ပဲကြာဇံကြော်လေးလုပ်စားကြရအောင်….

လူတိုင်းအတွက် အကောင်းဆုံး အာဟာရနဲ့ အရသာရှိဆုံး အစားအစာ ဖြစ်တဲ့ ပဲကြာဇံကြော်နည်းလေးကို ဖော်ပြပေးပါမယ်။

လိုအပ်သောပစ္စည်းများ

  • ပဲကြာဇံ
  • ကြိုက်နှစ်သက်ရာ အသား
  • ပဲငံပြာရည်အနောက်
  • ခရုဆီ
  • ဆီအနည်းငယ်
  • ငံပြာရည်
  • ငရုတ်ပွ
  • မုန်လာဥ
  • ပဲပုတ်

ပြုလုပ်ပုံအဆင့်ဆင့်

  • ဆီကို ဒယ်အိုးထဲထည့်၍ အပူပေးပါ။
  • ပဲကြာဇံကို ပွလာသည်အထိ ရေစိမ်ထားပါ။
  • ဆီပူလာလျှင် ပဲငံပြာရည်၊ ခရုဆီ၊ ငံပြာရည် တို့ကိုထည့်၍ အသားကိုထည့်ကြော်ပါ။
  • အသားကျက်လျှင် ငရုတ်ပွ၊ မုန်လာဥ၊ ပဲပုတ်တို့ကို ထည့်၍ မွှေးလာလျှင် ပဲကြာဇံကို ထည့်ကြော်ပါ။
  • အားလုံးကျက်ပြီဆိုရင် မီးဖိုပေါ်မှချ၍ သုံးဆောင်နိုင်ပါပြီ။
  • ကြိုက်နှစ်သက်က နှမ်းဖြူးကာ စားသုံးနိုင်ပါသည်။

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE