ဖုန်းနဲ့ Electronic ပစ္စည်းများကို အတု၊အစစ် ခွဲခြားနိုင်တဲ့ နည်းလမ်း(၆)မျိုး

ဒီနေ့လို ခေတ်ကြီးမှာ အတုတွေအရမ်းပေါပါတယ်။တစ်ချို့ ပစ္စည်းအတုတွေက ကိုင်ကြည့်၊ထိတွေ့ကြည့်လိုက်ရင် အတု၊အစစ်ခွဲရလွယ် ပါတယ်။ဒါပေမယ့် ဖုန်း အတုလိုဆိုတာမျိုးကတော့ ကိုင်ကြည့်၊စမ်းကြည့်ရုံလောက်နဲ့ သိနိုင်ဖို့ ခက်ခဲ ပါတယ်။ဘယ်လောက်ကောင်းတဲ့ နည်းပညာကို သုံးပြီး တစ်ထေရာတည်း တူေ အာင် အတု ထုတ်ပါစေ မတူတဲ့နေရာကတော့ ရှိနေပါတယ်။အတု၊အစစ်ကို အလွယ်လေးခွဲခြားချင်ရင် သတိထားကြည့်ရမယ့် နေရာတွေကတော့…..

(၁)ထုပ်ပိုးမှုပုံစံ

ပစ္စည်းအတုတော်တော်များများဟာ ထုပ်ပိုးမှုမှာတော့ အားနည်းလေ့ရှိပြီး၊ အစစ်လောက် ကောင်းမွန်သေသပ်အောင် မထုပ်ပိုးတတ်ကြပါဘူး။ဒါကြောင့် အတုအစစ်ခွဲချင်ရင် ထုပ်ပိုးမှုပုံစံကို အရင်ကြည့်ပါ။အပေါ်မှာ နမူနာပြထားတဲ့ ပုံကတော့ iPhone ပုံပါ။ဒီအတိုင်းကြည့်ရင်တော့ မသိသာပေမယ့် သေ ချာကြည့်ရင်  ထုပ်ပိုးထားတဲ့နေရာမှာ သေသပ်မှုမရှိပဲ တွန့်နေတာ ကို တွေ့ရ မှာပါ။တကယ့်ပစ္စည်းအစစ် Brand ကုမ္ပဏီတွေဟာ သူတို့ရဲ့ ထုပ်ပိုးမှုအပေါ် အရမ်းဂရုစိုက်ကြပါတယ်။

(၂)user manual(အသုံးပြုပုံ အညွှန်းစာရွက်)

ဒါကလည်း အတုအစစ်ခွဲချင်ရင် ကြည့်ရမယ့် နေရာတစ်ခုပါ။အဲ့ဒီမှာ သေချာ သတိ ထားကြည့်ရမှာပါ (print quality)နဲ့ Font ပါ။အတုတွေက အသေး စိတ် အထိ လိုက်ဂရုမစိုက်တတ်တာကြောင့် မှင်နဲ့ပရင့်ထုတ်ထားတဲ့ အရည် အသွေးညံ့ပြီးအရောင်မှိန်နေတာ၊အရောင်အရမ်းကြီး တောက်လွန်းတာတွေရှိတတ်ပါတယ်။Font ကိုကြည့်ရင်လည်း သေချာရှင်းရှင်းလင်းလင်း ရေးမထား တာမျိုး ရှိတတ်ပါတယ်။ပုံမှန်အားဖြင့်တော့ ပစ္စည်းထုတ်တဲ့ ကုမ္ပဏီရဲ့ နိုင်ငံက ဘာသာစကားကိုသာ အညွှန်းစာအရွက်မှာ ဖော်ပြထားလေ့ရှိပါတယ်။

