ကမ္ဘာကြီးနဲ့သဟဇာတဖြစ်စေမယ့် Recyclingနည်းလမ်းတွေ အကြောင်း

Nina Fedorova/Shutterstock

New York Cityမြို့က Package Free Shop ဆိုင်ပိုင်ရှင် Lauren Singerဆိုတဲ့အမျိုးသမီးဟာ လူတွေကို စွန့်ပစ်ပစ္စည်းတွေနည်းနိုင်သလောက်နည်းစေမယ့်နည်းလမ်းတွေသုံးပြီး ကမ္ဘာကြီးကိုကယ်တင်ဖို့တောင်းဆိုလိုက်ပါတယ်။ သူမက တောင်းဆိုရုံတင်မဟုတ်ဘဲ သူမကိုယ်တိုင်ကလည်း လွန်ခဲ့တဲ့(၂၀၁၂)ခုနှစ်လောက်ကတည်းက ပစ္စည်းတွေကို recycles ပြန်လုပ်ပြီးသုံးတာ ၊ တစ်ချို့စွန့်ပစ်ပစ္စည်းတွေမြေသြဇာအအဖြစ်ပြန်လုပ်ပြီး၊ အမှိုက်ပုံမှာ ဘာအမှိုက်မှ သွားပစ်စရာမလိုအောင် zero-waste lifestyleနဲ့နေထိုင်လာခဲ့သူဖြစ်ပါတယ်။ သင့်အနေနဲ့လည်းကမ္ဘာကြီးနဲ့ သဟဇာတဖြစ်အောင် ဘယ်လိုအကောင်းဆုံးနည်းလမ်းတွေနဲ့လုပ်ဆောင်သွားသင့်တယ်ဆိုတဲ့အကြောင်းကို သူမကပြောပြပေးထားပါတယ်။

တစ်ခါသုံးပလတ်စတစ်အိတ်တွေသုံးတတ်တဲ့အကျင့်ကိုလျှော့ပါ။

သင့်အနေနဲ့ အများကြီးပြောင်းလဲနေစရာမလိုဘဲ လက်ရှိကိုယ်နေထိုင်မှုပုံစံကို ပြောင်းလဲနိုင်သမျှ ပြောင်းလဲ ပေးတာကလည်း ထိရောက်မှုတစ်ခုပါပဲ။

တကယ်လို့သင် ဈေးဝယ်တဲ့အခါ တစ်ခါသုံး ပလတ်စတစ်အိတ်တွေကို ခနခနအသုံးပြုနေသူဆိုရင် အဲ့ဒီအစား ထပ်တလဲလဲပြန်သုံးလို့ရတဲ့ အိတ်အကြီးတွေ၊ ချည်သားအိတ်တွေကိုအသုံးပြုတာ အကောင်းဆုံးဖြစ်ပါတယ်။ စွန့်ပစ်ပစ္စည်းထိန်းချုပ်ရေးအဖွဲ့ရဲ့ပြောကြားချက်အရ recycling လုပ်ဖို့သူတို့ဆီပြန်လာတဲ့ ပလတ်စတစ်အိတ် အရေအတွက်ဟာ (၁)ရာခိုင်နှုန်းလောက်သာရှိတယ်လို့ ဆိုတာကြောင့် အခုလို အကြာကြီးသုံးလို့ရတဲ့ အိတ်ကြီးတွေကိုသုံးတာက ပိုပြီးသင့်တော်ပါတယ်။

Vikentiy Elizarov/Shutterstock

အလှပြင်ပစ္စည်း ဗူးခွံတွေ ကို လဲလှယ်သုံးပါ။

ပလတ်စတစ်တွေများပြားလာတဲ့အကြောင်းအရင်းတွေထဲမှာ အလှပြင်ပစ္စည်းတွေကလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အလှပြင်ပစ္စည်းတွေအသုံးပြုလို့ကုန်သွားတဲ့အခါ ဗူးခွံတွေက နောက်ဆုံးမှာ အမှိုက်ပုံတွေ၊ ပင်လယ်သမုဒ္ဒရာတွေထဲ အဆုံးသတ်သွားကြပါတယ်။ ဒါကြောင့် သင့်အလှပြင်ပစ္စည်းတွေ ကုန်သွားတဲ့အခါ recyclable packagingနေရာတွေကို ရောင်းတာဖြစ်ဖြစ်၊ ကို့ဘာကို တစ်နေရာမှာ ပြန်အသုံးပြုတာပဲဖြစ်ဖြစ် လုပ်ပါလို့အကြံပေးထားပါတယ်။

