Stylist တွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ကိုရီးယား Idol များ

Image:Koreaboo

Stylist တွေ ဆင်ပေးလိုက်တဲ့ ၀တ်စုံတွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ အမျိုးသမီး Idol တွေ အများကြီးပါ။ကိုရီးယားမှာ တော့ ဆယ်လီတွေ အထူးသဖြင့် အေဂျင်စီတွေရဲ့ လက်အောက်မှာရှိတဲ့ Group တွေထဲက အဖွဲ့ ၀င် တော်တော် များများဟာ Stylist တွေ  ရွေးချယ်ပေးတာတွေကိုပဲ ၀တ်ဆင်ကြတာများပါတယ်။တခါ တလေ မှာ Stylist  တွေ ကလည်း လှစေချင်တဲ့ စေ တနာနဲ့ဆ င်လိုက်ပေမယ့် စင်ပေါ် (သို့) ပွဲ ထဲ ရောက်မှ ၀တ်စုံကြောင့် Idol တွေ ဒုက္ခရောက်ရတာမျိုးတွေရှိပါတယ်။အဲ့ဒီလို ဒုက္ခရောက်ခဲ့ဖူးတဲ့ ဆယ်လီတွေကတော့…

1. Irene (Red Velvet)

Image:Youtube/Kpop Lab Pro

2017 Golden Disk Awards ပွဲမှာ  Irene တစ်ယောက် ဒုက္ခရောက်ခဲ့ရတာပါ။ကနေရင်းနဲ့ တဖြည်းဖြည်း တို တက် လာတဲ့ ၀တ်စုံကြောင့် သူမဟာ တော်တော်လေး ကို အဆင်မပြေ ဖြစ်ခဲ့ရတာပါ။ ကနေတဲ့ တောက်လျောက်မှာလည်း ၀တ်စုံကို မသိမသာ ဆွဲဆွဲ ချနေတာကို  တွေ့ရမှာပါ။

Irene ကတော့ ဒီလို အဖြစ်မျိုးနဲ့ ခဏခဏ ကြုံရပါတယ်။ ဖျော်ဖြေနေရင်းလည်း ကြုံခဲ့ဖူးသလို  2016 SBS Gayo Daejun ပွဲတုန်းကလည်း ပွဲတက်ဖက်ရှင်က တိုလွန်းလို့ ဒုက္ခရောက်ခဲ့ရဖူးပါတယ်။

READ
ကိုမောင်မောင်အေးရဲ့ မင်္ဂလာပွဲသို့ တက်ရောက်လာတဲ့ ပြေတီဦးနဲ့ အူဝဲ
Image:Koreaboo

Taeyeon (Girls’ Generation)

Image:Koreaboo

နောက်ထပ်တစ်ယောက်ကတော့ Taeyeon ပါ။သူမကို ဆင်ပေးလိုက်တဲ့ စကပ်က တော် တော်လေးကို တိုနေခဲ့တာပါ။သူမကတော့ အရမ်းတိုတဲ့ စကပ်နဲ့ ပတ်သက်ပြီး သတိထားမိပုံ မရပေမယ့် Fan တွေ ကတော့ ဒီစကပ်အတွက်  Stylist ကို ပြစ်ပုံချခဲ့ပါတယ်။

Minah (Girl’s Day)

Image:twitter/@BangMinah_TH

Minah ကတော့ 2015 Korean Popular Culture Arts Awards ဆုပေးပွဲကို တက်ရောက်လာတဲ့ ၀တ်စုံက အရမ်းကို တိုနေလို့ ဒုက္ခရောက်ခဲ့ရသူပါ။ကော်ဇောနီ ထက်မှာ လျှောက်လှမ်းလာတဲ့ သူမရဲ့ ပုံစံက လုံးဝ သက်ေ သာင့်သက်သာ ရှိမနေပဲ ၀တ်စုံ ကို အတော်လေး ဖုံးဖိ ပြီး တက်ခဲ့ရပါတယ်။(၂၀၁၆)မှာ ကျင်းပခဲ့တဲ့ ဖက်ရှင် ပွဲတစ်ခု မှာလည်း အဲ့လို အဖြစ် မျိုးနဲ့ ထပ်ပြီး ကြုံခဲ့ဖူးပါတယ်။

READ
သွားလာရခက်ခဲတဲ့ ပရဟိတ ကျောင်းလေးမှာ အလှူလုပ်ခဲ့တဲ့ မအေးသောင်း
Image:Koreaboo

Seolhyun (AOA)

Image:Koreaboo

(၂၀၁၆)တုန်းက သတင်းစာရှင်းပွဲတစ်ခုမှာ Seolhyun ၀တ်ဆင်တဲ့ဝတ်စုံက အရမ်းကို Sexy ကျ နေခဲ့ပါတယ်။တိုလွန်းတဲ့ ၀တ်စုံက ဒီအတိုင်းဆိုရင် ပြဿနာ သိပ်မရှိပေမယ့် ထိုင်တဲ့ အခါမှာတော့ နည်းနည်း အခက်ကြုံ ခဲ့ရပါတယ်။

Sana (TWICE)

Image:Koreaboo

2017 Golden Disc Awards ပွဲမှာ စကပ်က အရမ်းတိုနေလို့ Sana တစ်ယောက် အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။

Image:Koreaboo

Lisa (BLACKPINK)

Image:Koreaboo

2017 Seoul Music Awards  ရဲ့ ကော်ဇောနီထက်ကို ၀တ်လာတဲ့ Lisa ရဲ့ ၀တ်စုံကလည်း သူမ အတွက် တော်တော်လေးကို အဆင်မပြေခဲ့ပါဘူး။ပုံမှန် လျှောက်တဲ့ အခါ ပြဿနာ မရှိပေမယ့် လှေကား ထစ် တက်ရတဲ့ အခါ မျိုးတွေ မှာတော့ ၀တ်စုံက တိုတက်လာလို့ Lisa တစ်ယောက် သေချာ ဖုံးဖိ ခဲ့ရပါတယ်။

Image:Koreaboo

Source:Koreaboo

SHARE