သူမနာမည်ကတော့ Hannah Viverette ပါ။ @hrviverette ဆိုတဲ့နာမည်နဲ့ Tiktok မှာ ဗီဒိယိုလေးတွေ တင်နေကျပါ။ တစ်ရက် Hannah ဗီဒိယိုရိုက်နေတုန်းမှာပဲ ထူးဆန်းတဲ့အရာတစ်ခု ဖြစ်သွားခဲ့ပါတယ်။ အဲဒါကတော့ ဒီလိုပါ။
@hrviveretteI’m still dancin. Sun’s still shining. But… My stalker still walks free. Not. Ok. ##dance ##ineedtomove ##ASAP ##fyp ##bishopbriggs♬ original sound – Hannah v.
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့တုန်းက Hannah တစ်ယောက် သူမရဲ့ အိပ်ခန်းထဲမှာပဲ တစ်ယောက်တည်းနေပြီးတော့ Tiktok ရိုက်နေခဲ့ပါတယ်။ စိတ်လွတ်ကိုယ်လွတ် Tiktok ရိုက်နေတဲ့အချိန်မှာပဲ Hannah အနေနဲ့ တစ်နေရာကနေ အသံတွေကြားခဲ့တယ်။
အသံကြားတဲ့နေရာကို သေချာအာရုံစိုက်နားထောင်ကြည့်တော့ သူကနေတဲ့ဘေးက ပြူတင်းပေါက်ကဖြစ်နေခဲ့တယ်။ ဒါနဲ့ Hannah လည်း ပြူတင်းပေါက်နားကပ်ပြီးတော့ အသံတွေကို နားထောင်ကြည့်တဲ့အခါမှာတော့ မထင်မှတ်ထားတဲ့မြင်ကွင်းနဲ့ ကြုံခဲ့ရပါတယ်။


အဲဒါကတော့ လူတစ်ယောက် သူ့အိပ်ခန်းပြူတင်းပေါက်ဆီကို တွယ်တက်လာတာပါ။ ဒါတောင် Hannah ရဲ့ အခန်းဟာ ၂ လွှာမှာ ရှိနေခဲ့တာ။ အဲတော့ သေချာတာ သူ့အခန်းကိုဖောက်ထွင်းဖို့ လာတဲ့ လူဆိုးတွေပါ။ Hannah ဟာ “ဘယ်သူလဲ” လို့ ထပ်ခါထပ်ခါ မေးခဲ့ပေမယ့် တစ်ဖက်လူဆီကနေ သေသေချာချာပြန်မဖြေတာကြောင့် “ကျေးဇူးပြုပြီး ထွက်သွားပါ” လို့ Hannah က အော်ပြီးပြောခဲ့ပါတယ်။
နောက် အခြေအနေမဟန်တော့တဲ့အဆုံး Hannah တစ်ယောက် တစ်ဖက်က ကပ်ရပ်အခန်းဆီကို တံခါးခေါက်ပြီးတော့ အကူအညီလှမ်းတောင်းခဲ့ရပါတယ်။
ဒီအဖြစ်အပျက်ကို Hannah တစ်ယောက် ဗီဒီယိုရိုက်မိလျက်သားဖြစ်နေတဲ့အတွက် အဲဒီဗီဒီယိုကိုလည်း Tiktok မှာ တင်ထားခဲ့ပါသေးတယ်။ အဲဒီ့ ဗီဒီယိုကို ကြည့်ရှုသူ သန်း(၃၀)ကျော်ရှိခဲ့ပေမယ့် ဝေဖန်မှုတွေ များလွန်းတာကြောင့် လက်ရှိအချိန်မှာ TikTok ပေါ်ကနေ ဖြုတ်ချထားတယ်လို့လည်း သိရပါတယ်။
penny