သင် သတိမထားမိလောက်တဲ့ “Delicate” MV ထဲက မြှုပ်ကွက်များ

Taylor Swift ကတော့ “Delicate” ဆိုတဲ့ သီချင်းသစ် MV ကို ပရိသတ်တွေရှေ့ကို အရောက်ပို့လိုက်ပါပြီ။ ဒီသီချင်း လေးကတော့ သူမရဲ့ အယ်ဘမ် Reputation အယ်ဘမ်ရဲ့ ငါးပုဒ်မြောက် သီချင်းပါ။ ဒီMV ထဲမှာ သင်လုံးဝ သတိမထားမိလောက်တဲ့ မြှုပ်ထားတဲ့ အသေးစိတ်အချက်လေးတွေ ရှိပါတယ်။ အဲဒါတွေကတော့ …

(၁) မထွက်ခင်တည်းက အရိပ်အမြွတ်ပြော

Taylor က သူမရဲ့ MV နဲ့ပတ်သက်ပြီး အရိပ်အမြွတ် သဲလွန်စ ပေးခဲ့ပါတယ်။

(၂) ကြောင်ချစ်သူလေး

သူမရဲ့ MV မှာ ပါတဲ့ ဟိုတယ်ရဲ့ နာမည်ကိုပါ “Hotel DeliCAT,” ဆိုပြီး ပေးထားတာကို ကြည့်ရင်တော့ Taylor ကေ တာ့ ကြောင်ကို ဘယ်လောက်ချစ်လဲဆိုတာကို သိနိုင်ပါတယ်။

(၃) မြွေလည်း ပါ

Kim Kardashian ၊Kanye West တို့နဲ့  Taylor  တို့ကြားမှာ မြွေ၊ကြွက်ဆိုတဲ့ မကျေပွဲလေးတွေ ရှိခဲ့ဖူးပါတယ်။ မြွေ”snake” ဆိုပြီး တေလာ့ကို တံဆိပ်ကပ်ထားပါတယ်။ တေလာကတော့ အစဉ်အလာမပျက်ရအောင်  “Delicate” MV ထဲမှာ မြွေလက်စွပ်က်ု ၀တ်ဆင်ထားပါတယ်။ Kim Kardashian ကို တေလာ့ Fan တွေ snake emojis တွေနဲ့ Troll ခဲ့ဖူးပါတယ်။‘Look What You Made Me Do’ သီချင်းထွက်ပြီးတည်းက Kim Karda shian က သူမရဲ့ IG မှာ Snake emojis တွေကို Ban တယ်ဆိုတဲ့ သတင်းလည်း ထွက်ဖူးပါတယ်။

(၄)(၁၉၂၀)လောက်က ဖက်ရှင်နဲ့ အပြင်အဆင်တွေကို ကိုးကားထား

MV ရဲ့ ပထမတစ်ဝက်လောက်မှာပါတဲ့ ဖက်ရှင်နဲ့ ပတ်ဝန်းကျင်အပြင်အဆင်တွေဟာ (၁၉၂၀)လောက်က ၀တ္ထု  The Great Gatsby ထဲက ဟာတွေကို ကိုးကားထားပါတယ်။

(၅)နံရံပေါ်က စာ

MV ထဲမှာ နံရံပေါ်မှာ ရေးခြစ်ထားတဲ့ စာတွေကို သတိထားကြည့်ရင် မြင်မှာပါ။  “Reputation,” ၊”It’s delicate” ဆိုတဲ့စာတွေကို တွေ့ရမှာပါ။

(6)“Joe’s Deli.”

Joe Alwyn လား (သို့) ဒီ MV ရဲ့ ဒါရိုက်တာ Joseph Kahn ကို ရည်ညွှန်းတာလား မသိပေမယ့် “Joe’s Deli.” ဆိုတဲ့ Sign ကို ဖြတ်လျှောက်သွားတာကို တွေ့ရပါတယ်။

(7)“Track 5”

“Track 5”  ဆိုတဲ့စာသားကို ဘူတာရုံရဲ့ တိုင်မှာ ရေးထားပါတယ်။“Delicate” က Reputation ရဲ့ ငါးပုဒ်မြောက်  သီချင်းပါ။

READ
ကမ္ဘာလုံးဆိုင်ရာ ပညာရေးရန်ပုံငွေအတွက် ($2.3)ဘီလီယံ ကူညီခဲ့တဲ့ Rihanna 

(8) အပြာရောင်ဝတ်စုံရဲ့ မြှုပ်ကွက်

Fans တွေကတော့ အပြာရောင်ဝတ်တာဟာ သူမကို ရွှေရောင်ခြယ်မှုန်းပေးမယ့်သူကို မတွေ့ဆုံသေးလို့ ဒီအဓိပ္ပါယ် နဲ့ ၀တ်တာဆိုပြီး ပြောနေကြပါတယ်။ ဒီလိုပြောတာ အကြောင်းရှိပါတယ်။ သူမရဲ့ “Dancing With Our Hands Tied” သီချင်းထဲက  “My, my love had been frozen ..Deep blue, but you painted me golden..” ဆိုတဲ့ စာသားကြောင့်ပါ။

