ကိုယ့်ထက်(၁၀)နှစ်ငယ်တဲ့ကောင်မလေးနဲ့ချစ်သူဖြစ်တဲ့အခါ ပြင်ဆင်ထားရမယ့်အချက်များ

fizkes/Shutterstock

ကိုယ်က အရမ်းတွေ စန်းပွင့်ပြီး ကိုယ့်ထက် (၁၀)နှစ်လောက် ငယ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ ချစ်သူ ဖြစ်သွားပြီဆိုပါစို့…။ ကောင်မလေးက ချစ်စရာလည်း ကောင်း၊ ကိုယ့်ကိုလည်းအရမ်းချစ်၊ အဲဒီလိုဆိုတော့ လုံးဝကို အဆင်ပြေပြီပေါ့။

အဲဒီလိုမျိုးတော့ ကျိန်းသေပေါက်မတွက်ထားပါနဲ့ဦး။ ကိုယ်နဲ့အသက်တော်တော်လေးကွာတဲ့ မိန်းကလေးတစ်ယောက်နဲ့ ချစ်သူဖြစ်ရတယ်ဆိုတာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ကိုယ်က တည်ငြိမ်သူကြီးတစ်ယောက် ဖြစ်နေပေမယ့် ကိုယ့်ကောင်မလေးက ကလေးဆန်လွန်းတာတွေ၊ အမြင်မတူတာတွေ၊ စတဲ့ ပြဿနာတွေ အများကြီးနဲ့ရင်ဆိုင်ရမှာပါ။

ဒီတော့ အဲလို ချစ်သူလေးတစ်ယောက် ရပြီဆိုရင် ဘာတွေ ပြင်ဆင်ထားသင့်သလဲ။ အောက်မှာ တစ်ချက် ဖတ်ကြည့်လိုက်နော်။

Olesya Kuznetsova/Shutterstock
(၁)။ သူ့ရဲ့ကလေးဆန်မှုတွေအတွက် အဆင်သင့်ပြင်ထားပါ

သူက သင့်ထက် (၁၀)နှစ်လောက် ငယ်မှာလေ။ အဲဒီတော့ သင့်ကို ကလေးတစ်ယောက်လို ဆိုးမယ်ဆိုတာ ပြောနေစရာတောင် မလိုတော့ပါဘူး။ ဒီတော့ သူနဲ့ ချစ်သူ ဖြစ်ပြီဆိုကတည်းက သူ့ရဲ့ကလေးဆန်မှုတွေကို နားလည်ပေးနိုင်ဖို့၊ အလိုလိုက်နိုင်ဖို့ ပြင်ဆင်ထားရမှာပါ။

READ
ချစ်သူအပေါ်ဗိုလ်ကျလိုက်ရမှ ကျေနပ်တဲ့ ကလေးဆိုးလေးတွေဆိုတာ ဒီလိုပါ
(၂)။ ပြဿနာဖြစ်တိုင်းအရင်ဆုံးအလျော့ပေးပါ

နှစ်ယောက်ကြားမှာ ပြဿနာ တစ်ခုခု ဖြစ်လာခဲ့မယ်ဆိုရင် ကိုယ်ကပဲ အရင်ဆုံးအလျော့ပေးသူ ဖြစ်ပါစေ။ ကိုယ့်ထက်ငယ်တဲ့ကောင်မလေးကိုလည်း ကြိုက်သေးတယ်၊ ကိုယ်ကလည်း အရင်ဆုံးအလျော့မပေးဘူးဆိုရင် ဘယ်ကောင်းပါ့မလဲ။

Syda Productions/Shutterstock
(၃)။ သူ့ကို အလိုလိုက်ပါ

ဒါကတော့ ပြောနေစရာတောင် လိုမယ်မထင်ပါဘူး။ သင်က သူ့ကို ချစ်တယ်ဆိုတာနဲ့ ဘာမဆို အလိုလိုက်ရတော့မှာပါ။ သူက သွားချင်တယ်ဆို လိုက်ပို့ရမယ်၊ သူက လိုချင်တယ်ဆို ၀ယ်ပေးရမယ်…စသဖြင့် အများကြီးမှ အများကြီး အလိုလိုက်ဖို့သာ ပြင်ထားပေတော့။

(၄)။ သူ့ကိုဂရုစိုက်ပါ

အသက်ငယ်တဲ့ကောင်မလေးတွေက သူတို့ထက် အသက်ကြီးတဲ့သူတွေကို လက်တွဲဖော်အဖြစ်ရွေးကြတယ်ဆိုတာ များသောအားဖြင့် ဂရုစိုက်ခံချင်လို့ပါ။ သူတို့ကို ဂရုစိုက်စေချင်တယ်၊ ကာကွယ်ပေးစေချင်တယ်၊ နွေးနွေးထွေးထွေး ဆက်ဆံစေချင်တယ်။ ဒီတော့ သင့်အနေနဲ့ သူ့ကို ဂရုစိုက်ပေးဖို့ဆိုတာ အရေးအကြီးဆုံးအချက်အဖြစ် ရှိနေပါတယ်နော်။

READ
ချစ်သူအပေါ် အနစ်နာခံပြီးချစ်တတ်တဲ့ ယောက်ျားတွေရဲ့အပြုအမူ (၅)မျိုး
G-Stock Studio/Shutterstock
(၅)။ မချုပ်ခြယ်ပါနဲ့

ဒီအချက်ကလည်းအရေးကြီးပါတယ်။ သင်က သင်ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေအတိုင်း မမှားဖို့၊ ပြဿနာတွေမဖြစ်ဖို့ သူ့ကို တားဆီးမှာ၊ ထိန်းချုပ်မှာဖြစ်ပေမယ့် အဲဒါက သူ့အတွက် ချုပ်ခြယ်တယ်လို့ သူခံစားရပါလိမ့်မယ်။ သူ့ကိုတတ်နိုင်သလောက် လွတ်လွတ်လပ်လပ်နေခွင့်ပေးပါ။ အဲဒါကပဲ သင် သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်း ပြသလိုက်တာပါပဲ။

Linn

 

SHARE