Timothee Chalamet ရဲ့အင်တာဗျူးအမေးတွေကို ဖြေဆိုခဲ့တဲ့ Zendaya

instagram/zendaya instagram/tchalamet

မကြာသေးခင်က ရုပ်ရှင်မင်းသမီး Zendaya ဟာ ၂၀၂၀ ခုနှစ်ဟာ သူမအတွက် ဘယ်လိုအဓိပ္ပါယ်တွေရှိနေလဲဆိုတာ Elle မဂ္ဂဇင်းမှာဖော်ပြသွားခဲ့ပါတယ်။ အသက်၂၄နှစ်ရှိပြီဖြစ်တဲ့ Zendaya ကိုတော့ မင်းသား Timothee Chalamet က အင်တာဗျူးမေးမြန်းခဲ့တာပါ။ သူတို့နှစ်ဦးဟာ ၂၀၂၀ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ ကိုဗစ်ရောဂါအကြောင်းအပါအဝင် Zendaya ရဲ့ Emmy ဆုရရှိမှုအကြောင်းတွေကိုပါ ဆွေးနွေးခဲ့ကြတာကို pinkvilla သတင်းကနေ သိခဲ့ရတာပါ။

 

View this post on Instagram

 

A post shared by Timothée Chalamet (@tchalamet)


Zendaya ကတော့ ဒီတလောအတွင်း လူငယ်တွေကို သူမယုံကြည်မှုရှိကြောင်း ဆိုပါတယ်။ “ကျွန်မက ကျွန်မနဲ့ ရွယ်တူတွေအပေါ်မှာ ယုံကြည်မှုရှိပါတယ်။ ပြီးတော့ အပြင်လမ်းပေါ်ထွက်အလုပ်လုပ်နေတဲ့လူတွေရောပဲ။ ကျွန်မလေးစားရတဲ့သူတွေ၊ အကြံဉာဏ်တောင်းရတဲ့သူတွေပေါ့။ ကျွန်မကတော့ ကျွန်မတတ်နိုင်တဲ့ဘက်က လူတွေကိုအကူညီပေးပါတယ်။ လူငယ်တွေအပေါ်မှာ မျှော်လင့်ချက်ထားတယ်။ လူငယ်တွေဆိုတော့ ကျွန်မကိုယ်တိုင်လည်းပါတာပေါ့နော်။ ကျွန်မနဲ့သက်တူရွယ်တူတွေ၊ ကျွန်မထက် ငယ်ရွယ်တဲ့သူတွေအပေါ်မှာ မျှော်လင့်ချက်ထားပါတယ်။”

READ
ရုပ်ရှင်ညီလာခံမှာတွေ့ရတဲ့ အနုပညာရှင်များ

ဒါ့အပြင် Zendaya က အခုနောက်ပိုင်းကလေးငယ်တွေဟာ အရမ်းဉာဏ်ထက်မြက်တဲ့အကြောင်းနဲ့ သူတို့ဟာ ကမ္ဘာကြီးကိုဘယ်လိုနည်းလမ်းတွေနဲ့ ပြောင်းလဲနိုင်တယ်ဆိုတဲ့အကြောင်း ရှင်းလင်းတဲ့အတွေးအခေါ်တွေ ပိုင်ဆိုင်ထားကြတယ်လို့လည်း ဆိုပါတယ်။

 

View this post on Instagram

 

A post shared by Zendaya (@zendaya)

ထို့နောက်မှာတော့ Timothee က Emmy ဆိုကိစ္စကို မေးမြန်းခဲ့ပါတယ်။ သူမရဲ့ Emmy ထူးချွန်ဆုရရှိခဲ့ပုံကိုတော့ “ကျွန်မက အခမ်းအနားမှာ ကိုယ်စကားပြောရင်လည်းပြောရမယ်ဆိုပြီး စိတ်လှုပ်ရှားနေခဲ့တာ။ ကိုယ်ပြောမယ့် အကြောင်းအရာတွေကိုစာစီထားမယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ကျွန်မက စိတ်ထဲရှိတဲ့အတိုင်း ပြောတာများပါတယ်။ ဒါပေမဲ့ အားလုံးက လိုလိုမယ်မယ်ချရေးထားလိုက်ဆိုပြီး တိုက်တွန်းတယ်။ တကယ်ပဲ ကျွန်မအတွက် အထောက်အကူဖြစ်ခဲ့ပါတယ်။ အခမ်းအနားပွဲကို ကျွန်မမိသားစုလည်း လိုက်လာတယ်။ သူတို့ကတော့ ဝမ်းသာလို့အော်နေကြတာပေါ့။” လို့ ပြန်ပြောခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Zendaya (@zendaya)

ဒါ့ပြင် Zendaya ဟာ ကိုဗစ်နဲ့ယှဉ်တွဲပြီး သွားလာလှုပ်ရှားတဲ့ new normal နည်းလမ်းနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ပါသေးတယ်။ “ကျွန်မအထင်တော့ အချိန်အတိုင်းအတာတစ်ခုအထိ အရင်လိုမဟုတ်ဘဲ ကိုယ့်ကိုကိုယ် လုံခြုံမှုရှိအောင်နေရမှာပဲ။ ကျွန်မဆို ခရီးသွားရတာအရမ်းကြိုက်တာ။ နေရာမျိုးစုံကို အလည်သွားရတာလည်း ကြိုက်တယ်။ တစ်ခါတစ်လေ လွတ်လွတ်လပ်လပ်နဲ့ ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားကြည့်တဲ့အချိန်တွေကို လွမ်းမိတယ်။ ဒါပေမဲ့လည်း ဘယ်တတ်နိုင်မလဲ။ ဒါတွေအားလုံးကို နောက်မှလုပ်လည်းရတာပဲ။ စောင့်ရမှာပေါ့။” လို့ ပြောပြသွားခဲ့ပါသေးတယ်။

READ
လန်ဒန်က 5 star ဟိုတယ်ကြီးမှာ ဒိတ်လုပ်ခဲ့ဖူးတဲ့ လီမင်ဟိုတို့ စုံတွဲ

ShweMom

SHARE