နော်ဝေနိုင်ငံ Odda ကောင်တီထဲက သစ်ပင်တွေကြားထဲပုန်းခိုနေတဲ့ ငှက်သိုက်လေးများသဏ္ဍာန် သစ်သားအိမ်လေးတွေဟာ မြို့ပြရဲ့မွန်းကြပ်မှုတွေကိုဖြေဖျောက်ပေးနိုင်တဲ့ ထွက်ပေါက်တွေဖြစ်ပါတယ်။ အိမ်တစ်လုံးစီကို သစ်ပင်တစ်ပင်ရဲ့အမြင့်ပိုင်းနေရာမှာ ဆောက်လုပ်ထားပြီး သစ်ပင်ရဲ့ပင်စည်နဲ့ စတီးပိုက်ဆက်ပြီးချိတ်ထားပါတယ်။ အခုလို ဆောက်ထားတဲ့အတွက် အောက်ဘက်မှာ ထပ်တိုးတည်ဆောက်စရာမလိုတော့ပါဘူး။ အထဲမှာတော့ အိမ်ခန်းကိုဖြတ်ဖောက်ပြီး ရှင်သန်ကြီးထွားနေတဲ့ ထင်းရှူးပင်ကိုပါ တွေ့မြင်ရမှာဖြစ်ပါတယ်။
View this post on Instagram
ရိုးရှင်းဆန်းသစ်တဲ့ အသိုက်အိမ်လေးတွေကို Helen & Hard Architects က သေချာဒီိဇိုင်းရေးဆွဲထားတာပါ။ အိမ်လေးတွေကိုတော့ မြေပြင်ကနေအထက် အမြင့်ပေ ၁၅ပေကနေ ပေ၂၀လောက်မှာ လေပေါ်ဝဲနေသယောင်တွေ့မြင်ရတာဖြစ်ပြီး သဘာဝသစ်တောကို အထိအခိုက်မရှိအောင် ဗိသုကာပညာနဲ့ထိန်းသိမ်းထားပါတယ်။
View this post on Instagram
ဒါပေမဲ့ အိမ်လေးတွေဆီသွားဖို့ ကားမရှိပါဘူး။ ကားအစား ဧည့်သည်တွေဟာ ခပ်မတ်မတ်တောင်တက်လမ်းကြောင်းတစ်ခုအတိုင်း တောင်တက်လာရမှာပါ။ ခရီးလမ်းအဆုံးမှာတော မောပန်းတာတွေကို ပြေပျောက်သွားစေမယ့် လှပတဲ့မြင်ကွင်းနဲ့ သစ်သားအိမ်လေးတွေကို တွေ့ရမှာဖြစ်ပါတယ်။ အိမ်လေးတွေက သေးတော့သေးပါတယ်။ စတုရန်းပေ ၁၆၀ ပဲရှိပါတယ်။ ဒါပေမဲ့ အခန်းရဲ့တစ်လက်မတိုင်းကိုမလွတ်အောင် အတွင်းခန်းကို ကျကျနနဖွဲ့စည်းထားပါတယ်။ အဝင်ပေါက်ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ရေချိုးခန်းနဲ့ အိပ်ခန်းဖွဲ့ထားတဲ့အတွက် အခန်းထဲဝင်လာမယ့်ဧည့်သည်ကို ရှေ့ပိုင်းက ရှုခင်းဆီမျက်စိရောက်အောင် တစ်ခါတည်းဆွဲဆောင်ထားနိုင်ပါတယ်။ အခန်းရဲ့ကျန်တဲ့နေရာတွေဖြစ်တဲ့ မီးဖိုဆောင်နဲ့ ဧည့်ခန်းတွေကိုတော့ ကြမ်းခင်းကနေ မျက်နှာပြင်ထိတိုင်အောင် မှန်တွေအပြည့်ကပ်ထားပါတယ်။
View this post on Instagram
View this post on Instagram
View this post on Instagram
View this post on Instagram
စိတ်ဝင်စားစရာကောင်းတဲ့ ထူးထူးခြားခြားဒီဇိုင်းတွေဆိုတာ မိုးထိုးနေတဲ့အဆောက်အဦးတွေချည်းပဲမဟုတ်ဘူးဆိုတာ အခုအသိုက်အိမ်လေးတွေက သက်သေပြနေပါတယ်။ ဒီနေရာမှာတော့ အတွင်းခန်းတွေကို ကျွမ်းကျင်လိမ္မာစွာဖွဲ့စည်းထားပြီး သဘာဝရေမြေကိုအလေးထားတဲ့ ရိုးရိုးရှင်းရှင်းဗိသုကာပုံစံကို တွေ့ရှိရမှာဖြစ်ပါတယ်။ အိမ်လုံးလေးတွေကိုငှားချင်တယ်ဆိုရင်တော့ woodnest.no ဝက်ဆိုက်ဒ်ကတဆင့် ငှားရမ်းနိုင်ကြောင်းလည်း mymodernmet အရ သိရပါတယ်။
View this post on Instagram
ShweMom