Zoe LaVerne ဟာ TikTok မှာ follower ၁၈သန်းရှိတဲ့ စတားတစ်ယောက်ဖြစ်ပါတယ်။ မကြာသေးခင်ကတော့ သူမနဲ့ အသက်၁၃နှစ်အရွယ်ကောင်လေးတစ်ယောက် အနမ်းပေးနေတဲ့ဗီဒီယိုဖိုင်တစ်ခု ပေါက်ကြားခဲ့တာကြောင့် သူမကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်မှုတွေရှိလာနေတာပါ။
သူမနဲ့အနမ်းပေးခဲ့တဲ့ ကောင်လေးဟာလည်း TikToker တစ်ဦးပဲဖြစ်ပြီး Connor Joyce လို့ အမည်ရပါတယ်။ Zoe က လက်ရှိမှာ ၁၉နှစ်ရှိပြီဖြစ်တဲ့အတွက် ကောင်လေးဟာ သူမထက်၆နှစ်ငယ်ပါတယ်။ အခုလို ဗီဒီယိုဖိုင်ထွက်ပေါ်လာတာနဲ့ပတ်သက်လို့ Zoe ကတော့ ပရိသတ်တွေကို ပြန်လည်တောင်းပန်ထားသလို ကလေးကိုမြူဆွယ်နေတာမဟုတ်ပါဘူးဆိုပြီး ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။
“ကျွန်မ Connor ကို မမြူဆွယ်ပါဘူး။ ဒီလိုလည်း မလုပ်ပါဘူး။ သူ ကလေးပဲရှိသေးတာ ကျွန်မသိပါတယ်။ ဒီတိုင်းပဲ ဖြစ်သွားတာပါ။ ကျွန်မတို့တွေ သူငယ်ချင်းစဖြစ်တော့ နှစ်ယောက်စလုံးအမှောင်ထဲရောက်နေတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်တဲ့ခံစားမှုလေးတွေဖြစ်သွားတယ်။ သူငယ်ချင်းတွေဆိုတာ ဒီလိုမျိုးလုပ်တတ်ပါတယ်။ ဒါမကောင်းတဲ့အရာမှ မဟုတ်တာ။ ဟုတ်တယ် အသက်ကွာတာတော့ဆိုးတာပေါ့။”
“ဒါ မှားတယ်။ ဟုတ်တယ် ဒါမကောင်းပါဘူး။ ကျွန်မတို့နှစ်ယောက်စလုံး သတိရပြီးရပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ စည်းမကျော်ချင်သလို ဒီိလိုမျိုးလည်းမဖြစ်ချင်လို့ပါ။” ဆိုပြီး Zoe က ပြန်ရှင်းပြခဲ့ပါတယ်။
Connor ကတော့ Zoe က သူ့ကိုမတရားပြုကျင့်တာမျိုးမရှိပါဘူးဆိုပြီး ပို့စ်ရေးသားတင်ထားပါတယ်။ သူ့စိတ်အခြေအနေ ပြန်အဆင်ပြေတာနဲ့ ဒီကိစ္စကိုဖြေရှင်းပါမယ်လို့လည်း follower တွေကို အသိပေးထားပါတယ်။ Connor ဟာ TikTok ပေါ်မှာတော့ @cxnnorjoyce အမည်နဲ့ဖြစ်ပြီး follower ၄သိန်းနီးနီးရှိပါတယ်။ Zoe နဲ့ Connor တို့ဟာ မကြာသေးခင်ကမှ တစ်ဦးဗီဒီယိုထဲမှာ တစ်ဦးပါဝင်လာတာကို တွေ့ရတာပါ။ ဒါပေမဲ့ အွန်လိုင်းပေါ်ပေါက်ကြားသွားတဲ့ ဗီဒီယိုဖိုင်ကတော့ ခင်မင်ရင်းနှီးရုံထက် ပိုလွန်းနေတာကို အခုလိုတွေ့ရမှာ ဖြစ်ပါတယ်။
ShweMom