 မိမိတကိုယ်ရည်သုံးပစ္စည်းတွေကိုလည်း အတတ်နိုင်ဆုံး လဲလှယ်သုံးစွဲပါ။

တကိုယ်ရည်သုံးပစ္စည်းတွေမှာလည်း ထပ်တလဲလဲ ပြန်သုံးလို့ရနိုင်မယ့် အရာတွေအများကြီးရှိပါတယ်။ ဥပမာ ကော်သွားတိုက်တံလိုနေရာတွေမှာ ခနခနပြန်သုံးလို့ရပြီး ဆွေးလည်းဆွေးမြေ့နိုင်မယ့် ၀ါးသွားပွတ်တံတွေကို အသုံးပြုလို့ရပါတယ်။ဒါက ကနဦးအစ နဲနဲတော့ အခက်အခဲဖြစ်နိုင်ပေမယ့် နောက်ပိုင်းအဆင်ပြေသွားမယ် ထင်ပါတယ်။ အလေအလွင့်အရမ်းဖြစ်နေတဲ့ တကိုယ်ရည်သုံး ပစ္စည်းတွေထဲမှာ လစဉ်သုံးဂွမ်းထုတ်တွေလည်း ပါဝင်နေပါတယ်။ သုံးပြီးစွန့်ပစ်လိုက်တဲ့ အဲဒီပစ္စည်းတွေကလည်း နောက်ဆုံးပင်လယ်သမုဒ္ဒရာတွေ ကမ်းခြေတွေကို ရောက်ရှိသွားကြပါတယ်။ (၂၀၁၅)ခုနှစ် ပင်လယ်သမုဒ္ဒရာထိန်းသိမ်းရေးစစ်တမ်းအရ တစ်ရက်အတွင်း ကမ္ဘာတစ်ဝန်း ကမ်းခြေတွေ၊ သမုဒ္ဒရာတွေမှာ အသုံးပြုပြီး လစဉ်သုံး tamponတွေနဲ့padအရေအတွက် သုံးသောင်းနီးပါးလောက် ရရှိတယ်လို့သိရပါတယ်။ ဒါကြောင့်အမျိုးသမီးတွေအနေနဲ့ တစ်ခါသုံးဂွမ်းထုတ်တွေအစား လျှော်ဖွတ်ပြီး ပြန်သုံး လို့ရမယ့် padတွေကိုသုံးဖို့ အကြံပေးထား ပါတယ်။

Atstock Productions/Shutterstock

မြေသြဇာဖြစ်အောင်လုပ်ပါ

အိမ်တစ်အိမ်မှာ အကြီးမားဆုံးအမှိုက်တွေက အလေအလွင့်အစားအစားတွေပါ။ ဒါပေမယ့် အဲဒီအလေအလွင့် ပုပ်သိုးအစားအစာတွေဟာ မြေသြဇာလုပ်တဲ့နေရာမှာ တော်တော်လေးအထောက်အကူဖြစ်စေပါတယ်။ မြေသြဇာကောင်းရဖို့အတွက် မြေဆီလွှာတွေ၊ သစ်ရွက်ခြောက်တွေနဲ့ ကာဗွန်နဲ့နိုက်ထရိုဂျင်ဓာတ်များတဲ့ အခုလိုပုပ်သိုးအစားအစာတွေက အမှန်တစ်ကယ်လိုအပ်တဲ့အရာတွေဖြစ်ပါတယ်။

S_L/Shutterstock

အစားအစာတွေမှာယူတဲ့အခါ အတတ်နိုင်ဆုံးတောင်းဆိုမှုတွေလုပ်ပါ။

အစားအစားပါဆယ်ဗူးတွေ တဖြေးဖြေးများလာတဲ့အတွက် သင့်ရဲ့စွန့်ပစ်ပစ္စည်းတွေကိုလျှော့ချချင်တယ်ဆိုရင် ဖုန်းဆက်ပြီး အစားအစာမှာယူတတ်တဲ့အကျင့်ကို ဖျောက်ဖို့လိုပါတယ်။ ဒါမှမဟုတ်ရင်လည်း ကိုအော်ဒါမှာတဲ့အခါ ပလတ်စတစ်အိတ်နဲ့မထည့်ဘဲ တစ်ခြားဆီစိမ်ခံစက္ကူအိတ်တို့လို သဟဇာတဖြစ်စေမယ့်ထုတ်ပိုးမှုကို တောင်းခံပါ။ နောက်ပြီး အကြံပေးချင်တာကတော့ ဖုန်းနဲ့ဆက်ပြီး ကိုမှာယူလိုက်တဲ့အစားအစာဟာ ပလတ်စတစ်မဟုတ်ဘဲ ထုတ်ပိုးရလွယ်ကူတဲ့ အရာ ၊နောက်ပြန်သုံးနိုင်တဲ့ခွက်တွေနဲ့ထည့်တဲ့ ကော်ဖီနဲ့အအေးတို့ဆို ပိုမိုကောင်းမွန်ပါတယ်။

Khaing

SHARE