပေါင်း ၆ သန်းကို ဖယ်ရှားလိုက်ပြီး တရားရုံးက စွဲချက်ကို ပယ်ဖျက်နိုင်အောင် ကြိုးစားလျက်ရှိတယ်လို့ သိရပါတယ်။

READ
ဒူဘိုင်းမြို့ဝန်းကျင်မှာ စတင်ပြေးဆွဲပေးမယ့် မောင်းသူမဲ့ ကြက်ဥပုံစံ တက္ကစီဒရုန်းယာဉ်
TikTok

Ref: BBC, CNN, The Verge

SHARE