အွန်လိုင်းပေါ် လူကြည့်များနေတဲ့ သကြားတုတ်ကောက်လေးများပြုလုပ်ပုံ ဗီဒီယို

tiktok/hammondscandies

ဗီဒီယိုမျှဝေတဲ့ပလတ်ဖောင်းတစ်ခုဖြစ်တဲ့ TikTok မှာ သကြားတုတ်ကောက်လေးတွေ ပြုလုပ်နေပုံအဆင့်ဆင့်ကို တွေ့ရပါတယ်။ ဗီဒီယိုကို သကြားလုံးကုမ္ပဏီ Hammond’s Candies က ရိုက်ကူးလာတာဖြစ်ပြီး Cherry Candy Canes လေးတွေပြုလုပ်ပုံကိုပြထားတာပါ။ စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ ဒီဗီဒီယိုလေးကိုတော့ ဒီဇင်ဘာ၆ရက်နေ့ အွန်လိုင်းပေါ်တင်ခဲ့ရာမှာ လူပေါင်း၁၂ သန်းကျော် ကြည့်ရှုခဲ့ကြတယ်လို့ insider သတင်းအရ သိရပါတယ်။

ပျော့ပြောင်းတဲ့သကြားရည်အချပ်တွေကို လိုအပ်သလို ဖြတ်တောက်၊ အရောင်ဆိုး၊ အအေးခံ၊ ဆွဲဆန့်ပြီး နောက်ဆုံးတော့ Hammond ရဲ့ အဓိကထွက်ကုန်ဖြစ်တဲ့ သကြားတုတ်ကောက်လေးတွေရလာတာ ဖြစ်ပါတယ်။ ပုံမှာပြထားတဲ့ သကြားတုတ်ကောက်လေးတွေကိုတော့ ခြောက်ခုပါ တစ်ထုပ်ကို အွန်လိုင်းမှာ ၁၇.၉၅ ဒေါ်လာနဲ့ ရောင်းချနေပါတယ်။ ဒါ့ပြင် ၁၂ခုပါ ၄၈ခုပါ အထုပ်တွဲတွေလည်း ရှိပါသေးတယ်။

@hammondscandiesTreat yo’elf this Christmas with our Cherry Candy Canes #candycanesrule #christmascandy #hammondscandies♬ Jingle Bell Rock – Bobby Helms

“ဒီခရစ္စမတ်မှာ ကိုယ့်ကိုကိုယ် သကြားတုတ်ကောက်လေးတွေဝယ်ကျွေးပါဦး။” လို့ ဗီဒီယို caption မှာရေးသားထားပါတယ်။ တွေ့ရတဲ့သကြားတုတ်ကောက်တွေဟာ ၆လက်မအရှည်ရှိပြီး အားလုံးက ကိုယ်တိုင်လုပ်တာပါလို့ဆိုပါတယ်။ ကုမ္ပဏီမန်နေဂျာဖြစ်တဲ့ Kammy Stucker ဆိုသူကတော့ စက်ရုံက သကြားလုံးတွေကိုပြုလုပ်ရာမှာ သကြားတွေကို ရေ၊ ပြောင်းဖူးသကာရည်တွေထည့်ကာ ကြေးအိုးနဲ့ကျိုပြီး ကျိုပြီးသားသကြားရည်တွေကိုတော့ စတီးအအေးခံစားပွဲပေါ်မှာ အအေးခံထားကြောင်း ပြောပြပါတယ်။ အဲ့ဒီကနေမှတဆင့် အရောင်၊ ဒီဇိုင်းနဲ့၊ ပုံစံအမျိုးမျိုးထွက်လာအောင် ပြုလုပ်ရတာဖြစ်ပါတယ်။

READ
အသင့်စားခေါက်ဆွဲကို ဆီချက်လေးလုပ်စားကြည့်ကြမယ်….

 

Hammond’s Candies ကုမ္ပဏီကို ၁၉၁၃ ခုနှစ်မှာထူထောင်ခဲ့ပါတယ်။ ကုမ္ပဏီကရောင်းတဲ့ပစ္စည်းမှန်သမျှက လက်လုပ်တွေချည်းဖြစ်ပါတယ်။ တစ်နှစ်ကို လက်နဲ့ကိုယ်တိုင်ပြုလုပ်တဲ့ သကြားတုတ်ကောက်ပေါင်း ၁၀သန်းနီးပါးထွက်ရှိပါတယ်။ တကယ်လို့ သကြားလုံးပြုလုပ်တဲ့ပုံကို သင်စိတ်ဝင်စားတယ်ဆိုရင်တော့ Hammond’s Candies ရဲ့ TikTok အကောင့်မှာ သကြားလုံးပုံစံအမျိုးမျိုးနဲ့ သကြားစုပ်လုံးပြုလုပ်ပုံ အမျိုးမျိုးကို တင်ပေးထားတဲ့အတွက် သွားကြည့်နိုင်ပါသေးတယ်။

ShweMom

SHARE