ဂျပန်လူမျိုးတွေရဲ့ အထင်ကြီးစရာကောင်းတဲ့အမူအကျင့်တွေကို ထင်ရှားစေတဲ့ ဥပမာများ

ဂျပန်နိုင်ငံဟာ ထူးထူးဆန်းဆန်းအရာလေးတွေကို ဖန်တီးတီထွင်လေ့ရှိတာကြောင့် ကမ္ဘာကို တအံ့တသြဖြစ်ရစေပါတယ်။ ဒီနိုင်ငံဟာ ဖက်ရှင်၊ အစားအသောက်နဲ့ လူနေမှုအဆင့်အတန်းကစလို့ အခြားနိုင်ငံတွေနဲ့ လားလားမှတောင် မတူပဲ တမူကွဲထွက်နေပါတယ်။ ဂျပန်လူမျိုးတွေဟာ အလုပ်ကြိုးစားလွန်းသူတွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံက ဖွံ့ဖြိုးပြီးပြီဆိုတဲ့ အဆင့်မှာတန့်မနေပဲ သူတို့ရဲ့ နည်းပညာ၊ လူနေမှုဘ၀နဲ့ ပတ်ဝန်းကျင်ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးကြသူတွေပါ။ အောက်ဘက်မှာတော့ လူတွေရဲ့ နှလုံးကြိုးကိုတောင် ရိုက်ခတ်သွားစေနိုင်တဲ့ ဂျပန်လူမျိုးတွေရဲ့ ထူးခြားတဲ့ အပြုအမူလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

တစ်စုံတစ်ဦးဟာ လူတစ်ယောက်ရဲ့ စက်ဘီးကို မမျှော်လင့်ပဲ တိုက်မိခဲ့ပါတယ်။ တိုက်မိခဲ့တဲ့သူက ယန်း(၁,၀၀၀) အလျော်နဲ့ “စက်ဘီးကို မတော်တဆတိုက်မိသွားလို့ ဘဲလ်ကျိုးသွားပါတယ်။ အများကြီးတောင်းပန်ပါတယ်နော်..” ဆိုပြီး စာရေးသားချန်ခဲ့ပါတယ်။

brightside

ဂျပန်နိုင်ငံဟာ အသက်ကြီးသူတွေကို အရမ်းဂရုတစိုက် ရှိပါတယ်။ ATM စက်မှာတောင်မှ တောင်ဝှေးထည့်ဖို့ နေရာလေး လုပ်ပေးထားပါတယ်။

brightside

ဂျပန်နိုင်ငံက ကော်ဖီဆိုင်တစ်ဆိုင်ဟာ စက်ရုပ်ဝန်ထမ်းတွေကို ထိန်းချုပ်ဖို့အတွက် မသန်စွမ်းလူတွေကို ငှားရမ်းပါတယ်။ မသန်စွမ်းလူတွေအဖို့ အပိုဝင်ငွေရှာနိုင်အောင် ဖြစ်ပါတယ်။ 

brightside

ဖရဲသီးဝိုင်းဝိုင်းလေးတွေ ခေတ်က ကုန်သွားပါပြီ။ ခုတွေ့ရတာကတော့ ဂျပန်မှာစိုက်ပျိုးထားတဲ့ အသဲပုံနဲ့ ပိရမစ်ပုံ ဖရဲသီးတွေ ဖြစ်ပါတယ်။ 

brightside

အိုဆာကာလမ်းတစ်လမ်းပေါ်မှာ ဈေးဝယ်အိတ်လေးတစ်အိတ် မတော်တဆ ကျန်ခဲ့ပါတယ်။ နောက်တစ်နေ့ ပြန်သွားရှာတော့ လူတစ်ယောက်ဟာ အိတ်ကို သစ်ပင်တစ်ပင်နားမှာ မှီပြီး အခုလိုလေး ထားပေးခဲ့တာကို တွေ့ရပါတယ်။

brightside

ဂျပန်နိုင်ငံက ပန်းခြံတွေဟာ အရမ်းကို သန့်ရှင်းပါတယ်။ ဒါကြောင့် သန့်ရှင်းရေးမလုပ်ရသေးခင်နဲ့ လုပ်ပြီးတဲ့ အခြေအနေကိုတောင် ခွဲဖို့ မလွယ်ပါဘူး။

brightside

ဈေးကွက်မှာ စားသုံးသူတွေကို ဘယ်လိုနည်းနဲ့ ဆွဲဆောင်ရမလဲဆိုတာလည်း သိတဲ့ ဂျပန်လူမျိုးတွေပါ။

brightside

ထိုင်ခုံလေးတွေကို ချစ်စရာကောင်းတဲ့ ဒိုင်နိုဆောအရုပ်လေးတွေအဖြစ် ဒီဇိုင်းထွင်ထားတာ။

brightside

အပြင်မှာ ထောင့်ဖြတ်မျဉ်းကြား တကယ်ရှိတယ်ဆိုတာ သင်သိပါရဲ့လား။

brightside

ဂျပန်နိုင်ငံက ပီကေဗူးတွေထဲမှာ ပီကေ၀ါးပြီးရင် အမှိုက်ပစ်ဖို့ စက္ကူလေးတွေတောင် ထည့်ပေးထားပါတယ်။

brightside

လင်းလင်း (ShweMom)

Ref: brightside

READ
နိုင်အာဂါရာရေတံခွန်ကို ဖြတ်ပြီးစီးနင်းနိုင်တော့မယ့် သည်းထိတ်ရင်ဖို ကောင်းကင်ကြိုးတန်း

SHARE