READ
လုပ်ဆောင်ချက်အသစ်များစွာပါဝင်လာတဲ့ Samsung Galaxy S8 ရဲ့ဓာတ်ပုံများထွက်ပေါ်

(၃) ရုပ်ဝတ္ထု

ထုပ်ပိုးမှုပုံစံ၊အညွှန်းစာရွက်ကို ကြည့်ပြီးရင်တော့ ပစ္စည်းရဲ့ ပြင်ပရုပ်ဝတ္ထု ကိုေ သချာကြည့်ပါ။ပလတ်စတစ်၊ရာဘာ၊အလူမီနီယံ ဘာကိုပဲ သုံးထား ထား သေ ချာတာကတော့ အကောင်းဆုံးကိုပဲ အစစ်ထုတ်တဲ့ ကုမ္ပဏီတွေက အကောင်း ဆုံးဆိုတာကိုပဲ သုံးမှာပါ။ပလတ်စတစ်ဆိုရင်လည်း ချောမွေ့နေကာ အစင်းရာ အခြစ်ရာတွေ လုံးဝမရှိရပါဘူး။အတုမှာတော့ ဈေးပေါတဲ့ ပလတ်စတစ်ကို သုံးပြီး အလွယ်လုပ်ထားတာကြောင့် မျက်နှာပြင်မှာ ပုံမှန် မဟုတ်တဲ့ အနေအထား တစ်ခုကို တွေ့ရမှာပါ။

(၄)စာလုံး(font)ကိုကြည့်ပါ

ဒီမှာကြည့်ရမယ့် font ကတော့ ပစ္စည်းအပေါ်မှာ ရေးထားတဲ့ Font ပါ။Brand ရဲ့ logo font ကို သေချာကြည့်ရင် Font အားလုံးက အားလုံး အတူတူညီနေရပါမယ်။မူရင်း Original font ကိုက မညီတာမျိုးဆိုရင်တော့ ချွင်းချက်ပါ။Font တွေအားလုံးညီမယ်၊ဖတ်ရလွယ်နေရပါမယ်။နှစ်ထပ်ဖြစ်နေတာ၊၀ါးနေတာမျိုး လုံးဝမဖြစ်ရပါဘူး။

READ
(၂၀၂၀)ခုနှစ်မှာ စတင်အသုံးပြုနိုင်ဖွယ် ရှိနေတဲ့ စွမ်းရည်မြင့် 5G network အကြောင်း

(၅)အားသွင်းတဲ့ခေါင်း(charger)

အားသွင်းကြိုးဆိုရင် ဥရောပအတွက်ဆိုရင် ဥရောပမှာရှိတဲ့ ပလတ်ပေါက်မျိုး အတွက် အထူးရည်ရွယ်ထုတ်ပေးတာမျိုးသာ ဖြစ်သင့်ပါတယ်။တကယ့် ပစ္စည်း မှန် Brand ကထုတ်ထားတဲ့ Charger မှာဆိုရင် အားသွင်းတဲ့ ငုတ်တိုင်လို အချောင်းမှာ အထစ်လေးတစ်ခုပါပါသလို အဲ့ဒီစပ်ကြောင်းမှာ အရောင် က မသိ မသာလေးကွဲနေပါတယ်။အတုမှာဆိုရင်တော့ ပုံမှာပြထားတဲ့ အတိုင်း  တစ် သတ်မှတ်တည်း တစ်ပြေးညီကြီးဖြစ်နေတာကို တွေ့ရမှာပါ။

(၆)အားသွင်းတဲ့ပလပ်နဲ့ဝိုင်ယာ

အသေအချာသတိထားကြည့်ရင် ဒီနေရာမှာလည်း အတုနဲ့အစစ်မတူတာရှိပါ တယ်။ဝိုင်ယာရဲ့အရည်အသွေးဟာ အသိသာဆုံး လက္ခဏာရပ်တစ်ခုပါ။ မူရင်း ပစ္စည်းအစစ်မှာဆိုရင် plugged-in cable က အသေအချာခိုင်မြဲမှုရှိကာ ၊အ တု မှာဆိုရင်တော့  ထောင့်(Angles)တွေမမှန်တာ၊ အစိတ်အပိုင်း တစ်ချို့ က ဖောင်းကြွကြွနဲ့ သေချာမြဲမြံမှုမရှိတာ၊ plug ရဲ့ အရှည်ဟာ ထိုးမယ့် ပလပ်ေ ခါင်းအနက်ထဲကို ထိုးတဲ့ အခါတစ်ထပ်တည်းမကျတာ အဆင် မပြေတာမျိုးကိုေ တွ့ရမှာပါ။ နောက်တစ်ခုက Charger မှာပါတဲ့ သင်္ကေတပါ။အဲ့ဒီမှာပါတဲ့ သင်္ကေတမှာ အတုနဲ့အစစ်မတူတာကို တွေ့ရမှာပါ။ဝိုင်ယာမှာဆိုရင်တော့ အရောင်၊အမှတ်အသားတွေဟာ ဖျက်လို့မလွယ်တာ၊မရတာမျိုးပဲဖြစ်နေရပါမယ်။

Ref;brightside

SHARE