အရပ်ပုသူလေးတွေ YBS ကို အဆင်ပြေပြေစီးနိုင်ဖို့ နည်းလမ်းကောင်းများ

Dusan Petkovic/Shutterstock

ရန်ကုန်မြို့မှာ YBS တွေ စီးရတာ ဘယ်လိုပဲ ကောင်းတယ်ပြောပြော၊ အဲကွန်းနဲ့ဘာနဲ့ အဆင်ပြေတယ် ပြောပြော YBS စီးရတာ အဆင်မပြေတဲ့ သူတွေက သပ်သပ်ရှိနေပါသေးတယ်။

အဲဒါကတော့ ပုံမှန်ထက် မဆိုစလောက်လေး အရပ်ပုသူတွေဖြစ်ပြီး သူတို့ရဲ့ ချစ်စရာကောင်းတဲ့အရပ်လေးဟာ YBS ကားပေါ်က လက်ကိုင်ကွင်းတွေကို ကိုင်ဖို့ အဆင်မပြေ ဖြစ်ကြသူတွေပါ။

ကားကျပ်တဲ့အချိန်တွေမှာဆိုရင် သူတို့ရဲ့အခက်အခဲက ပိုဆိုးတတ်ပြီး ထိုင်ခုံမှာ နေရာတစ်နေရာ ရဖို့ထက် လဲကျမသွားဖို့ လက်ကိုင်ရမယ့်နေရာတစ်ခုကိုသာ အဓိက ရှာဖွေကြရသူတွေပါ။

ကဲ…ဒီနေ့မှာတော့ ချစ်စရာကောင်းတဲ့အရပ်ပိုင်ရှင်လေးတွေ YBS စီးမယ်ဆိုရင် အဆင်အပြေဆုံးဖြစ်မယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

Dusan Petkovic/ShutterStock

(၁)။ ကားအရှေ့ပိုင်းမှာမနေပါနဲ့

များသောအားဖြင့် YBS ကားတွေရဲ့ အရှေ့ဖက်ပိုင်းမှာ လက်ကိုင်ကွင်းအမြင့်တွေသာ ရှိတတ်ကြပြီး ထိုင်ခုံလက်တန်းတွေကို ကိုင်လို့မရတတ်ကြပါဘူး။ ကားရဲ့အလယ် နေရာနဲ့ အနောက်ပိုင်းတွေမှာသာ ထိုင်ခုံလက်တန်းတွေကို လွယ်လွယ်ကူကူ ကိုင်လို့ရနိုင်တာမို့ ကားစီးရင် အနောက်ဖက်ကို တိုးစီးသွားတာက အကောင်းဆုံးပါ။

READ
မိမိမှာ အချိုးကျလှပတဲ့တင်ရှိလား တွက်ချက်နိုင်မယ့် နည်းလမ်း

(၂)။ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင်ထိန်းထားပါ

လက်ကိုင်စရာ နေရာရှာမရသေးဘူးဆိုရင် ခန္ဓာကိုယ် ကို ဟန်ချက်ညီအောင် ထိန်းထားနိုင်ဖို့ အရင်ဆုံး ကြိုးစားပါ။ ဒီလိုမှ မဟုတ်ရင် ကားဘရိတ်အုပ်လိုက်တဲ့အချိန်မှာ လဲကျသွားနိုင်ပြီး ဒဏ်ရာရသွားတာမျိုး ဖြစ်သွားနိုင်ပါတယ်။

Flamingo Images/ShutterStock

(၃)။ လူတိုးရမှာမကြောက်ပါနဲ့

ကိုယ့်ရဲ့အခြေအနေက လက်ကိုင်စရာ နေရာတစ်ခုကို ရမှဖြစ်မယ့်အနေအထားဆိုရင် အဆင်ပြေမယ့်နေရာဆီကို မရောက် ရောက်အောင်သာ သွားပါ။ အရှေ့မှာ ဘယ်လောက်ပဲ ပိတ်နေနေ ရအောင်သာ တိုးပါ။ ဒီလိုမှ မဟုတ်ပဲ ကိုယ်က ရောက်တဲ့နေရာမှာ ရပ်နေမယ်ဆိုရင် အပေါ်ကတန်းကိုလည်းမမှီ၊ ကိုင်စရာလည်းမရှိနဲ့ ဒုက္ခများနေပါလိမ့်မယ်။

(၄)။ ကိုယ့်အရှေ့ကလူကို ခွင့်တောင်းပါ

ကားအရမ်းကျပ်နေတဲ့အချိန် ဘေးက လက်ကိုင်တန်းတွေကိုလည်း ကိုင်လို့မရနိုင်တဲ့အခြေအနေတွေမှာ အကောင်းဆုံးက ကိုယ့်ရဲ့အရှေ့မှာရှိတဲ့သူကို အကူအညီတောင်းဖို့ပါပဲ။ သူ့ရဲ့ အင်္ကျီအစလေးဖြစ်ဖြစ်၊ လွယ်အိတ်ကြိုးလေးဖြစ်ဖြစ် ကိုင်ထားပြီး ဟန်ချက်ကို ထိန်းထားလို့ရပါတယ်။ အဲဒီအတွက် သူ့ကို ခွင့်တောင်းဖို့တော့ လိုတာပေါ့။

READ
ပတ်ဝန်းကျင်မှာ မျက်နှာပွင့်တဲ့သူတစ်ယောက် ဖြစ်စေဖို့နည်းလမ်းများ
Dusan Petkovic/ShutterStock

Linn

SHARE