ကိုးရိုးကားရားနဲ့အိပ်နေကြတဲ့ ခွေးကလေးတွေရဲ့ ချစ်စဖွယ်ဓာတ်ပုံလေးများ

ခွေးတွေဟာ ဆန်းဆန်းပြားပြားနေရာတွေမှာ ပုံစံမျိုးစုံနဲ့ အိပ်တတ်ကြပါတယ်။ တစ်ခါတစ်လေ ကြောင်တွေလိုမျိုး ခပ်ကွေးကွေးအိပ်တတ်ကြပြီး တစ်ခါတစ်လေမှာတော့ ခြေလက်တွေကို အကုန်မိုးပေါ်ဆန့်ထောင်ကာ အိပ်တတ်ကြတာကြောင့် သူတို့အတွက် အိပ်လို့ရော အဆင်ပြေပါ့မလားဆိုတာ ပူပန်ရလောက်အောင်ပါပဲ။ အခုဖော်ပြပေးမှာကတော့ Boredpanda ကနေ တွေ့မြင်ရတဲ့ ပုံစံအမျိုးမျိုးနဲ့ အသဲယားဖွယ်အိပ်ပျော်နေကြတဲ့ ခွေးလေးတွေပဲ ဖြစ်ပါတယ်။

တစ်နေကုန်ဆော့ပြီးလို့ မောသွားတဲ့အခါ..

losper

ဘယ်နေရာမှာပဲဖြစ်ဖြစ် အိပ်တတ်တဲ့ ပြင်သစ်ပါပီလေး

highimallaudin

ယောဂကျင့်နေတာများလားးး

lifonaut

ပြုံးပြုံးလေး အိပ်တတ်သူ…

recreationAtion

လက်ဖ၀ါးတွေကို နွေးအောင်လုပ်နေတဲ့ ခွေးလေး

formight

စတီယာရင်ပေါ်မှာ အိပ်မောကျနေသူလေး

highimallaudin

အစာတောင်းနေရင်းတောင် အိပ်ငိုက်နေတဲ့ ခွေးလေး

AUX1_Dub

သခင်နဲ့ လေညှင်းခံထွက်ကြတုန်းက…

Guygan

စဉ်းစားရခက်တဲ့ အိပ်နည်းနဲ့..

atrimarco

ဆိုဖာပေါ်မှာ တစ်ကိုယ်လုံးတက်ပြီး မအိပ်ရဘူးလို့ ပြောထားတော့လည်းးး

blacksunrize

တမှေးအိပ်ချိန်

vividlee

နေ့လည်ခင်းတရေးတမောအိပ်တတ်တဲ့အခါ..

milcientoonce

လင်းလင်း (ShweMom)

SHARE