နားဖောက်ရင်းတပ်ထားတဲ့ Mask ကြိုးစနားထဲဝင်သွားရှာခဲ့တဲ့ Tiktok စတားကောင်မလေး

[email protected]

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့အချိန်မှာတော့ လူတော်တော်များများဟာ အပြင်ထွက်တိုင်း Face mask ကို မဖြစ်မနေ တပ်ဆင်ထားကြရပါတယ်။ အခုလည်း Tiktok စတားကောင်မလေးတစ်ယောက်ဟာ သုံးခုမြောက်နားအပေါက်ဖောက်ဖို့အတွက် အလှပြင်ဆိုင်ကိုသွားရောက်ပြီး နားဖောက်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးချင်ရှာတော့ အဆိုပါကောင်မလေးဟာ နားဖောက်နေတဲ့အချိန် Face mask ကို မချွတ်ခဲ့တာကြောင့် Face Mask ရဲ့ ကြိုးစတစ်ဖက်ဟာ အဆိုပါ နားပေါက်ထဲ ရောက်သွားခဲ့ပြီး တော်တော်လေးကို နာကျင်ခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

@itssissysheridanwhere it all went wrong❤️ (the first ear was the one she pierced my mask to)♬ original sound – itssissysheridan

ပြီးခဲ့တဲ့ တနင်္လာနေ့(၂၉.၆.၂၀၂၀)က အသက် ၁၆ နှစ်အရွယ် နာမည်ကြီး Tiktok စတားတစ်ဦးဖြစ်တဲ့ Sissi Sheridan ဟာ သူမရဲ့ နားကို တတိယမြောက် အပေါက်ဖောက်ဖို့အတွက် အလှပြင်ဆိုင်တစ်ခုကို သွားရောက်ခဲ့ပါတယ်။ ဒီလိုအချိန်ဟာ COVDI 19 ဖြစ်ပွားနေတဲ့အချိန်ဖြစ်တာကြောင့် Sissy ဟာ ဆိုင်ရောက်ပြီး နားဖောက်တဲ့အချိန်အထိ မျက်နှာမှာ တပ်ထားတဲ့ Face mask ကို မချွတ်ခဲ့ပါဘူး။

READ
ဖခင်၊ အစ်ကို၊ ဦးလေးတို့ရဲ့ အဓမ္မကျင့်ခြင်း ခံရသည့်အမျိုးသမီး မိမိကိုယ်ကို အဆုံးစီရင်

 

@itssissysheridanmoral of the story. don’t get your ears pierced during a pandemic♬ original sound – itssissysheridan

ဒီလိုနဲပ အလှပြင်ဆိုင်ဝန်ထမ်းက နားဖောက်လိုက်တဲ့အချိန်မှာ လက်ချော်ပြီး တပ်ထားတဲ့ Face mask က ကြိုးပါ နားဖောက်တဲ့အရှိန်နဲ့ ပြတ်သွားပြီး နားပေါက်ထဲ Face mask ကြိုးစ ဝင်သွားခဲ့ပါတယ်။ နားဖောက်ကာစမှာတော့ သိပ်နာကျင်တယ်လို့ မခံစားရပေမယ့် အပြန်လမ်းတစ်လျှောက်မှာ Sissi ရဲ့ နားပေါက်ဟာ တဖြည်းဖြည်းနာတတ်လာပြီး Sissy တစ်ယောက် ကားပေါ်မှာငိုပြီး ပါလာခဲ့ပါတယ်။

“အခုထိကို နာနေပါသေးတယ်။ ကြိုးစဝင်နေတာ ဘယ်လိုမှ ထိလို့ကို မရပါဘူး။ ဆရာဝန်သွားပြတော့လည်း အနာကျက်မှ အဲဒီကြိုးစကို ပြန်ထုတ်လို့ရမယ်ပဲ ပြောပါတယ်။ အခုထိကို နားက အချိန်တိုင်းနာနေပါတယ်။ ကြိုးစက အထဲဝင်နေတာဆိုတော့ နားက ရှတရှတဖြစ်နေတာ ခံစားလို့ရတယ်။ တော်တော်ခံရခက်တဲ့ ဝေဒနာပါပဲရှင်” လို့ Sissy က ပြောကြားခဲ့ပါတယ်။

READ
စေ့စပ်ရက်မတိုင်ခင် ချစ်သူဆုံးသွားခဲ့ပေမယ့် ကတိအတိုင်း စေ့စပ်ပွဲ ကျင်းပခဲ့သူ

Pyi Hein Kyaw

SHARE