ကာတွန်းချစ်သူတွေ မဖြစ်မနေ အလည်တစ်ခေါက်တော့ သွားသင့်တဲ့ Tintin ပြတိုက်

Musée Hergé

Tintin လို့ ဆိုလိုက်တာနဲ့ အကျီင်္အပြာ၊ ဘောင်းဘီအညိုနဲ့ ကောင်လေးတစ်ယောက်ကိုသတိရကြမှာပါ။ အချစ်တော် ခွေးကလေးSnowy ၊ Captain Haddock၊ Professor Caluclus, နဲ့  Thom(p)son အမွှာညီနှောင်တို့ကလည်း တင်တင်ကာတွန်းထဲက ဇာတ်ကောင်တွေပါပဲ။ စူးစမ်းရှာဖွေသူ၊ သတင်းထောက်တစ်ယောက်ဖြစ်တဲ့ တင်တင်ရဲ့ စွန့်စားခန်းများဟာ ကမ္ဘာ့အနှံ့က ကာတွန်းချစ်သူ ပရိသတ်များရဲ့ နှလုံးသားထဲမှာ အခုထက်တိုင် ရှိနေတဲ့ ကာတွန်းတစ်ခုဖြစ်ပြီး အခုအချိန်အထိ တင်တင်ရဲ့ စွန့်စားခန်းများ စာအုပ်တွေဟာ ဈေးကွက်အတွင်းမှာ ရောင်းချနေရဆဲလည်းဖြစ်ပါတယ်။ တင်တင် ကာတွန်းတွေကို ဖန်တီးခဲ့သူတေကာ့ Georges Remi လို့ ခေါ်တဲ့ ဘယ်လ်ဂျီယံကာတွန်းဆရာတစ်ယောက်ဖြစ်ပြီး ကလောင်အမည်  Hergé က ပိုပြီး လူသိများပါတယ်။

JamazingClayton

Tintin ပြတိုက်လို့သာ အလွယ်တကူဆိုရပေမယ့် ကာတွန်းဆရာကြီး Hergé ပြတိုက်လို့ အတိအကျဆိုရမှာပါ။ ပြတိုက်တည်နေရာကတော့ ဘယ်လ်ဂျီယံနိုင်ငံ၊ Louvain-la-Neuve မြို့မှာဖြစ်ပါတယ်။လHergé  ပြတိုက်ကို ဗိသုကာပညာရှင် Christian de Portzamparc နဲ့ ကာတွန်းဆရာ Joost Swarte တို့နှစ်ယောက်ပေါင်းပြီး ဆောက်လုပ်ထားပါတယ်။

JamazingClayton

ပြတိုက်အတွင်းမှာ ကာတွန်းဆရာကြီး Hergé ရဲ့ လက်ရာများကို ပြသထားပြီး တင်တင်ရေးဆွဲစဉ်က ပြုလုပ်ထားတဲ့ လေ့လာချက်တွေ၊ ကာတွန်းပုံတွေရဲ့ မူလရေးဆွဲထားချက်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြတိုက်အတွင်း Hergé  ရဲ့ ဘဝတစ်လျှောက်လုံး ဖြစ်စဉ်တွေကို ဓာတ်ပုံတွေနဲ့ ပြသထားပြီး ကလေးဘဝက ဓာတ်ပုံတွေက အစ အောင်မြင်ကျော်ကြားတဲ့အချိန်အထိ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ပြတိုက်အထဲမှာ Beatles နဲ့ Pink Floyd တို့ရဲ့ သီချင်းတွေကို တိုးတိုးလေးဖွင့်ထားပြီး Beatles Pink Floyd တို့ဟာလHergé အကြိုက်ဆုံးတေးဂီတအဖွဲ့တွေပဲဖြစ်ပါတယ်။

လတစ်လရဲ့ ပထမဆုံး တနင်္ဂနွေနေ့မှာတော့ ဝင်ကြေးအခမဲ့အနေနဲ့ ဝင်ရောက်ကြည့်ရှု့နိုင်မှာဖြစ်ပြီး Tintin ကာတွန်းချစ်သူတွေအတွက်တော့ ဘယ်လ်ဂျီယံနိုင်ငံကို ရောက်ခဲ့ရင် သွားကို သွားသင်တဲ့ နေရာတစ်ခုပါပဲ။

JamazingClayton
JamazingClayton

ကာတွန်းဆရာကြီး Hergé ရေးဆွဲထားတဲ့ Tintin ရဲ့ စွန့်စားခန်းများဟာ စုစုပေါင်း (၂၄) အုပ်ရှိပြီး မြန်မာဘာသာနဲ့ ပြန်ဆိုထားတာကတော့ (၃)အုပ်ပဲ ရှိပါသေးတယ်။

YYK

SHARE