Credit Card အရွယ်အစားလောက်သာရှိတဲ့ ဖုန်းကို ဂျပန်ကုမ္ပဏီမိတ်ဆက်ပေးမည်

ကမ္ဘာပေါ်မှာ မိုဘိုင်းဖုန်းအသုံးပြုသူဦးရေကတော့ တစ်စထက်တစ်ပိုမိုများပြားလာနေပါတယ်။ဖုန်းကုမ္ပဏီတွေကလည်း စွမ်းဆောင်ရည်မြင့်မားတဲ့ဖုန်းတွေကို သူ့ ထက် ငါအပြိုင်အဆိုင် ထုတ်နေကြပါတယ်။Apple၊ Google နဲ့ တခြားဖုန်း ထုတ်တဲ့ ကုမ္ပဏီတွေက နည်းပညာပိုင်း၊ဒီဇိုင်းကာလပိုင်းနဲ့ဖုန်းရဲ့ Function ပိုင်းတွေမှာ သူ့ထက်ငါ အပြိုင် ပိုကောင်း အောင် ထုတ်နေချိန်မှာ ဂျပန်ကုမ္ပဏီတစ်ခုကတော့ ထူးခြားတဲ့ စမတ်ဖုန်းတစ်မျိုးနဲ့ ဈေးကွက်ကို ထိုးဖောက်ဖို့ ပြင်ဆင် ခဲ့ပါတယ်။ဂျပန်အခြေစိုက် NTT Docomo ဆိုတဲ့ Mobile phone operator ကုမ္ပဏီကတော့ ပိုသေးတဲ့ အရွယ် အစားနဲ့ ပိုပြီးရိုးရှင်းတဲ့ ပုံစံ KY-01L ဆိုတဲ့ ဖုန်းကို နိုဝင်ဘာလမှာ မိတ်ဆက်ပေးသွားတော့မှာပါ။

NTT Docomo

အပါးလွှာဆုံး၊အပေါ့ပါး ဆုံး ဖြစ်အောင် ဖန်တီးထားတာဖြစ်တာကြောင့် “lite” version ဖြစ်ပြီး စမတ် ဖုန်း တစ်လုံး မှာရှိသင့်ရှိထိုက်တဲ့ စွမ်းဆောင် ရည်တွေသာ ပါဝင်သွားမယ်လို့ သိရပါတယ်။အခုနောက်ပိုင်းမှာ လူအများစုက စမတ် ဖုန်းကို ဖုန်းခေါ်ဆက်သွယ်ဖို့ တစ်ခုတည်း အတွက် မဟုတ်ပဲ ဗီဒီယိုတွေကြည့်ဖို့၊ဂိမ်းဆော့ဖို့၊ဓါတ်ပုံရိုက်ဖို့ အတွက်ပါ သုံးလာကြပါတယ်။ဖုန်းကို အဲ့ဒီလို အစုံ သုံး ချင်တဲ့ သူတွေ အတွက်ကတော့ ဒီဖုန်းက လုံးဝ လုံးဝ မသင့်တော်ပါဘူး။ ရိုးရှင်းပြီး အလွယ်တကူသယ်ဆောင် ရလွယ်ကူ တဲ့ Handset တွေကိုမှ သုံးချင်ပါတယ်ဆိုတဲ့ Customer တွေ အ တွက် အဓိက ရည်ရွယ်တာပါ။ “ရိုးရှင်းရမယ်. .သေးငယ်ရမယ်..” ဆိုတဲ့ အချက်အပေါ် အဓိက ထားပြီး ထုတ် ထား တာပါ။

READ
ကမ္ဘာ့ပထမဆုံး ထရီလီယံနဲ့ချီပြီး  အချမ်းသာဆုံး ကုမ္ပဏီဖြစ်လာတဲ့ Apple
NTT Docomo

credit card ရဲ့ အရွယ်အစားလောက်ပဲရှိပါတယ်။အလေးချိန်ကတော့ 47g (1.6oz) ပဲရှိပါတယ်။screen ကတော့ e-books တွေနဲ့ တူတဲ့ electronic-paper touchscreen ပါ။သေးငယ်ပေါ့ပါးမှုကို ရည်ရွယ်ထားတာမို့ ဈေးကွက် မှာတွေ့နေရတဲ့ ဖုန်းတွေလိုတော့ Function မစုံပါဘူး။ဖုန်းလက်ခံ၊ခေါ်ဆိုတာ၊မက်ဆေ့ခ်ျပို့တာမျိုးတော့ လုပ်လို့ရပါ တယ်။အင်တာနက်ရပေမယ့် down load လုပ်တာ App တွေကို  Install လုပ်တာမျိုးတော့ မရပါဘူး။ ကင်မရာ မပါပါဘူး။Card Keitai KY-01L   ကိုေ တာ့ အီလက်ထရောနစ်ကုမ္ပဏီ Kyocera ကပြုလုပ်ပေးမှာပါ။

NTT Docomo

NTT Doco mo  ကတော့ ဒီဖုန်းဟာ ကမ္ဘာ့ အ ပါး လွှာဆုံး အသေးဆုံး ဖြစ်လာမယ်လို့ အခိုင်အမာပြောနေပေမယ့် ဒီစကား ကေ တာ့ တခြားမိုဘိုင်းဖုန်းထုတ်လုပ် သူတွေ ကြားမှာ နည်းနည်းလေးအငြင်းပွားစရာဖြစ်နေပါတယ်။သူ့လိုပဲ သေးငယ် တဲ့ ဖုန်းကို ထုတ်ဖူး တဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ Oppo R5 ကတော့(၂၀၁၄)ကထွက်ရှိခဲ့ပြီး အထူက (4.85mm) ပဲရှိပါ တယ်။ (၂၀၁၄)မှာပဲ Vivo X5 Max ဆိုတဲ့ (4.75mm)ပဲ အထူရှိတဲ့ ဖုန်းလည်း ထွက်ရှိခဲ့ဖူးပါတ ယ်။ ဒါ့အပြင် (၂၀၁၆)မှာ Motorola  ကနေ အထူ (5.2mm)ပဲ ရှိတဲ့ Moto Z  ကို ထုတ်ခဲ့ပါတယ်။နိုဝင်ဘာမှာ ထွက်ရှိလာမယ့် KY-01L ရဲ့ ဈေးနှုန်းကတော့ ဂျပန်ယန်းငွေနဲ့ ဆိုရင် ( 32,000)၊အမေရိကန်ဒေါ်လာနဲ့ဆိုရင် ($280)လောက်ရှိနိုင်တယ်လို့ သိရပါတယ်။

READ
မကြာမီလူသားတွေရဲ့အမြင်မျိုး စက်ရုပ်တွေလည်းမြင်နိုင်တော့မည်

Source : Businessinsider/BBC

SHARE