(၂၀၂၀)ခရီးသွားမှတ်တမ်း ဗီဒီယိုအတိုလေးကြောင့် ဝေဖန်ခံနေရတဲ့ Tiktok ဆယ်လီမမ

Instagram- @fashioninmysoul

၂၀၂၀ ခုနှစ်မှာ ခင်ဗျားတို့တော့မသိဘူး။ ကျွန်တော်ကတော့ ရန်ကုန်ထဲတောင် အရင်တုန်းကလိုတွေ နေရာစုံအောင် မရောက်ဖြစ်ခဲ့ပါဘူး။ Semi-lockdown ဖြစ်လိုက် stay home ဖြစ်လိုက်နဲ့မလို့ အိမ်မှာပဲနေဖြစ်နေတာ ပိုများလို့နေပါတယ်။

ဒါပေမဲ့ ဒီအမျိုးသမီးကတော့ ၂၀၂၀ ရဲ့ လတိုင်းမှာ ကမ္ဘာပတ်နေခဲ့တာပါတဲ့။ သူမကတော့ Czech က fashion blogger တစ်ဦးဖြစ်ပါတယ်။ နာမည်ကတော့ Barbora Indrackova ပါ။ Tiktok မှာတော့ နာမည်ကြီး influencer တစ်ဦးပေါ့။ Follower တွေလည်း အများကြီးရှိလို့နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇  ရက်နေ့တုန်းက Barbora တစ်ယောက် သူမရဲ့ Tiktok မှာ ဗီဒီယိုတစ်ခု တင်လာခဲ့ပါတယ်။ အဲဒီ ဗီဒီယိုဟာ သူမအနေနဲ့ ၂၀၂၀ ခုနှစ်အတွင်း တောက်လျှောက်သွားခဲ့တဲ့ ခရီးစဉ်တွေအကုန်လုံးရဲ့ ပုံရိပ်တွေကို စုပြီးတော့ ဗီဒီယိုအဖြစ် ပြန်တင်ထားခဲ့တာပါ။ 

အရင်လိုဆိုရင်တော့ ကိစ္စမရှိပေမယ့်လို့ ၂၀၂၀ လို တစ်ကမ္ဘာလုံး ကပ်ရောဂါဘေးကြုံတွေ့နေရတဲ့ အချိန်ကာလကြီးမှာ ကမ္ဘာပတ်ခရီးသွားနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူတွကတော့ သူမကို ဝိုင်းပြီးဝေဖန်နေခဲ့ကြပါတယ်။ ဒီအပြင် ဗီဒီယိုတွေရော ဓာတ်ပုံတွေရော အကုန်လုံးမှာလည်း mask လုံးဝမတပ်ထားဘူးဆိုပြီးလည်း အပြစ်ပြောနေခဲ့ကြတာပါ။ ရှေ့တန်းမှာ ထွက်တိုက်ပေးနေရတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေကိုတော့ နည်းနည်းလောက်အားနာသင့်ကြောင်း အခုဟာက စော်ကားနေသလိုပဲဆိုပြီး လူတစ်ယေက်ဆိုရင် comment ပေးထားခဲ့ပါတယ်။

မော်ဒိုက်၊ ပဲရစ်၊ ဒူဘိုင်း၊ ဘူတာပတ်စ်၊ သြစတီးယား၊ အီတလီစတဲ့ နေရာတွေ အကုန်လုံးကိုသွားခဲ့တဲ့ Barbora တစ်ယောက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ပြန်လည်ပြောကြားခဲ့ခြင်းမရှိပါဘူး။ သူမက နဂိုကတည်းကိုက ခရီးသွားပေမယ့်လည်း လူများတဲ့နေရာတွေကို သွားတာမျိုးမဟုတ်ဘဲ ကျန်းမာရေးဝန်ကြီးဌာနတွေ ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း သေချာလေး လိုက်နာပြီးမှ သွားခဲ့တယ်ဆိုတာ ပြောထားပြီးသားပါ။

@travelinmysoulAnd ##2020 went like… ##yearwrapped♬ original sound – Dormun

penny

SHARE