Tinder ပေါ်က ဓာတ်ပုံများကို မဖွယ်မရာပုံတွေအဖြစ် ပြောင်းဖို့အတွက် ခိုးယူသူများရှိနေ

Freepik/EDL

လတ်တလောမှာမှာ လူမှုကွန်ရက်အသုံးပြုသူတွေအတွက် ထိတ်လန့်စရာ အကောင်းဆုံးသတင်းကတော့ လိုင်းပေါ်မှာတင်ထားတဲ့ ဓာတ်ပုံတွေကို မရိုးသားတဲ့လူတွေက ခိုးယူပြီး၊ မောင်နဲ့နှမ ကြည့်လို့တောင် မသင့်တော်တဲ့ဓာတ်ပုံတွေ ဖန်တီးကာ ရာဇဝတ်မှုနဲ့မလွတ်ကင်းတဲ့ ငွေရှာဝက်ဘ်ဆိုဒ်တွေမှာ မျှဝေမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းပါ။ အဓိအားဖြင့်တော့ လိင်ပိုင်းဆိုင်ရာ စွဲဆောင်တဲ့နေရာမှာ အသုံးချဖို့ဖြစ်ပြီး၊ လိမ်လည်ပိုက်ဆံတောင်းဖို့အတွက် ဖြစ်ပါတယ်။

Tinder အသုံးပြုသူတွေရဲ့ ဓာတ်ပုံပေါင်း (၇၀၀၀၀)ကျော်ဟာ သူတို့မသိဘဲနဲ့ အခိုးခံလိုက်ရပြီး၊ မဖွယ်မရာဓာတ်ပုံတွေဖန်တီးကာ ဝါသနာပါသူတွေဆီကနေ ငွေလိမ်ယူဖို့ အသုံးပြုခံနေရတယ်လို့ သတင်းတစ်ရပ်က ဆိုပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေကိုသာ ပစ်မှတ်ထားပြီး ပုံတွေခိုးယူနေတာဖြစ်ပြီး၊ ဒီသတင်းကြောင့် Tinder အသုံးပြုသူတွေကြား ထိတ်လန့်နေကြပါတယ်။

Tinder

ဘယ်လိုနည်းနဲ့ ဒီပုံတွေကို အသုံးပြုသလဲဆိုတာ တိတိကျကျ မသိရသော်လည်း Satfishing scams လို့ခေါ်တဲ့၊ အွန်လိုင်းလိမ်လည်မှုတွေ ကျူးလွန်ရာမှာ အသုံးပြုတယ်ဆိုပြီး အကြမ်းဖျဉ်းသိရပါတယ်။ ဒီရှာဖွေတွေ့ရှိမှုတွေကို ဆိုက်ဘာလုံခြုံရေးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ White Ops အဖွဲ့က တွေ့ရှိခဲ့တာပါ။

Gizmodo ဝက်ဘ်ဆိုက်ရဲ့အဆိုအရ Text ဖိုင်ထဲမှာ Tinder အသုံးပြုသူတွေရဲ့ ID (၁၆၀၀၀)အထိ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ နယူးယောက်ခ်မြို့မှ ဆိုက်ဘာလိင်ပိုင်းဆိုင်ရာစော်ကားမှုတိုက်ဖျက်ရေးအဖွဲ့မှ Aaron DeVera က “ ဒီလို စိတ်ဓာတ်ကျစရာ အချက်အလက်တွေက လိမ်လည်လိုသူတွေကို စွဲဆောင်နေပါတယ် … အဲဒီလူတွေက အခြားပလက်ဖောင်းတွေပေါ်က အကောင့်တုတွေကို စုဆောင်းပြီး ကြီးမားတဲ့ Collection ကြီးကို ဖန်တီးဖို့ .. ဒီပုံတွေကို အသုံးပြုတာပါ ”လို့ ပြောခဲ့ပါတယ်။

READ
ယာဉ်ကြောကြပ်တဲ့ဒဏ်ကို မခံစားနိုင်လို့ နေ့တိုင်း မြစ်ကိုဖြတ်သန်းသွားနေတဲ့ အမျိုးသား
Tinder

Adron က ဆက်လက်ပြီး “ ရေရှည်စိတ်ပူစရာကတော့ ဒီဓာတ်ပုံတွေဟာ လိမ်လည်မှုတွေနဲ့ နောက်ပြီး တစ်ကိုယ်ရေလုံခြံရေးဆိုင်ရာ ချိုးဖောက်မှုတွေ ဖြစ်လာနိုင်ပါတယ် … ”လို့ ပြောပါတယ်။ သူရဲ့ ရည်ညွှန်းချက်ချက်ထဲမှာ အညှီအနောက်မကင်းတဲ့ ဓာတ်ပုံတွေ ပေါက်ကြားခြင်းမျိုးနဲ့ Dating App လိုဟာမျိုးတွေမှာ ကာယကံရှင်က အများပြည်သူကို ထုတ်မပြချင်တဲ့ ဓာတ်ပုံတွေ အတင်ခံရတာမျိုးတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

လင်းသုတ

SHARE