ဂိမ်းဆော့ရင်း Date ရှာနိုင်တော့မယ့် Tinder ရဲ့ Adventure Game အသစ်အကြောင်း

YouTube- Tinder

Dating app တစ်ခုဖြစ်တဲ့ Tinder ကိုတော အားလုံးသိကြမယ်ထင်ပါတယ်နော်။ Tinder ဟာ အွန်လိုင်းရဲ့စုံတွဲရှာပေးတဲ့ app တစ်ခုဖြစ်ပြီးတော့ လုပ်ဆောင်ပုံကတော့ ကိုယ့်ရဲ့အကြိုက်တွေ၊ မကြိုက်တဲ့အချက်တွေကို ရွေးချယ်ပြီးတော့ ကိုယ်နဲ့အလိုက်ဖက်ညီဆုံးဆိုတဲ့လူကို ရှာပေးတာမျိုးပါ။ လူရွေးတဲ့အခါမှာ မကြိုက်ရင် ကျော်ပစ်လို့ရတဲ့ “Swipe” ဆိုတဲ့စကားကလည်း Tinder နဲ့ လိုက်ပြီးခေတ်စားနေခဲ့တာပါ။

အခုတော့ Geek Culture ရဲ့ဖော်ပြချက်အရ အခုဆိုရင် Tinder ဟာ feature အသစ်ကို မိတ်ဆက်လိုက်ခဲ့ပါပြီတဲ့။ အဲဒါကတော့ သာမန်အတိုင်း ရိုးရိုးရှင်းရှင်းမဟုတ်ဘဲ ဂိမ်းဆော့ပြီးတော့ ဒိတ်ကိုရှာနိုင်မှာပါ။

YouTube- Tinder

ဒီတော့ ဂိမ်းအကြောင်းလေး အရင်ပြောရအောင်။ ဂိမ်ဟာ ၇ မိနစ်စာပဲရှိတဲ့ ဇာတ်လမ်းသွားလိုမျိုး ဆော့ရမှာဖြစ်ပါတယ်။ Tinder account ရှိပြီးသား လူတွေသာ ဆော့နိုင်မှာပါ။ ကိုယ်က ဂိမ်းမှာ အဓိကဇာတ်ကောင်နေရာကနေ ဆော့ရမှာပေါ့နော်။ နောက် အခုခေတ်စားနေတဲ့ ဂိမ်းပုံစံတွေမျိုးပဲ ရွေးချယ်စရာတွေ အများကြီးပေးထားပြီး ကိုယ်ရွေးလိုက်တဲ့ ပုံစံနဲ့လိုက်ပြီးတော့ ဇာတ်လမ်းနဲ့ ဇာတ်သိမ်းက ပြောင်းလဲသွားမှာဖြစ်ပြီး Tinder က ရွေးပေးတဲ့ ဒိတ်လုပ်ရမယ့်လူဟာလည်း နောက်ဆုံး ရလဒ်ကိုလိုက်ပြီး ထွက်လာမှာပေါ့နော်။

READ
သားလည်းဆုံးတဲ့အပြင် ကိုယ်ပါအဓမ္မကျင့်ခြင်းခံခဲ့ရတဲ့ အိန္ဒိယအမျိုးသမီးရဲ့ ဖြစ်ရပ်
YouTube- Tinder
YouTube- Tinder

မေးခွန်းတစ်ခုကို အဖြေတစ်ခုရွေးချယ်ဖို့ ၇ စက္ကန့်သာအချိန်ပေးထားပြီးတော့ အပတ်တိုင်း ဆော့ရမှာပါ။ ဒီအပြင် တကယ့်လူတွေနဲ့ ဂိမ်းကို ဖန်တီးထားတဲ့အတွက်တော်တော်လေးတော့ အထူးခြားနေမှာပါပဲ။ ဒါကတော့ game ရဲ့ မနှစ်တုန်းက ထွက်ထားခဲ့တဲ့ Tinder Swipe Night ရဲ့ trailer လေးပါ။ ဘယ်လောက်မိုက်လဲ ကြည့်လိုက်ကြဦး။

ဂိမ်းကိုတော့ အသက် ၂၄ နှစ်အရွယ် အဆိုတော် Drake ရဲ့ အမြဲတမ်း music video ဒါရိုက်တာ  Karena Evans က ဇာတ်လမ်းဒါရိုက်တာအဖြစ် တာဝန်ယူခဲ့တာဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ Big Mouth ရဲ့ ဖန်တီးသူ Nicole Delaney နဲ့ Five Points တို့ Facebook တို့ကို ဖန်တီးသူ Brandon Zuck တို့က တာဝန်ယူထားပါတယ်။

READ
အမေကိုလက်ထပ်ဖို့ သမီးငယ်လေးဆီက ခွင့်ပြုချက်တောင်းခဲ့ရတဲ့ အမျိုးသား

ဂိမ်းကိုတော့ Swipe Night လို့ နာမည်ပေးထားခဲ့ပြီး စနေနေ့မှာပဲ ဆော့နိုင်မှာဖြစ်ပါတယ်တဲ့။ စတင်အသုံးပြုကစားနိုင်တဲ့ ရက်ကတော့ လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့ (စနေနေ့) မှစပြီး စက်တင်ဘာလ ၁၉ ရက်နေ့၊ စက်တင်ဘာလ ၂၆ ရက်နေ့လိုတော့ တရားဝင်ထုတ်ပြန်ထားပါတယ်။ အချိန်ကတော့ နိုင်ငံတကာအချိန် မနက် ၁၀ နာရီမှ ည ၁၂ နာရီအိပါပဲတဲ့။

YouTube- Tinder

penny

SHARE