(9) Bar ရဲ့ နာမည်

ဗီဒီယို အဆုံးသတ်မှာ Golden Gopher bar ထဲကို ၀င်သွားတာနဲ့ ဆုံးထားပါတယ်။ ဒါကတော့ သူမက တစ်စုံတစ်ယောက်နဲ့ ချစ်နေပြီဆိုတာကို ပြချင်ပုံရပါတယ်။ Bar ထဲ မ၀င်ခင် အပြာရောင်ဝတ်စုံနဲ့ ရောက်လာပြီး မ၀င်ခင် အချစ်စစ်ကို တွေ့လိုက်တယ်လို့ ဆိုလိုချင်ပုံရပါတယ်။

(၁၀) Golden Gopher

Golden Gopher ဟာ Downtown LA မှာ တကယ်ရှိတဲ့ Dive bar ပါ။ (Dive bar ဆိုတာကတော့ Bar တို့ အရက်ဆိုင်တို့ကို ခေါ်တဲ့ အမေရိကန် အရပ်သုံးစကား)၊ “Delicate” သီချင်းရဲ့ စာသားထဲက Dive bar on the East Side, where you at?..” ဆိုတာ ဟာ Golden Gopher ကို ရည်ညွှန်းစပ်ဆိုထားတာ ဖြစ်နိုင်ပါတယ်။

(၁၁) မိုးထဲမှာ ကတာ

မိုးထဲမှာ ကနေတဲ့ အခန်းကတော့ သူမရဲ့ အနုပညာဘ၀ခရီးအစကို ပြန်အမှတ်ရအောင် ထည့်ထားပုံရပါတယ်။ (၂၀၁၀) တုန်းကာသူမရဲ့ သီချင်း “Fearless,” ထဲမှာ “With you I’d dance in a storm in my best dress.”ဆိုတဲ့ စာသား ပါပါတယ်။( ၈)နှစ်အကြာမှာ ဒီစိတ်ကူးကို အကောင်အထည် ဖော်လိုက်ပုံရပါတယ်။

READ
သာသနာပြုဖို့ ငွေတွေအလိမ်ခံလိုက်ရတဲ့ ဒိန်းဒေါင်

(၁၂)“Look What You Made Me Do” MV ထဲက နံပါတ်ငါးနေရာက တေလာ

Delicate က  Reputation အယ်ဘမ်ရဲ့ ငါးပုဒ်မြောက် သီချင်း၊Look What You Made Me Do  MV ထဲမှာ နံပါတ်ငါးနေရာက တန်းစီရပ်နေတဲ့ Fearless တေလာ စတိုင်ပုံစံမျိုးအတိုင်း ပြန်ထည့်ထားတာ၊ Delicate MV ထဲမှာ မိုးထဲရေထဲ ကနေတာက “Fearless,” ထဲကစာသား အဲ့ဒီအရာတွေ အားလုံးကို အဆက်အစပ်ရှိရှိ ချိတ်ဆက်ထားတာကို တွေ့ရမှာပါ။

(၁၃)အတွင်းစိတ်ခွန်အားကိုရှာတဲ့ တင်စားထားတဲ့ စကားလုံးတွေကို သုံးထား (Rainstorms )

Rainstorm ဆိုတာကို MV ထဲမှာ ထည့်သုံးထားပါတယ်။ အဲဒါတွေဟာ Taylor က သူမကိုယ်သူမ နောက်ဆုံးမှာ သန့်စင်လိုက်ပြီ၊ အသစ်တဖန်မွေးဖွားခြင်းကို စလိုက်ပြီ၊ သန့်စင်သွားပြီ၊အ သစ်ဖြစ်သွားပြီလို့ ရည်ညွှန်းပုံရပါတယ်။ 1989 World tour မှာတုန်းက “Clean” ဆိုတဲ့သီချင်းကို မတင်ဆက်ခင်မှာ တေလာက “မိုးသက်မုန်တိုင်း (Rainstorms ) တွေကြားထဲမှာ မင်းက ရှင်သန်နိုင်တဲ့သူပါ။ ဆက်လျှောက်ပါ။ နာကျင်မှုတွေက မင်းကို ပိုကြံ့ခိုင်အောင် လုပ်ပေးတယ်ဆိုတာ ငါယုံကြည်တယ်..” လို့ ပြောခဲ့ဖူးပါတယ်။

(၁၄) ပွဲပြီးတဲ့အခါ ပရိသတ်တွေကို နှုတ်ဆက်ဂါဝရပြုတဲ့ ဦးညွတ်ခြင်းမျိုး

ပွဲပြီးတဲ့ အခါမျိုးမှာ ပရိသတ်တွေကို ဦးညွတ်အလေးပြုတဲ့ ပုံစံမျိုးနဲ့ တေလာက MV ထဲမှာ ဦးညွတ်နှုတ်ဆက် ထားပါတယ်။ “Reputation.” ဆိုတဲ့ စာရဲ့ရှေ့မှာ အခုလိုလုပ်ခဲ့တာပါ။ “Reputation.” အဟောင်းကို နှုတ်ဆက်ပြီး “thank you and goodbye” လုပ်တာ လည်း ဖြစ်နိုင်သလို ဂီတသက်တမ်းတစ်လျှောက်မှာ လုပ်လာတဲ့ “show” ကို အဆုံးသတ်ပြီး နှုတ်ဆက်ပြီလို့ ပြောတာလည်း ဖြစ်နိုင်ပါတယ်။

source buzzfeed

SHARE