စစ်တုရင်ကို မျက်စိနဲ့မကြည့်ပဲထိုးနိုင်တဲ့ ကမ္ဘာ့စံချိန်ရှင် ဂါရီယက်ဗ်

Youtube

စစ်တုရင်ကို မျက်စိနဲ့မကြည့်ပဲ ထိုးနိုင်ဖို့ဆိုတာ ဘယ်လိုမှ စိတ်ကူးကြည့်လို့ရနိုင်တဲ့အရာမျိုး မဟုတ်ပါဘူး။ တစ်ခါတစ်လေ မျက်လုံးနဲ့ကြည့်ပြီး သေချာစဉ်းစားတာတောင် တလွဲတချော်တွေ ဖြစ်တတ်သေးတာကိုး။

ဒါပေမယ့် ဂါရီယက်ဗ် ဆိုတဲ့ အသက် (၃၁)နှစ်အရွယ် စစ်တုရင် သမားအတွက်ကတော့ စစ်တုရင်ဆိုတာ မျက်စိနဲ့ကြည့်ပြီးထိုးရတဲ့ အရာတစ်ခုလို့ မသတ်မှတ်ခဲ့ပါဘူး။ သူက ပြိုင်ဖက်ကို မျက်စိမှိတ်ပြီးထိုးနိုင်တယ်ဆိုတဲ့ စစ်တုရင်သမားတွေထဲက တကယ့်ကို ရှားရှားပါးပါးတစ်ယောက်ပါ။ ပြီးတော့ သူက ကမ္ဘာ့စံချိန်ရှင်ပါ။

ဥဇဘက်ကစ္စတန်နိုင်ငံမှာမွေးဖွားခဲ့ပြီး၊ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ဂါရီယက်ဗ် (၂၀၀၄)ခုနှစ်မှာ ဂရင်းမာစတာ ဖြစ်ခဲ့သူပါ။ အသက် (၁၆)နှစ်ကတည်းက ဂရင်းမာစတာဖြစ်ခဲ့တဲ့ ဂါရီယက်ဗ် ဟာ ကမ္ဘာ့စစ်တုရင်သမားတွေရဲ့အဆင့်သတ်မှတ်ချက်မှာ အဆင့်(၂၆၀၀)သာ ရှိပေမယ့် သူက တကယ့်ကိုရှားပါးတဲ့ စစ်တုရင်သမားတစ်ယောက်လို့တောင် ပြောနိုင်ပါတယ်။ အကြောင်းကတော့ အထက်မှာပြောခဲ့သလိုပါပဲ။ သူက စစ်တုရင်ထိုးတဲ့အခါ စစ်တုရင်ခုံကို တစ်ကြိမ်ပဲကြည့်ပြီး အကွက်တွေအားလုံးမှတ်နိုင်တယ်၊ အဲဒီနောက် မျက်လုံးကိုမှိတ်ထားရင်း၊ ဘယ်အကွက်တွေရွှေ့ရမယ်ဆိုတာကိုပြောနိုင်သလို ပြိုင်ဖက်ကို လွယ်လွယ်လေး အနိုင်ယူနိုင်သူပါ။

READ
မြင်လိုက်တာနဲ့ အံ့သြဘနန်းဖြစ်သွားရမယ့် ထူးခြားဆန်းပြား ဓာတ်လှေကားများ

 

 

View this post on Instagram

 

Grenke Open

A post shared by Blindfold King (@blindfoldking) on

တက္ကဆက်တက္ကသိုလ်ကနေ စီးပွားရေးပညာဘွဲ့ရရှိခဲ့တဲ့ ဂါရီယက်ဗ် ဟာ ဆိုက်ပရပ်စ်မှာ ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲတစ်ခုမှာ ပြိုင်ပွဲဝင် (၁၉)ယောက် တိတိကို မျက်လုံးမှိတ်ပြီး ဆက်တိုက်အနိုင်ယူခဲ့လို့ အရမ်းကို နာမည်ကြီးသွားခဲ့တယ်။ ဂါရီယက်ဗ် အတွက်တော့ အဲဒါက ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တာဖြစ်ခြဲ့ပီး ဒီလို ကစားနိုင်တဲ့ စစ်တုရင်သမားတွေက အခုအချိန်အထိ တစ်ယောက်မှ ပေါ်ထွက်လာခြင်းမရှိခဲ့ပါဘူး။

(၂၀၁၂) ဒီဇင်ဘာလမှာတော့ ဂါရီယက်ဗ်တစ်ယောက် ဟာဝိုင်အီမှာ ဆက်လက်ပြီး အစွမ်းပြခဲ့ပြန်ပါတယ်။ သူက စင်မြင့်ပေါ်မှာ စစ်တုရင်ခုံပေါင်း (၂၇)ခုံကို ထားစေပြီး အဲဒီ ခုံတွေမှာ မတူညီတဲ့ ကစားကွက်တွေ ခင်းကျင်းထားစေခဲ့ပါတယ်။ ဂါရီယက်ဗ် က အဲဒီကစားကွက်တွေကို (၅)မိနစ်အတွင်း အလွတ်မှတ်ဖို့ ကြိုးစားခဲ့ပြီး (၅)မိနစ်ပြည့်သွားတဲ့နောက်မှာတော့ အဲဒီစစ်တုရင်ခုံတွေကို ကျောပေးလို့ ၊ ပြိုင်ဖက်တွေကို မျက်စိမှိတ်ပြီး ထိုးပြသွားခဲ့တာပါ။ သူနဲ့ ယှဉ်ပြိုင်သူတွေက သူတို့ ရွှေ့လိုက်တဲ့အကွက်တွေကို အော်ပေးရပြီး ဂါရီယက်ဗ်ကတော့ ဘယ်သူက ဘယ်အကွက်ရောက်နေပြီဆိုတာကို မျက်စိမှိတ်ပြီး စဉ်းစားနေတော့တာပါပဲ။

READ
ကျိကျိတက်ချမ်းသာပေမယ့် ရိုးရိုးရှင်းရှင်းနဲ့ပဲ ဘဝကိုဖြတ်သန်းနေတဲ့ သန်းကြွယ်များ

အားလုံးကတော့ ဂါရီယက်ဗ်ရဲ့ ဦးနှောက်အလုပ်လုပ်ပုံကို အံ့အားသင့်ခဲ့ကြပြီး မတူညီတဲ့ မှတ်ဥာဏ်တွေကို တစ်ချိန်တည်းမှာ အသုံးချနေတဲ့သူလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

(၂၀၁၃)မေလ မှာ အလားတူ စွမ်းရည်မျိုး ပြသခဲ့ပြီး စစ်တုရင်ခုံ (၃၃) ခုံ ၊ (၂၀၁၆) ဒီဇင်ဘာလမှာ စစ်တုရင်ခုံ (၄၈)ခုံကို မကြည့်ပဲ ထိုးပြနိုင်ခဲ့တာပါ။ အဲဒီ (၄၈)ခုံစံချိန်ကတော့ ဂါရီယက်ဗ်ရဲ့နောက်ဆုံးတင်ခဲ့တဲ့ စံချိန်ဖြစ်ပြီး လက်ရှိအချိန်အထိ သူကိုယ်တိုင် အဲဒီစံချိန်ကို ပြန်လည်ကျော်ဖြတ်ပြတာမျိုး မလုပ်နိုင်သေးပါဘူး။

Linn

Source : FIDE , Wiki , Youtube

SHARE